Thursday, February 26, 2009

ကြုံတွှေ့ ခဲ့ရသော အဖြစ်အပျက်လေးတစ်ခု


ကျွန်တော်ဒီနေ့ Tanjong Pagar customer site မှာ ကျွန်တော်တို့ရုံး ရဲ့ software တစ်ခုကို installation သွားလုပ်ပေးရတယ်။

ကျွန်တော် အဲဒီက အပြန်လမ်းမှာစိတ်မကောင်းစရာတစ်ခုကိုတွေ့ခဲ့ပါတယ်။ ကျွန်တော် ဒီနေ့ အဖြစ်အပျက်လေး တစ်ခုကိုအားလုံးကိုဝေမျှချင်ပေးချင်လို့ပါ။

ဆက်ခနဲ ကျွန်တော့် ဘေးနားက ဖြတ်သွားတဲ့ အရာတစ်ခုကို ဖြတ်ကနဲကြည့် လိုက်မိတယ်။ ကျွန်တော် ကြည့်လိုက်မိတော့ သင်္ကန်းရောင်ဖြစ်နေတယ်။

အလောတကြီးနဲ့ တစ်ခုခုလိုက်လာလို့ ပြေးနေရတဲ့ ပုံစံမျိုးပါ။ ဒါနဲ့ပဲ ကျွန်တော် ပုံစံ ကို သတိထားကြည့်လိုက်မိတယ်။

ဆံပင်က ၆ လက်မအရှည်လောက်ရှိတယ်။ မုတ်ဆိတ်မွှေး ထူထူ ၊ ပသိုင်မွှေး အတော်အသင့်၊ မျက်ခုံးထူထူ အသားညိုညို အရပ် ၅ ပေ ၆ လက်မ နီးပါး လောက်ရှိတယ်။

သင်္ကန်းက သမန်တလင်းမှာ လျှက်တိုက် ကြနေတယ်။ ကျွန်တော် အံ့သြလွန်းလို့ တစ်ကိုယ်လုံးတုန်သွားတယ်။ ကွန်တော် ခဏမှင်သက်သွားပြီး သတိရတာနဲ့ ဒီဓာတ်ပုံကို

ရိုက်ကူးလိုက်တယ်။ ကျွန်တော်ရိုက် ကူးလိုက်တဲ့ အချိန်မှာ ဖုန်းကင်မရာလည်းဖြစ် ၊ လက်ကလည်း မငြိမ်တာကြောင့် နည်းနည်း ပုံ က၀ါးနေတယ်။ ဒါပေမဲ့ ခွဲခြားသိရလောက်အောင်တော့ ကြည်လင်ပါတယ်။

မြန်မာ Buddha ဘာသာ ၀င်တိုင်း သိကြတဲ့ အတိုင်း ဘုန်းကြီး တစ်ပါး ရဲ့ ကျင့်ဝတ်နဲ့ ယှဉ်ကြည့် မယ်ဆိုရင် ထိုသူသည် “ လူလား “ , “ဘုန်းကြီးလား ဆိုတာ ” Buddha ဘာသာဝင် အားလုံးရဲ့ စိတ်ထဲမှာ မပြောပဲနဲ့ ရှင်းလင်းပြီးသားဖြစ်လိမ့်မယ်လို့ ကျွန်မယုံကြည်မိပါတယ်။

တစ်ချို့ လူတွေက ပြောကြတယ်။ ဘာသာရေးကို မှီပြီး ဘုန်းကြီးပျက်တွေ အများကြီး ရှိတယ်လို့ ပြောကြတယ်။ ကျွန်မမေးခွန်းတစ်ခုလောက်ပဲ မေးချင်ပါတယ်။

" ဘုန်ကြီးကပျက်တာလား " , "ဘုန်းကြီးအယောင်ဆောင်တဲ့လူတွေက ဖျက်တာလား " ပျက်တာနဲ့ ဖျက်တာ လူတိုင်း ခွဲခြားသိသင့်တယ်လို့ ထင်မိပါတယ်။

1 comment:

  1. ဖြစ်နိုင်တာက မြန်မာဘုန်းကြီးမဟုတ်ပဲ အိန္ဒိယ က ဘုန်းကြီး ဖြစ်ဖို့များပါတယ်။ ဆံပင်ရှည်လဲထားကြပါတယ်။ မုတ်ဆိတ်မွှေးတွေလဲ ရှိတတ်ပါတယ်။ မြန်မာဘုန်းတော်ကြီးတွေ မုတ်ဆိတ်မွှေးထားတာ မတွေ့ဘူးသလာလို့ပါ ဘယ်ဘာသာမဆို ကောင်းတာလုပ်တဲ့ လူရှိသလို ဆိုးတာလုပ်တဲ့လူတွေလဲ တပုံကြီးပါ

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete