Friday, June 19, 2009

မွေးနေ့ ဆုတောင်း


အမေ
ဒီနေ့ ဆိုရင် အမေ ၆၄ နှစ်ပြည့်ပြီနော်။
အမေ ကျန်းမာပါစေ။
ကျနော် အမေ့အတွက် အမှတ်တရ
ကဗျာတစ်ပုဒ်ပဲေ၇းစပ်လိုက်တယ် အမေ။

အမေ့နားမှာ
အမေချစ်တဲ့ သားနဲ့ ခင်ပွန်းမရှိပေမဲ့
စိတ်ဓာတ်ပြင်းထန်တဲ့ တို့အမေစု
အမေချစ်တဲ့ မြန်မာပြည်မှာ
ငါ့တိုင်းပြည် ငါ့လူမျိုးကို
ချစ်တဲ့စိတ် တစ်ခုတည်းကို အရင်းခံပြီး
အမေ့အသက်နဲ့ ထပ်တူ
ဘ၀ကိုရင်း လျှက်
နေလာခဲ့တာ ခုဆို
နှစ်၂၀ တောင်ကျော်ပြီ အမေ။
အာဏာရှင် ဘီလူးမျိုးစုံရဲ့ လက်ထဲမှာ
အမေတစ်ယောက်
ဒုက္ခအလီလီ
ရောက်ခဲ့တာတွေလည်း
ပိန်လှီနေတဲ့ အမေ့ခန္ဓာကိုယ်က
သက်သေပြတယ် အမေ။

ဒါပေမဲ့
အမေ့မျက်ဝန်းထဲမှာ
စူးရှတောက်ပတဲ့ မျက်ဝန်းတစ်စုံနဲ့အတူ
အမေ့ရင်ထဲက
စစ်မှန်တဲ့ သစ္စာတရားနဲ့
မျှော်လင့်ချက် နေရောင်ခြည်ကို
အဝေးရောက် ပြည်သူတွေကော
ကျနော်တို့ကော
တစ်ကမ္ဘာလုံးမှာ နေထိုင်ကြတဲ့
တိုင်းပြည် အသီးသီးက ပုဂ္ဂိုလ်တွေကော
မြင်ရတယ် အမေ။
ဒီဆုတောင်းသံလေးကို
အမေကြားရင် ပျော်ပါစေလို့
တွေးဆလျက်

လေးစားလျက်
သဲသဲ

Wednesday, June 17, 2009

မျှဝေခြင်း

ခုတစ်လော အလုပ်တွေကလည်းများ အကြောင်းမရှိ အကြောင်းရှာ ကျွန်တော်ကတစ်ယောက်တည်းနေပြီး စိတ်ညစ်တတ်တယ်။ အဲဒါနဲ့ ဘလော့ကိုလည်းပြစ်ထားတာကြာပေါ့ ။ဒီနေ့သူငယ်ချင်းတွေအားလုံးအကျိုးရှိစေမယ့် အနှိုင်းမဲ့ဘာဝနာဆိုတဲ့ ရှင်ဆန္ဒာဓိက ရေးထားတဲ့ ဗုဒ္ဓါနုသာတိ ဘာဝနာပွားပုံလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။
---------------------------------------------------------------------------------------
အနှိုင်းမဲ့ ဘာဝနာ

(အရှင်ဆန္ဒာဓိက)


လောကမှာရှိရှိသမျှ သမထဘာဝနာတွေ အားလုံးထဲမှာ ဗုဒ္ဓါနုဿတိဘာဝနာဟာ အနှိုင်းမဲ့ ဘာဝ
နာဖြစ်ပါတယ်၊၊ ဘာဝနာဆိုတဲ့ စကားလုံးက ဖြစ်စေခြင်း၊ တိုးပွားစေခြင်းလို့
အဓိပ္ပာယ်ရပါတယ်။စိတ်ကောင်းစိတ်မြတ်တွေ ဖြစ်ပေါ်လာအောင် ပြုလုပ်တာကို ဘာဝနာလို့ခေါ်ပါတယ်၊၊
စိတ် အစဉ်မှာ စိတ်ကောင်းစိတ်မြတ်တွေတိုးပွားနေပြီဆိုရင် နှုတ်အမူအရာ ၊ကိုယ် အမူအရာမှာလည်းစိတ်ကောင်းစိတ်မြတ်တွေလွှမ်းခြုံနေပါလိမ့်မယ်၊၊

ဗုဒ္ဓါုနုဿတိ ၇ဲ့ အာရုံက ဘုရားအာရုံဖြစ်ပြီး ဘုရားအာရုံဟာ တစ်လောကလုံးမှာရှိရှိသမျှ လောကီအာရုံ
ဖြစ်နေလို့ပါပဲ၊၊အမြတ်ဆုံးအာရုံ ကိုသတိရနေသူ၇ဲ့ စိတ်မှာ အမြတ်ဆုံးဓာတ်တွေကူးစက်ပြီး
အမြတ်ဆုံးကုသိုလ် တွေတိုးပွားနေပါတယ်၊၊အမြတ်ဆုံးကုသိုလ်ကြောင့်အမြတ်ဆုံးကောင်းကျိုးတွေ
မလွဲမသွေ ရရှိနိုင်တာမို့ အမြတ်ဆုံးအာရုံကို အောက်မေ့ဆင်ခြင်ရတဲ့ ဗုဒ္ဓါနုဿတိဘာဝနာဟာ
အမြတ်ဆုံးဘာဝနာဖြစ်ပါတယ်၊၊

“အရဟံ “ လို့ အခေါက်ပေါင်းများစွာ၊ ပုတီးပတ်ပေါင်းများစွာ ရွတ်နေရင်
ကုသိုလ်တော့ရပါလိမ့်မယ်၊၊
ဒါပေမဲ့ .. အရဟံဂုဏ်တော်၇ဲ့ အလားတူအရည်အသွေးမျိုးတော့
ကိုယ့်ဘ၀ထဲကူးစက်မလာနိုင်ပါဘူး၊၊
အရဟံ၇ဲ့ အဓိပ္ပာယ်ကို မသိပဲနဲ့ ပါ သက်သက်ပွားနေရုံနဲ့တော့ မြတ်စွာဘုရားရှင်၇ဲ့
အသင်္ချေအနန္တသော ဘုရားဂုဏ်တော်တွေ၇ဲ့ အနှစ်ချုပ်ကတော့ ဂုဏ်တော် ကိုးပါး ပေါ့၊
ဂုဏ်တော်ကိုးပါး၇ဲ့ လိုရင်း အဓိပ္ပာယ်ကို အကျဉ်းချုပ်ပြောပြပါရစေ၊


အရဟံ - ကိလေသာအညစ်အကြေးတို့မှကင်ဝေးးစင်ကြယ်တော်မူသောမြတ်စွာဘုရား



စိတ်ကိုပူလောင်စေတတ်တဲ့သဘောတွေ စိတ်ကိုညစ်နွမ်းစေတတ်တဲ့ဓာတ်တွေ ကို
ကိလေသာလို့ခေါ်ပါတယ်၊၊ လောဘ ၊မောဟ၊ဒေါသ၊မာန၊ ဣဿ၊ မစ္ဆရိယ…. အစရှိတဲ့
ကိလေသာတွေပါ၊။ မြတ်စွာဘုရားရှင် မှာ အဲဒီ ဓာတ်ဆိုးစိတ်ဆိုး တွေလုံးဝမရှိဘူးဆိုတာကို
ထပ်တလဲလဲ အာရုံပြုနေရင် ကိုယ့်စိတ်လည်းဓာတ်ဆိုးစိတ်ဆိုးတွေတဖြည်းဖြည်းကင်းရှင်းပြီး
စိတ်ကောင်းစိတ်မြတ်၊စိတ်အေးစိတ်သန့်လေးဖြစ်လာနိုင်ပါတယ်၊၊


အရဟံ - ဆိတ်ကွယ်ရာအရပ်၌ ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား



မကောင်းမှုပြုတယ်ဆိုတာ စိတ်မှာကိလေသာရှိလို့ပြုတာပါ၊၊
ကိလေသာမှန်သမျှလုံးဝမရှိတော့တဲ့ မြတ်စွာဘုရားဟာ လူရှေ့မှာရော လူကွယ်ရာမှာပါ၊၊
ဘာမကောင်းမှု့မှ မပြုတော့ပါဘူး၊၊ ဒီဂုဏ်ကို အမြဲသတိရနေတဲ့သူဟာမကောင်းမှု့ပြုမယ်ကြံတိုင်းမှာ
အလိုလို စိတ်တွန့်ဆုတ်ပြီး မကောင်းမှု့ အတော်များများကို ရှောင်ကြဉ်ဖြစ်သွားပါလိမ့်မယ်၊၊



အရဟံ - ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား



ပူဇော်ထိုက်တဲ့ အရည်အချင်းကောင်းတွေရှိလို့ မြတ်စွာဘုရားရှင်ဟာသတ္တ၀ါအားလုံး၇ဲ့ ပူဇော်အထူးကို ခံယူထိုက်ပါတယ်၊၊

သမ္မာသမ္ဗုဒ္ဓေါ-သိစရာအားလုံးတို့ကိုအမှန်အတိုင်းကိုယ်ပိုင်ဥာဏ်ဖြင့်သိတော်မူသောမြတ်စွာဘုရား



အများကသတ်မှတ်ထားတဲ့ပညတ်အရှိသိစရာတွေကိုေ၇ာ ၊သဘာဝအတိုင်းအမြဲမှန်နေတဲ့ပရမတ် အရှိ သိစရာတွေကိုရော ၊သိစရာအားလုံးကိုမြတ်စွာဘုရား သိတော်မူပါတယ်၊၊

မှားမှားယွင်းယွင်းသိတာမဟုတ်ပါဘူး၊၊အမှန်အတိုင်းသိတာပါ၊၊သူများဆီတပည့်ခံပြီးသူများပြောနဲ့သိတာမဟုတ်ပါဘူး၊၊
ကိုယ်ပိုင်ဥာဏ်နဲ့သိတာပါ၊၊ဒီဂုဏ်တော်ကိုပွားများရင် ဥာဏ်ဓာတ်တွေကူးပြီးဥာဏ်ကောင်းလာပါလိမ့်မယ်၊၊ သိစရာမှန်သမျှ အမှန်အတိုင်း သိအောင် ၊ကိုယ်ပိုင်ဥာဏ်နဲ့ သိအောင် လေ့လာချင်တဲ့ စိတ်လည်းထက်သန်လာပါလိမ့်မယ်၊၊



ဝိဇ္ဇာစရဏသမ္ပန္နော - အသိဥာဏ်ရော၊ အကျင့် ပါပြည့်စုံတော်မူသောမြတ်စွာဘုရား



မြတ်စွာဘုရားရှင်ဟာ သိသာသိပြီးမကျင့်တဲ့ သူမဟုတ်ပါဘူး၊ သိလဲသိပြီးကျင့်လည်းကျင့်တဲ့သူပါ၊၊ ဒီဂုဏ်ကိုပွားများပြီးလိုက်နာတဲ့သူဟာ အသိအကျင့်ဘက်စုံမြင့်တဲ့ သူဖြစ်လာနိုင်ပါတယ်၊၊

သုဂတော - ကောင်းသောစကားကိုဆိုတော်မူသောမြတ်စွာဘုရား



မြတ်စွာဘုရားရှင်ဟာ မှန်လည်းမမှန်၊ အကျိုးလည်းမရှိတဲ့ စကားမျိုးလုံးဝမပြောပါဘူး၊၊ မှန်ပေမယ့် အကျိုးမရှိရင်လည်း လုံးဝမပြောပါဘူး၊၊မှန်လည်းမှန် ၊အကျိုးလည်းရှိတဲ့ စကားမျိုးကိုသာ
အခြေအနေအချိန်အခါကြည့်ပြီး ပြောတော်မူပါတယ်၊၊ ဒီဂုဏ်တော်ကိုတကယ်ကြည်ညိုတဲ့ သူဟာဘာစကားပဲပြောပြော မှန်ဖို့နဲ့ အကျိုးရှိဖို့ ကိုအမြဲထည့်သွင်းစဉ်းစားသွားရမှာဖြစ်ပါတယ်၊၊


လောက၀ိဒူ - လောကသုံးပါးကို သိတော်မူသောမြတ်စွာဘုရား



သက်ရှိသတ္တ၀ါဆိုတဲ့ သတ္တလောက ၊သက်မဲ့ ဘုံ ဌာနဆိုတဲ့ သြကာသလောက ၊
ရုပ်နာမ်ပရမတ်ဆိုတဲ့ သင်္ခါရလောက၊ လောကသုံးပါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမှန်သမျှ ကို မြတ်စွာဘုရားနှံနှံစပ်စပ်သိမြင်တော်မူပါတယ်၊၊ဒီဂုဏ်တော်ကိုပွားများရင် လောကအကြောင်း ကောင်းကောင်းသိလာမှာပါ၊၊



အနုတ္တရောပုရိသဒမ္မသာရထိ - ဆုံးမထိုက်သောသတ္တ၀ါတို့ကိုအတုမရှိဆုံးမတော်မူသောမြတ်စွာဘုရား

မြတ်စွာဘုရားရှင်ဟာ အဆုံးအမခံယူမယ့် ပုဂ္ဂိုလ် ရဲ့ လိုအပ်ချက်နဲ့ကွက်တိဖြစ်အောင် အတိအကျ ဆုံးမတော်မူတတ်ပါတယ်၊၊

မကောင်းမှု့ကင်းပရုံ ပဲ ဆုံးမသင့်တဲ့သူကို မကောင်းမှု့ကင်းရုံပဲဆုံးမပြီး ၊ ကောင်းမှု့တိုးရုံပဲ ဆုံးမသင့်တဲ့ သူကိုကောင်းမှု့တိုးရု့ပဲဆုံးမတော်မူပါတယ်၊၊

တရားထူးရသင့်တဲ့ သူကိုတော့ တရားထူးရတဲ့ အထိ ဆုံးမတော်မူတာပါ၊၊ လူတကာကိုတရားထူးမရရအောင် အတင်းဆုံးမတော်မူတတ်တာမဟုတ်ပါဘူး၊၊

ဒီဂုဏ်တော်ကိုပွားရင် သူနေရာနဲ့ သူ ၊သူ အဆင့်နဲ့ သူ အခြေအနေ အချိန် အခါအားလျှော်စွာ အံဝင်ခွင်ကျပြောဆို ဆုံးမတတ်လာပါလိမ့်မယ်၊၊


သတ္တာဒေ၀ါမနု ဿနံ - နတ်လူတို့ဧ၊၊်ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရား



နတ်လူသတ္တ၀ါတို့ ကောင်းရာကောင်းကြောင်းနည်းလမ်းကောင်းတွေညွှန်ကြားပြသပေးတဲ့
အတွက် မြတ်စွာဘုရားရှင်ဟာ နတ်လူသတ္တ၀ါ အားလုံး၇ဲ့ အားအကိုးထိုက်ဆုံးဆရာတစ်ဆူဖြစ်တော်မူပါတယ်၊၊ ဒီဂုဏ်၇ဲ့ အစွမ်းသတ္တိကြောင့် အများအကျိုးကိုရှေ့တန်းကနေ ဦးဆောင်သယ်ပိုးနိုင်တဲ့ သူဖြစ်လာပါလိမ့်မယ်၊၊


ဗုဒ္ဓေါ - သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိတော်မူ
သူတစ်ပါးတို့လည်းသိအောင်ဟောကြားတော်မူသောမြတ်စွာဘုရား



ဆင်းရဲ အမှန်ဆိုတဲ့ ဒုက္ခသစ္စာ၊ ဆင်းရဲကြောင်းအမှန်ဆိုတဲ့ သမုဒယသစ္စာ၊

ဆင်း၇ဲချုပ်ရာအမှန်ဆိုတဲ့ နိရောဓသစ္စာ၊

ဆင်း၇ဲချုပ်ရာလမ်းကြောင်းအမှန်ဆိုတဲ့မဂ္ဂသစ္စာ၊ သစ္စာလေးပါးကိုမြတ်စွာဘုရားရှင် ဟာ ကိုယ်တိုင်သိရုံမက သူတစ်ပါးကိုလည်းသိအောင်ဟောစွမ်းနိုင်ပါတယ်၊၊

ဒီဂုဏ်တော်ကိုပွားများရင် အမှန်တရားကို သိပြီး အမှန်တရားကို
ဖြန့်ဝေတတ်လာပါလိမ့်မယ်၊၊



ဘဂ၀ါ -
ဘုန်းတော်ခြောက်ပါး နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား



မိမိစိတ်ကိုရော၊တစ်လောကလုံးပါ အစိုးရတဲ့ ဣဿရိယ ဘုန်းတော်၊ မဂ်ဖိုလ်
နိဗ္ဗာန် တရားနဲ့ ပြည့်စုံတဲ့ ဓမ္မဘုန်းတော် ၊များပြားသောအခြံအရံ
၊ပျံနှံသောအကျော်အစောနဲ့ ပြည့်စုံတဲ့ ယသဘုန်းတော်၊
အတုမရှိသောကျက်သရေတော်နဲ့ ပြည့်စုံတဲ့ သိရီဘုန်းတော်၊

လိုအင်ဆန္ဒ တောင့်တမှုမှန်သမျှပြည့်ဝတဲ့ ကာမဘုန်းတော်၊

အတုမရှိသော လုံလ၀ိရီယနဲ့ ပြည့်စုံတဲ့ ပယတ္တဘုန်းတော်၊

ဘုန်းတော်ခြောက်ပါးနဲ့ မြတ်စွာဘုရားပြည့်စုံတော်မူပါတယ်၊၊

ဒီဂုဏ်တော်ကိုပွားများရင် ကိုယ်ကံ က ကိုယ့်ဥာဏ်နဲ့ ထိုက်တန်တဲ့ဘုန်းတန်ခိုးခြောက်မျိုးပွားတိုးနိုင်ပါတယ်၊၊

တကယ်တော့ ဘယ်ဂုဏ်တော်ကိုပဲပွားများများဘယ်လိုကောင်းကျိုးကိုမဆိုရနိုင်တာချည်းပါပဲ၊၊

ကိုယ့် အနှစ်သက်ဆုံးဂုဏ်တော် တစ်ခုကို သေချာစွဲစွဲမြဲမြဲ ပွားများရုံနဲ့လည်း တခြားဂုဏ်တော်တွေ၇ဲ့ ဓာတ်သတ္တိတွေ ကူးစက်ပြည့်စုံလာနိုင်ပါတယ်၊၊

ဘုရားဂုဏ်တော်တွေ ကို တကယ်ပီပီပြင်ပြင်ပွားရင်စိတ်ဟာ အမြဲကြည်လင်အေးချမ်းနေစေပါတယ်၊၊
အံသြဖွယ် ကုသိုလ်တွေ တိုးပွားလာတာမို့ဂုဏ်တော်ပွားသူတိုင်း ပစ္စုန်ပ္ပန်
မှာရော ၊သံသရာမှာပါ ထူးခြားဆန်းကြယ် အံသြဖွယ်ကောင်းတဲ့ ကောင်းကျိုး ချမ်းသာတွေအလျှံပယ် ရရှိနိုင်ပါတယ်၊၊


ဗုဒ္ဓါုနုဿတိဘာဝနာ ဟာ ဘာဝနာအားလုံး၇ဲ့ ထိပ်ခေါင်တင်အနှိုင်းမဲ့ဘာဝနာဖြစ်ပါတယ်၊၊ လူသားတိုင်းလူသားတိုင်း သီးခြားဘုရားရှင်ရှေ့တော်မှာထိုင်ရင်းနဲ့ပဲဖြစ်စေ၊

သွားရင်းလာရင်း ၊လုပ်ရင်းကိုင်ရင်း ၊ပြောဆိုရင်း ၊စားရင်း စွန့်ရင်း နဲ့ပဲဖြစ်ဖြစ် အမြဲမပြတ် ဗုဒ္ဓါနုဿတိဘာဝနာ ဆိုတဲ့ အနှိုင်းမဲ့ ဘာဝနာ ကိုပွားများအားထုတ် ကုသိုလ်ယူနိုင်ကျပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်၊၊

Saturday, June 13, 2009

ခံစားချက် နဲ့ဖြစ်တည်မှု

ချစ်သူ
ငါတွေးနေရက်နဲ့
မင်းငါ့အနားမှာ မရှိပါဘူး

ချစ်သူ
ငါ လွမ်းနေရက်နဲ့
မင်းငါ့ အလွမ်းတွေ မသိနိုင်ဘူး။

သံယောဇဉ်
ဖြစ်တည်မှုမရှိတဲ့
အချစ် ဆိုတာ
မင်းနဲ့ငါ့ အချစ်ပါပဲလား။

ဝေးကွာသွားပေမဲ့
မင်းရှိတဲ့ နေရာ ကို
ငါလွမ်းနေတယ် ဆိုတာကို
မင်းမသိနိုင်ဘူးး ။

ခံစားချက်ကို
ရင်ဖွင့်ပြလို့
လူတွေ ရယ်ချင်ရယ်မယ်
ဟန်ဆောင်ကာတော့ ငါ ပြုံးရယ်တတ်ဘူး။
ငါ့ ဘ၀ကတော့
ခံစားချက် နဲ့ဖြစ်တည်မှု တစ်ခု။

စက်ရုပ်တွေမဟုတ်တဲ့
လူတွေရဲ့ နှလုံးသားလေ
ရှင်သန်နေတဲ့ ငါ့ ဘ၀ထဲမှာ
မင်းနဲ့ငါ့ အချစ်ဇာတ်လမ်း က
ဓာတ်ပုံဟောင်းတစ်ချပ်လိုပဲ
အရာရာ မှုန်ဝါးသွားခြဲ့ပီ။

ချစ်သူရယ်
မခွဲမခွာ ချစ်ဖို့
ဆုတောင်း ခဲ့တာ ငါ့ အပြစ်တစ်ခုပဲလား။
လွမ်းကျန်ရစ်တဲ့
ငါ့ နှလုံးသားမှာ
ဒဏ်ရာများနဲ့ပါ။

ချစ်သူေ၇
မင်းနဲ့ငါ စတွေ့ကတည်းက
မင်းရဲ့ပုံတူကို
ငါ့နှလုံးသားထဲမှာ ရေးဆွဲခဲ့တာ
ဒီနေ့ ဆိုရင်
တစ်နှစ်ပြည့်ခါနီးပြီ။

ဒီချိန်မှာ
ကဗျာရေးရင်း
အိပ်မောကျနေတဲ့ ကျွန်တော့်နှလုံးသားကို
တစ်ခါ ကလှုပ် နှိုးပေးခဲ့တဲ
ကျနော့်ချစ် သူ ဆီကလာတဲ့
စကားသံချိုချိုကို
ရင်နဲ့အမျှ
မျှော် လင့်နေပါတယ်။

လေးစားလျက်
သဲသဲ
ဘာမဟုတ် ညာမဟုတ် ခံစားချက်လေးတွေကို အားလုံးသော ဘလော့ အကိုအမ များနှင့် လာလည်သော သူငယ်ချင်းမိတ်ဆွေများ ဖတ်ရင်း comment ပေးနိုင်ပါတယ် ။ အဟိ








Thursday, June 11, 2009

သူရယ် ကိုယ်ရယ် ချစ်သူရယ်

ရေးသင့်မရေးသင့်
တွေးစနေတဲ့ ကဗျာတစ်ပုဒ်
ထွက်ပေါ်လာတဲ့ နှလုံးသားစကားသံစဉ်တစ်ခုနှင့်အတူ
ဒီစာကိုလွမ်းချင်းအနေနဲ့
နှုတ်ဆက်တယ်ချစ်သူ

ကျနော့်မမဆီ လည်လည်သွားတဲ့
တစ်နေ့ပေါ့
ကျနော်သူနဲ့အတူစီးနေကျ
ဘတ်စ်ကားမှတ်တိုင်
တစ်ခုကို
မှတ်မှတ်ရရ
ဖြတ်ကျော်ခဲ့တယ်

ဒီချိန်မှာ
သိလိုက်ရတယ်
ကျနော့်ဘေးနားမှာ
ချစ်တဲ့ သူမရှိတော့ဘူးရယ်

ကျနော့်မျက်ဝန်းထဲမှာ
ချစ်သူ့ပုံရိပ် ဖော်ကြည့်တော့
ကျနော့်ချစ်သူ စကားသံလေးတွေ
ကြားယောင်လာတယ်။

မင်းမသိတဲ့ ငါ့အချစ်တွေ
ငါ့နှလုံးသားတစ်နေရာမှာ
့အရင်လိုပဲရှိနေတာပါလား။


ဒီတစ်ခါတော့
ကျနော်တစ်ယောက်ထဲပဲပေါ့
မှတ်တိုင်တွေရောက်တိုင်း
သူပြောခဲ့တဲ့
စကားပုံရိပ်တွေကို မြင်ယောင်ကာရယ်
သတိတရ လွမ်းနေတယ်။

မှတ်မှတ်ရရ
အဲဒီတုန်းက သူဘလော့စရေးတယ်
ကွန်မန့်တွေရလို့
သူအပျော်ကြီးပျော်ခဲ့ဖူးရဲ့
အဲဒီအကြောင်းတွေကိုလည်း
ကျနော့်ကို ပြောပြရှာတယ်။

ကျနော့်ရှေ့မှာ ဘလော့အတွက်
ကဗျာတစ်ပုဒ် ရေးမယ်လုပ်တုန်း
ရှက်ပြုံးပြုံး ပြီးပြောရှာတယ်
"အိမ်ကျမှ ကိုယ်ရေးတော့မယ်တဲ့"။

သူ့ရှက်ပြုံးလေးနဲ့အတူ
ကျနော်လည်း ပြုံးလာတယ်။
ခုလည်းပဲ
ဒီကဗျာရေးရင်
သူ့အပြုံးလေးကို
မြင်ယောင်ရင်း ကျွန်တော်လည်း
ပြုံးနေတယ်။

ခံစားရခက်တဲ့
ဝေဒနာတစ်ခုကို
ထမ်းပိုးရင်း
မင်းအပြုံးကို အခါခါမြင်ယောင်လို့
အချိန်တွေ နာရီတွေ နေ့ရက်တွေ
လတွေက
တဖြည်းဖြည်းနဲ့ ကျော်လွန်သွားတယ်။

ကြင်နာတတ်တဲ့
ငါ့ချစ်သူမင်းတစ်ယောက်အပေါ်
လွမ်းဆွတ်တဲ့ စိတ်တွေကို
အချိန်တွေ နာရီတွေ နေ့ရက်တွေနဲ့ အတူ
ကျနော့်ဘ၀မှာ ဖြတ်ကျော်သွားမှာ
မလိုလားပါဘူး
ချစ်သူရယ်

လေးစားလျက်
သဲသဲ

Wednesday, June 10, 2009

တွေးမိတာလေးတွေ အပိုင်း(၁)

(၁)တစ်ယောက်ထဲနေတာကောင်းလား?
(၂)အများနဲ့နေတာကောင်းလား?
(၃)ကိုယ့်အပေါ်ချစ်ခင်လေးစားတဲ့ သူငယ်ချင်းတွေနဲ့နေတာကောင်းလား?
(၄)ကိုယ့်ဘ၀လက်တွဲဖော် ချစ်သူနဲ့နေတာကောင်းလား?
(၅)ကိုယ့်မိဘဆွေမျိုး အသိုင်းအ၀ိုင်းတွေနဲ့နေတာကောင်းလား?

ကျွန်တော်ကတော့ အဲဒီအပေါ်က ငါးမျိုးထဲက နံပါတ်(၁)ရယ် (၃) ရယ် (၅)ရယ် ကိုပဲရွေးပါတယ်ဗျာ။ ဘလော့ reader တွေတော့ဘာရွေးမယ်တော့ ကျွန်တော်မသိ။

ကျွန်တော့်သဘောကတော့ ၁ ယောက်ထဲနေတာကိုယ်လုပ်စရာရှိတဲ့ ကိစ္စတွေကို ပြီးစီးအောင်လုပ်ဖြစ်တယ်။ မနှောင့်နှေးဘူးလေ။ အထူးသဖြင့် အလုပ်ကိစ္စ၊ အိမ်မှုကိစ္စ(အ၀တ်လျှော်၊ ထမင်းချက်ပြောတာနော်) တစ်မျိုးမထင်နဲ့နော်၊ ပညာရေးလေ့လာမှုကိစ္စ၊ တရားထိုင်ပုတီးစိတ်တဲ့ ကိစ္စတွေအပါအ၀င်ရောပေါ့။ သူများနဲ့ ရောသွားရင် တစ်ယောက်ထဲနေတဲ့ စိတ်ငြိမ်အေးချမ်းမှုမျိုး အလုပ်ဖြစ်မြောက်မှုမျိုးမရှိတော့ဘူး။ တစ်ခါတစ်လေ တစ်ယောက်ထဲလုပ်လို့ မပြီးမြောက်တဲ့အလုပ်တွေက လွဲရင်ပေါ့လေ (softwareေ၇းတဲ့အလုပ်လိုမျိုး)

နံပါတ် ၃ လေးကတော့ ကျွန်တော့်ဘ၀အတွက် မရှိမဖြစ်လိုအပ်ချက်လေ။ ကျွန်တော်လည်းလူသားပဲ အပြစ်အနာအဆာတွေ စိတ်ထိခိုက်မှုတွေ ၊ စိတ်ဆင်းရဲမှုတွေ၊ ၀မ်းနည်းစရာတွေ ၊ ပူပင်သောကတွေ အများကြီးရှိခဲ့ပါတယ်။ အဲဒီလို အခါမျိုးမှာ ကျွန်တော်တို့လိုရေခြားမြေခြားမှာ အလုပ်လာလုပ်နေရတဲ့သူတွေအဖို့ မိတ်ကောင်းဆွေကောင်းဆိုတာ မရှိမဖြစ်လိုအပ်တယ်လေ။

နံပါတ် ၅ ကတော့ ကျွန်တော့်မိဘအရိပ်ကတော့ ကျွန်တော့် ဘ၀အတွက်အလုံခြုံဆုံး အအေးချမ်းဆုံးနေရာပေါ့ ။ ငယ်ငယ်ကဆိုကျွန်တော် ဘယ်နေရာကပဲပြန်ရောက်ရောက် ကျွန်တော့်အမေနဲ့အဖေ ကို အိမ်မှာလိုက်ရှာနေရော။ အမေနဲ့ အဖေကိုတွေ့ရင် မောတာတွေလည်း နည်းနည်းပျောက်သွားသလိုပဲ။ အမေနဲ့ အဖေရဲ့ မေတ္တာကကျွန်တော့်ကို ရောင်ပြန်ဟပ်တာကို။

ဒီလိုနဲ့ နံပါတ်(၂)အချက်ကို ဆက်ဦးမယ်။ အများနဲ့နေတာကို ကျွန်တော်ဘာလို့သိပ်မနှစ်သက်လဲဆိုတဲ့ အကြောင်းက ငယ်ငယ်ကတည်းက ကျွန်တော်ကလူကြောက်တယ်။ ၉ တန်း ၁၀တန်းထိ အပြင်လူတွေနဲ့ သိပ်ရောရောဝင်စကားပြောလေ့ပြောထမရှိဘူး။ ပြီးတော့ ကျွန်တော့်ရဲ့မသိတတ်မှုတစ်ခုက လူတွေနဲ့ စကားပြောတဲ့အခါကြရင် လူတွေရဲ့အလိုက်အထိုက်ကို ကျွန်တော်မသိတတ်ဘူး။ ကိုယ့်ကိုဘယ်လူမျိုးက ဘယ်လိုစကားပြောရင် ဘယ်လိုအဓိပ္ပယ်မျိုးနဲ့ ဘာကိုဆိုလိုပြီးပြောချင်တယ်ဆိုတာ ကျွန်တော် တော်တော်သဘောမပေါက်တဲ့အရာတွေပေါ့ ။ အဲဒါကြောင့်ပဲ တစ်ခါတစ်ရံ ကျွန်တော့်ဆုံးဖြတ်ချက်တွေ လွဲတတ်တယ်။ ကျွန်တော် စေတနာနဲ့ လုပ်ပေးတဲ့ ကိစ္စတွေက အပြောမတတ်တော့ အဝေရာ (ဝေဒနာ) ဖြစ်သွားရော။ ခုလည်းကျွန်တော် လောကကြီးထဲမှာ လူမှုပေါင်းသင်းဆက်ဆံရေးပညာတွေကို သင်ယူဆဲပါ။ ဒါပေမဲ့ ကျွန်တော် အများကြားထဲမှာ လိုက်လျောညီထွေဖြစ်အောင် မနေတတ်သေးတာတော့ အသေအချာပါ။ ကြိုးစားပြီးသင်ယုရပါဦးမယ်။

နံပါတ်(၄)အချက်ကတော့ ဆိုင်းထီးစိုင် သီချင်းထဲက နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်လို့ပဲ ပြောရမလားမသိဘူး။ ကျွန်တော့်တစ်သက်မှာ ကျွန်တော်ကို တကယ်ချစ်တဲ့လူနဲ့ မတွေ့ဘူးဘူးရယ်။ ချစ်ပါတယ်လို့ပြောခဲ့တဲ့လူတွေကလည်း ကျွန်တော့်ကို ကြိုက်သွားကြတာပါဗျာ။ ချစ်သွားကြတာမဟုတ်ပါဘူး။အဲဒီ ကြိုက်တယ့်လူတွေက သူတို့တကယ်ချစ်တဲ့သူ (သို့)ကျွန်တော့်ထက်ပိုပြီးကြိုက်ရမယ့်လူတွေ့ ရင် နောက်တယောက် ကို ပြောင်းသွားတတ်ကြတာလေ။ အဲဒါကြောင့်ကျွန်တော့်ဘ၀မှာ အဲဒီအချစ်ကိစ္စကိုလည်းတော်တြော်ကီးကို လေးလေးနက်နက် မထားချင်တော့ပါဘူး။ အချိန်တန်ရင်တော့ အိမ်ကလည်းသဘောတူ ကျွန်တော်လည်းချစ်မယ်ဆိုရင် စဉ်းစားဖြစ်မယ်လို့ထင်တာပါပဲ။


နောက်တစ်ချက်ကတော့ ရေးမပြဘဲနဲ့ တွေးမိတာလေးပါ။ ကျွန်တော်ကတော့ လူတစ်ယောက်ကို တကယ်ချစ်ဖူးလို့လားမသိဘူး။ တော်တော်လေးလွမ်းလွမ်းဆွေးဆွေးခံစားဖူးတယ်။ အဲဒီတော့ ပြောချင်တာက

လူတစ်ယောက်ကိုချစ်မိပြီဆိုရင်လည်း အရမ်းကြီးစိတ်ထဲမှာပုံစံချမထားနဲ့ပေါ့ဗျာ။ ကိုယ့်စိတ်ထဲမှာ ကိုယ့်ချစ်သူနဲ့ နောက်ဘ၀ခရီးကို အတူလက်တွဲပြီး ဘယ်လိုရှေ့ဆက်မယ်လို့ ပုံစံချပြီးမှ အမျိုးမျိုးသောအကြောင်းအရာ၊ မတိုက်ဆိုင်မှုများ၊ ပတ်ဝန်းကျင်အခြေအနေ ကလက်မခံနိုင်သော အကြောင်းအရာများကြောင့် ချစ်လျက်နဲ့ကွဲသွားကြတဲ့ ချစ်သူတွေလည်းတစ်ပုံကြီးလေ။

စိတ်ထဲမှာ ပုံစံချလိုက်ပြီဆိုတာနဲ့ ပုံစံချတဲ့အတိုင်း မဖြစ်လာကြရင် စိတ်ဆိုးဒေါသထွက်ခြင်း၊ ၀မ်းနည်းပူဆွေးရခြင်း၊ သောကဗျာပါဒ များခြင်းဆိုတာတွေက တသီတတန်းကြီးလိုက်လာတတ်ကြတာ လေ။

နောက်တစ်ခုကတော့ ပြောရင်းနဲ့ နည်းနည်းတောင်ဇာတ်လမ်းရှည်သွားပြီ။

ကျွန်တော်တို့တွေရဲ့ နိုင်ငံခြားကိုအထင်ကြီးတဲ့ရောဂါ။ ကျွန်တော်လည်းငယ်ငယ်တုန်းက ဘာဆိုဘာမှ မသိခင်အချိန်တုန်းက အဲလိုပဲ အထင်ကြီးပါတယ်။ ဒီနိုင်ငံခြားကိုရောက်ရင် ကျွန်တော်တို့ လူနေမှုအဆင့်အတန်းတွေမြင့်လာမယ်။ ကျွန်တော့်မိဘကို ကျွန်တော်ကျေးဇူဆပ်နိုင်မယ်ပေါ့။ တစ်ခါတစ်လေကျရင် အထင်ဆိုတာ အမြင်နဲ့တကယ်ကွာခြားမှုရှိပါတယ်။ ကျွန်တော်တို့ခုဒီစလုံးလို နေရာမျိုးမှာအလုပ်လုပ်ရတယ်ဆိုတာ ကျွန်တော်တို့ကသူတို့အနေနဲ့ ကြည့်ရင် နိုင်ငံခြားသားလေ။ အဲဒီတော့ လူမျိုးရေးခွဲခြားမှုအရမ်းကွာဟမှုရှိပါတယ်။ ဒါတောင် ကျွန်တော်တို့ မြန်မာတွေကိုယ်တိုင်က Technical strong ဖြစ်လွန်းအားကြီးလို့ ဒင်းစလုံးက စလုံးသူ၊ စလုံးသားတွေက နေရာပေးပြီး အလုပ်တွေကိုstress မျိုးစုံနဲ့ကျွန်တော်တို့ ကို ခိုင်းပါတယ်။

ကျွန်တော်ပထမအလုပ်စလုပ်တုန်းက ဆိုရင် server migration project အလုပ်မိုလို့၃ညစလုံးဆက်တိုက် မအိပ်ရပဲ အစားစားပြီးဆက်တိုက်လုပ်ခဲ့ရတယ်။ အဲလိုမှမလုပ်ရင် ဒီကစလုံးတွေရဲ့ တနင်္ဂလာနေ့မနက်ရုံးတက်လို့ ရုံးမှာ email server များမရဘူးဆိုရင် complaint တွေတမျိုးပြီးတစ်မျိုးလာပြီး ဆူညံပွက်လောရိုက်နေမယ့်ဖြစ်ချင်း။ ပြီးရင် ရန်ကုန်ကတစ်ချို့ လူတွေက ဖုန်းဆက်ပြီးမေးတာရှိသေးတယ်။ ဘယ်လောက်ရလဲတဲ့ ။ကျွန်တော်အဲဒီမေးခွန်းမျိုးကို အမုန်းဆုံးပဲ။ သူတို့ကို ကျွန်တော်မပြောပြချင်ဘူး။ တစ်ခါတစ်လေကျရင် သူကကိုယ်ခင်တဲ့လူ ကိုယ်ကမပြောပြရင် ဒါလေးတောင်မပြောပြချင်ဘူးဖြစ်မယ်။
သူတို့ကသိတာက အသားတင်လစာ။

ကျွန်တော်တို့မှာက တလပြီးတစ်လ လကုန်လို့ အိမ်လခ၊ ဖုန်းလခ၊ အင်တာနက်ခ။ ပေးပြီးလို့ အိမ်ကိုပို့မယ့် ပိုက်ဆံလေးကိုသွားလွှဲလိုက်ပြီ ဆိုတာနဲ့ ကျန်တဲ့ပိုက်ဆံလေးနဲ့ တစ်လလုံးလောက်လောက်ငှငှ သုံးရဖို့ကို တော်တော်ကြည့်နေ ကြည့်ထိုင်ရပါတယ်ဗျာ။ကျွန်တော် ဆိုနေမကောင်းတောင် အရမ်းအကြီးအကျယ်မဖြစ်ရဲဘူး။ ဖြစ်လည်း ရန်ကုန်ကကျွန်တော့်မေမေပေးတဲ့ ဆေးကိုသောက်ပြီး ဒီတိုင်း ကျိတ်မှိတ်နေလိုက်တာပါပဲ။ အလိုနေလွန်းအားကြီးလို့ ခုလေ ကျွန်တော်ပုံကလည်းဝခြမ်းပြားနဲ့ နင်လားငါလားပဲ။ ဒါကြောင့်ကျွန်တော်ပြောချင်တာက ဒီနိုင်ငံခြားဆိုတာက ဒီမှာလုပ်တာကြာရင် သူများခိုင်းဖတ်ပဲဖြစ်မှာ။ ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ပိုင်စိးပွားရေးလေးမှ မလုပ်နိုင်ရင် ရရစားစားလခစားသမားလိုပါပဲ။ အဲလိုဖြစ်နေတာ ကျွန်တော်တယောက်တည်းလဲမဟုတ်ပါဘူး ။ စင်ကာပူမှာအလုပ်လာလုပ်နေသူတွေအားလုံးကြုံတွေ့ကြတဲ့ လူမှုဒုက္ခအ၀၀ပါ။

စင်ကာပူမှာနေရတဲ့ ကျွန်တော်တို့တွေ မိဘဆွေမျိုးတွေကြည့်ရှုပြောဆိုခံရတဲ့ မေတ္တာငတ်ပါတယ်။ အလုပ်မအားတော့ ကိုယ်ခင်မင်တဲ့သူငယ်ချင်းတွေတောင်မှ တစ်လတစ်ခေါက်တွေ့ဖို့ဆိုတာ စိတ်ကူးသက်သက်ရယ်ပါ၊
ကျွန်တော့်အရေးအသားများကြောင့် တစ်ဦးတစ်ယောက်သောသူများ စိတ်ဆိုးစိတ်ပျက် စိတ်အနှောင့်အယှက် ဖြစ်မှုများရှိရင် ခွင့်လွှတ်ပါ။

လေးစားလျက်
သဲသဲ

Sunday, June 7, 2009

အမှတ်တရ နေ့ရက်လေးများ

ဒီနေ့ က တနင်္ဂနွေနေ့လေ ကျွန်တော်တို့သူငယ်ချင်း တေဇာ လခတိုးတဲ့ အထိန်းအမှတ်အနေနဲ့ ကျွန်တော်တို့ ပင်နီဆူလာပလာဇာမှာ ၀ါးတီးလေးသွားဆွဲကြတယ်။ ကျွန်တောရယ် ၊သဉ္ဖာရယ် ၊ မသင်းသင်းဦးရယ်၊ အကျွေးအမွေး ဒါယာကာရှင် တေဇာရယ်၊ ပြည့်ဖြိုး ရယ် ကျွန်တော်တို့ ငါးယောက် မနက်ဆောဆောစီးစီး ၁၁ နာ၇ီ လောက်မှာ oriental house စားသောက်ဆိုင်မှာ ၀ါးတီးဖွင့်တယ်။

ဒါကျွန်တော်တို့ ရဲ့ ပုံလေးတွေပါ။ ကျွန်တော်တို့ second year တုန်းက ucsy မှာ တခုံတည်းထိုင်ခဲ့တဲ့ သူငယ်ချင်းသုံးကောင် စလုံး(ကျွန်တော် သဲသဲ ၊ ပြည့်ဖြိုး ရယ် ၊ သဉ္ဇာ ရယ်) ဒီမှာ ပဲပြန်ဆုံကြတယ်။ ပြည့်ဖြိုးက စာသမား ပေသမားဆိုတော့ ဒင်းက NUS ကျောင်းမှာ master တက်နေတယ်။ ကျွန်တော်နဲ့ သဉ္ဖာနဲ့ ကဘ၀သမားလေးတွေဆိုတော့ ကြုံရာကျပန်း သဉ္ဇာက net admin လေးလုပ် ၊ ကျွန်တော်က system eng လေးလုပ်ပြီး မပျက်သော server တွေကို ပျက်အောင်လိုက်ဖျက်ရင်း ကိုယ့်ဘ၀ကိုယ်ရုံးနေပါတယ်ဗျာ။ တေဇာကတော့ acad ပညာရှင်။ အကပ်ကောင်း တယ်။ အဟိစတာနော်။


အနီရောင်လေးက ကျွန်တော် သဲသဲ ၊ ကျွန်တော့်ဘေးနားက ပြည့်ဖြိုး ၊ အဖြူရောင်လေးက သဉ္ဖာ ၊ သဉ္ဇာဘေးနားက အလှူ့ရှင်တေဇာ၊ ဒါနဲ့စကားမစပ်ကြော်ငြာဝင်လိုက်မယ် ၊ ကျွန်တော်ကအချောဆုံး နော်သူငယ်ချင်းတွေထဲမှာ ဟုတ်တယ်ဟုတ်။
မဟုတ်လဲ ဟုတ်ရမယ်လေ အဟိ ဒီမှာ ကြည့် နောက်တစ်ပုံ။




အဲဒါပြီးတော့ ကျွန်တော်တို့ လည်းမရပ်သေးပဲနဲ့ Blood: The Last Vampire ကားလေးကို Vivo city အေ၇ာက်သွားပြီး ကြည့်ကြတယ်။ ဟိုတစ်ကောင် ပြည့်ဖြိုးကတော့ သူ့ကောင်မလေးခေါ်လို့ တစ်ချိုးတည်း ပြေးလေရဲ့။ အဲဒီတော့ ကျွန်တော်တို့လေးယောက်ပဲကျန်ခဲ့တယ်။ ဒီမှာ နှိပ်ပြီး trailer လေးကြည့်လို့ရတယ် ဗျာ။ကျွန်တော်တို့ သူငယ်ချင်းတွေကြည့်ခဲ့တဲ့ကားပေါ့။ ရုပ်ရှင် ရုံထဲမှာ တေဇာတစ်ကောင်က လေ တစ်ခြား movie တစ်ကားကို အစမ်းပြနေတုန်း အားလုံးကငြိမ်ပြီးကြည့်နေတဲ့ အချိန်မှာ တေဇာက အတင်းထပြီးကုန်းအော်တယ် အော် အဲဒါကြော်ငြာဝင်တာတဲ့ အဲဒီအသံကကျွန်တောတို့အားလုံး တိတ်သွားတဲ့အချိန်မှာ တေဇာ ကထအော်တော့ အားလုံးက၀ိုင်းပြီးတော့ ဟားလိုက်ကြသေးတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ အမပါ။



အဲဒီအမလည်းပဲ NTU မှာ မာစာတာတက်နေပါတယ်။ အမလိုချစ်ရတဲ့ အေးအေးဆေးဆေးနေတတ်ပြီး ခင်ဖို့ကောင်းတဲ့ ကျွန်တော့်ရဲ့ အမေမတူ အဖေကွဲ အမပေါ့ ။
ဒီနောက်ဆုံးက slide လေးကတော့ကျွန်တော်တို့သယ်ရင်းတွေရဲ့ ဓာတ်ပုံတွေပါ။ sunday ကတော့ ပျော်စရာကောင်းတဲ့နေ့လေး ဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်တော်လည်း ဒီတနင်္ဂလာနေ့မှာ ဖျားလို့ရုံးမတက်လိုက်ရဘူးဗျာ။ ဓာတ်ပုံလေးတွေကို ကြည့်ရှုပြီး comment ပေးနိုင်ပါတယ်ရှင်

Thursday, June 4, 2009

သဗ္ဗမင်္ဂလာ ဂါထာတော်

အောက်ကစာသားတွေက ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်ထဲက မူရင်းအတိုင်းကူးယူထားခြင်းပါ။
---------------------------------------------------------------------------------------------------
ဘေးဥပဒ် အန္တရယ် ကင်း၍ကြီးပွားတိုးတက်မှုအသွယ်သွယ်ကို ရရှိခံစားစံစားလိုသူတိုင်း ဤ"ဒိဝါတိပတိ " အစချီသော "သဗ္ဗမင်္ဂလာ" ဂါထာတော်ကို အလေးအနက်ယုံကြည်ချက်ထား၍ နေ့စဉ်အိပ်ရာဝင် အိပ်ရာထချိန်၌ ခံတွင်းသန့်သန့်ဖြင့် အနည်းဆုံး (၉)ခေါက်ရွတ်ဆိုပူဇော်ရန် ဖြစ်ပါသည်။

ချက်ထားပြီးသော ထမင်းဟင်းတို့သည် ဆာလောင်၍ လိုအပ်သောအခါ အလွယ်တကူ စားသုံးနိုင်သကဲ့သို့ မိမိပရိစယ (လေ့လာဆည်းပူး ရွတ်ဖတ်ပူဇော်မှု) ပြုထားသော ဤဂါထာတော်ကို ဈေးရောင်းသောအခါ၊ စာမေးပွဲဖြေသောအခါ စသောလိုအပ်သောအခါတိုင်း၌ ရွတ်ဖတ်ပူဇော်လိုလျှင် အကျိုးထူးတရားကို အလွယ်တကူရယူခံစားနိုင်မည် ဖြစ်ပေသည်။ လိုအင်ရမ္မက် လောဘမထွက်ဘဲ စိတ်လက်ကြည်လင်စွာဖြင့် ရွတ်ဆိုပူဇော်ရန် အထူးအရေးကြီးပါသည်။ (အနက်အဓိပ္ပာယ်သိပြီးက ပါဠိသက်သက် ကိုသာရွတ်ဆိုနိုင်ပါသည်။)

သဗ္ဗမင်္ဂလာ ဂါထာတော်

ဒိဝါ တပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

အာဒိစ္စော ၊ ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းပြောင်ပ၀င်း ရှင်နေမင်းသည်။ ဒိဝါ ၊ နေ့အခါ၌။ တပတိ ၊ လောကအလယ် ဂုဏ်မြင့်ကြွယ်၍ တင့်တယ်ပါပေ၏၊

စန္ဒိမာ၊ စန်းငွေယုန်ခသော်တာလသည်၊ ရတ္တိံ ၊ ည်ဉ့်အခါ၌။ အာဘာတိ၊ နှစ်သက်စဖွယ် တင့်တယ်ပေ၏။

သန္နဒေါ ၊ ချပ်ဝတ်တန်ဆာ ကိုယ်မှာစုံလင် ဆင်ယင်ထားသော။ ခတ္တိယော၊ လူတို့သနင်း ပြည့်ရှင်မင်းသည်။ တပတိ၊ ကြီးမြင့်ခံ့ထယ် တင့်တယ်ပေ၏။

ဈာယီ ၊ ဘက်စုံကောင်းမြတ် သမာပတ်ကို မပြတ်ထင်ရှား ၀င်စားလျက်ရှိသော။ ဗြာဟ္မဏော၊ ကိလေသာကို အပပြုပြီးသော အာသဝေါကင်းကွာ ရဟန္တာ ပုဂ္ဂိုလ်သည်။ တပတိ၊ ဈာန်မဂ်နှစ်သွယ် စွယ်စုံခြယ်၍ တင့်တယ်ပေ၏။

အထ၊ ထိုမှကြူး၍ ထူးသည်မှာကား။ ဗုဒ္ဓေါ၊ သစ္စာလေးဆင့် ခိုင်လုံးရင့်ကား ပွင့်လာခေါင်ဖျား အောင်တော်မူမြတ်စွာဘုရားသည်။ သဗ္ဗံ၊ အလုံးစုံသော။ အဟောရတ္တိံ ၊ နေ့ညဉ့်ကာလပတ်လုံး။ တေဇသာ၊ ကြီးကဲစိုးရ တန်ခိုးတော် အနန္တ ဖြင့်။ တပတိ၊ လောကအယလယ်၌ တင့်တယ်တော်မူပါပေသတည်း။
----------------------------------------------------------------------------------------------
ဒီပို့စ်လေးကို ရေးသားရင်းနဲ့ ရွာမှာရှိတဲ့ ကျွန်တော့်ဖေဖေနဲ့ မေမေ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့ ဆုတောင်းလိုက်ပါတယ် ၊ အိမ်မှာဘုရားစာရွတ်ရင်အသံထွက်လေးဠာန်ကရိုဏ်းကျကျရွတ်တတ်တဲ့ ကျွန်တော့်ဖေဖေကို အိမ်နီးချင်းတွေက ကျွန်တော်တို့ အိမ် အလှူလုပ်လို့ ဘုန်းကြီကြွပြီးတရားစာရွတ်တယ်လို့ ထင်ရလောက်အောင် အသံကောင်းတဲ့ ဖေဖေ့ ကို ကျွန်တော်သတိရလို့ ဒီနေ့ ပို့စ်အသစ်အနေနဲ့ တင်လိုက်တယ်။

ကျွန်တော် မနေ့က ကျွန်တော့်ဖေဖေနဲ့ ဖုန်းပြောရတယ်။ pfingo ရဲ့ကောင်းမှုကြောင့် ဖေဖေနဲ့ ဖုန်းပြောရတာ အဆင်ပြေနေတယ်။ သားအဖနှစ်ယောက် မတွေ့တာကြာလို့ စကားတွေဖောင်ဖွဲ့လိုက်တာ ၄၅ မိနစ်လောက်ကြာသွားတယ်။ ဒါနဲ့ ဒီနေ့ကျတော့ ဖေဖေ့ကို ကျွန်တော်သတိရနေလေရဲ့ အဲဒါနဲ့ ငယ်ငယ်တုန်းက ဖေဖေသင်ပေးခဲ့တဲ့ သဗ္ဗမင်္ဂလာ ဂါထာတော် ကိုရေးသားပူဇော်ခြင်းဖြစ်ပါတယ်။ အဝေးရောက်ဖေဖေနဲ့ မေမေ အစစအရာရာ အဆင်ပြေပါစေ။

လေးစားလျှက်
သဲသဲ

Wednesday, June 3, 2009

အမှတ်တရချစ်သူသို့ ပေးစာ

ပြဒါးတလမ်း သံတလမ်းလား
မင်းနဲ့ငါစုံစည်းမှုက
အသွားတလမ်း အပြန်တလမ်းပါ
ချစ်သူ။

မျက်နှာချင်းဆိုင်ဆုံရင်ဖြင့်
မင်းမျက်နှာမူယာရယ်ကို
ငါလှမ်းကာတစ်ချက်ကြည့်ခဲ့
ရှောင်ဖယ်သွားတဲ့ မင်းရဲ့အပြုံးနုနုအောက်မှာ
ငါ့မာနကို စတေးတတ်ခဲ့တယ်
ချစ်သူ။

မင်းသူငယ်ချင်းတွေ
မေးကြရင်ဖြင့်
ရှောင်ဖယ်ကာ မင်းပစ်သွားလို့
ငါတစ်ယောက် ဆွေးနေတယ်လို့
အရိပ်ယောင်မျှ မထင်လေအောင်
ဟန်ဆောင်ပြုံးခဲ့
မင်းမသိတတ်ခဲ့ပါ ငါ့အပြုံးကို
ချစ်သူ။


ဒီညလည်း တစ်ယောက်ထဲ
ဒီနေ့လည်း တစ်ယောက်ထဲပါပဲ
တစ်နှစ်ကုန်လို့
တစ်နှစ်ကူးလည်း
ငါတစ်ယောက်ထဲပါပဲ
ချစ်သူ။

အလွမ်းဆိုတာ ခံရခက်တဲ့ဝေဒနာလို့
အဖြေရှာ မတွေးပဲ
မင်းကော ငါကောသိနေတဲ့အချိန်မှာပဲ
အမှတ်တမဲ့ ဆုံဖြစ်ခဲ့တဲ့ တရက်ကို
ရာသီတွေပြောင်း အချိန်တွေဟောင်းလည်း
ငါအမြဲသတိရနေမှာပါ
ချစ်သူ၊

မျှော်လင့်ချက်တို့ အလင်းမဲ့
ချစ်ခြင်းတွေ ကင်းခဲ့တဲ့
ငါ့ရဲ့နှလုံးသားတစ်စုံကတော့
ဝေဒနာဟောင်းကို သယ်ပိုး
မင်းရဲ့ ဟိုးအဝေးဆီသို့ပေါ့ …. ချစ်သူ။

လေးစားလျှက်
သဲသဲ

Monday, June 1, 2009

Birthday Present for Saya

ဆရာရေ June လ ၁ ရက်နေ့ ဆရာ့မွေးနေ့မှာတပည့်မွေးနေ့လက်ဆောင်အဖြစ်ပေးစရာဆိုလို့ထူးထူးခြားခြား အဖိုးတန်လက်ဆောင် ကြီးမရှိပါဘူးဒီတော့ တပည့်စဉ်းစားလို့ရသမျှ ဆရာ့ကိုပေးချင်တဲ့လက်ဆောင်တွေကို ဘလော့ထဲကပဲ ပို့လိုက်မယ်နော်။
ဆရာ့အတွက် အမှတ်တရ ဓာတ်ပုံတစ်ပုံရယ်ပါ။ Gmail server တွေထဲမှာ ၂ နှစ်လောက်သိမ်းထားတဲ့ ရှားရှားပါးပါးပုံနော်။

JellyMuffin.com - The place for profile layouts, flash generators, glitter graphics, backgrounds and codes




ဒီလိုနဲ့ ဆရာ့အကြောင်းကို ကြော်ငြာဝင်လိုက်ဦးမယ်။ ဆရာနဲ့ ကျွန်တော်နဲ့ စခင်တာကဒီလို။ ကျွန်တော် ၁၀တန်းစာမေးပွဲဖြေမယ့်နှစ်မှာ ထုံးဘိုမှာတာဝန်ကျတဲ့ဖေဖေ့အလုပ်ကနေပြီး သရာက်တောမြို့လေးကို ဖေဖေအလုပ်တာဝန်ပြောင်းရွှေ့ခံရတယ်။ အဲဒါနဲ့ ကျွန်တော်က ၁၀တန်းစာမေးပွဲဖြေဖို့ ၆လလောက်ပဲလိုတော့တယ်။ ကျွန်တော်ကဟိုမယောက်ဒီမယောက်ဖြစ်ကော။ အဲဒါနဲ့ပဲနောက်ဆုံးတော့ ကျွန်တော့် အမနဲ့အတူတူ ပြည်ကဘော်ဒါဆောင်မှာပဲနေပြီး ပြည်အထက(၅)ကျောင်းလေးမှာပဲ ကျွန်တော်၁၀တန်းကိုပြောင်းတက်ရတယ်။ အဲဒီတုန်းကကျွန်တော့်အမက ပြည်နည်းပညာကောလိပ် ဒုတိယနှစ်ကျောင်းသူလေ။
အဲဒီမှာကျွန်တော့်မေမေနဲ့ မမက ကျွန်တော့်ကိုစာသင်ဖို့ ဘာသာစုံ သင်ပေးဖို့ ဆရာတစ်ယောက်နဲ့ english စာသင်ပေးဖို့ ဆရာတစ်ယောက်ကျွန်တော့်အတွက်အမေက ခေါ်ပေးတယ်။ အဲဒီဆရာနှစ်ယောက်စလုံးက ပြည်နည်းပညာတက္ကသိုလ်ကပဲ။ အပေါ်ကရုပ်ချောချောနဲ့ ဓာတ်ပုံထဲကဆ၇ာကတော့ ကျွန်တော့်ကို English စာသင်တာလေ။ ကျွန်တော့်ဘလော့မှာ အမှတ်တရရေးပေးတဲ့ မွေးနေ့ပိုင်ရှင်ပေါ့။ အိမ်နံမည်က ဖိုးဇင်လို့ခေါ်တယ်။ကျောင်းနာမည်က သန့်ဇင်မျိုးတဲ့။ အဟိ ဆ၇ာ့အကြောင်းကို ဖော်လက်စနဲ့ဆက်ဖော်လိုက်ဦးမယ်။ အသက် ၃၀ နှစ်ပြည့်လူပျိုကြီးတစ်ယောက်ပါ။ ကျွန်တော့်ဆရာက ပြည်နည်းပညာတက္ကသိုလ်က B.E(Civil) နဲ့ကျောင်းပြီးပြီး Nanyan Technological University မှာလည်း master ဘွဲ့ကို Environmental Engineering ဘာသာရပ်နဲ့ ယူထားတာပါ။ ရုပ်ချောသဘောကောင်းလေးပါ။ စိတ်ဝင်စားရင် zinmyo2005@gmail.com ကိုလိပ်မူပြီး ဆက်သွယ်နိုင်ပါတယ်။ (စတာနော် ဆရာကပိုင်ရှင်ကြီးနဲ့ )

ငယ်ဘ၀ကခင်မင်မိသောဆရာတစ်ယောက်
ဆရာရေငယ်ဘ၀အချိုးအကွေ့မှာ ဆရာ့ကို မေတ္တာရိပ်မြုံလို့ဆိုတဲ့အဆောင်မှာစတွေ့ခဲ့တယ်။ အဲဒီနေ့က ကျွန်တော့်ကို English စာလာသင်တဲ့ ဆရာဆိုလို့ လှမ်းကြည့်လိုက်တော့ လူကပိန်သေးသေး ၊အရပ်ကမရှည်တရှည်၊ PTU ကျောင်းကပြန်လာတဲ့ အင်္ကျီလေးနဲ့ ကျွန်တော့်ကို စာလာသင်တယ်။ လက်မှာလည်း ကြည့်လိုက်ရင် လက်စွပ်ကအပြည့်နဲ့ ။ စစတွေ့ချင်း စကားအင်မတန်နည်းသောဆရာနဲ့ စကားကိုဆီလိုအပေါက်ရှာပြောတတ် သောကျွန်တော်နဲ့ စတွေ့တာပဲ။
တရက်တော့မှတ်မိသေးတယ်။ အဲဒီနေ့က မြန်မာ့ရုပ်မြင်သံကြားမှာ အကယ်ဒမီပေးပွဲလာတယ်လေ။ ၁၀ တန်းတနှစ်လုံး အွန်စောဂျွန်စောကို သူများတွေပြောလို့ ကြားဖူးရုံသာကြားဖူးပြီး တစ်ခါမှ မကြည့်ဘူးတော့။ သူငယ်ချင်းတွေကြားမှာ ပြောစရာ topic လေးရချင်တော့ ၊ ဆရာရယ် "သမီးကို အကယ်ဒမီပေးပွဲ လေးတော့ကြည့်ပါရစေ နော် "လို့ပြောတာတောင်မှ ကျွန်တော့်ဆရာက အဲဒါနင်နဲ့ ဘာဆိုင်လို့လဲ ။ ကိုယ့်စာကိုယ်ကျက် ။ နင်အဲဒါကို သွားကြည့်ရင် ငါစာမသင်ဘူး။ အဆောင်ကိုပြန်တော့မယ်လို့ လုပ်တော့ ။ ပြန်လာရင် အမေအဆူခံ၇မယ်မှန်းသိတော့ စာမလုပ်ချင်သောကျွန်တော်တစ်ယောက် အဲဒီနေ့ကလိမ်ဖယ် လိမ်ဖယ်နဲ့ ကျွန်တော်မရသော စာတွေကို အသားကုန်စွတ်မေးပြီး ဆရာ့ကို ခေါင်းစားလိုက်တယ်။ တော်တော် ဆိုးတဲ့ ကျွန်တော်နော်။

ဝါးတီးများ
ဆရာရေ အဲလိုနဲ့ပဲ ကျွန်တော် ၁၀တန်းအောင်လာခဲ့တယ်။ ၁၀တန်းအောင်တော့ ဂုဏ်ထူးထွက်လို့ဆိုပြီး ကျွန်တော်ဆုလာယူတဲ့နေ့က ကျွန်တော့်တို့ညီအမနှစ်ယောက်နဲ့ ဆရာနဲ့ only one ဆိုင်မှာ ထမင်းသွားစားကြတယ်။

ကျွန်တော့်ဆရာ ပြည်ပသို့ထွက်ခွာခြင်း
အဲလိုနဲ့ကျွန်တော် ၁၀တန်းအောင်တော့ ကျွန်တော်က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာတက် ၊ ဆရာကလည်း ရန်ကုန်က construction ကုမ္ပဏီ တစ်ခုမှာ လနည်းနည်းဝင်လုပ်သေးတယ်။ ရန်ကုန်မှာပြန်ဆုံတော့လဲ ဆရာ့ပဲ ကျွန်တော့်ကို အင်တာနက်သုံးနည်းသင်ပေး၊ အားရင် ဆရာမုန့်ကျွေးတာလိုက်စားနဲ့ ။ နောက်သိပ်မကြာလိုက်ဘူး အဲဒီနေ့က ဆရာကြေးအိုးလိုက်ကျွေးရင်းနဲ့ NTU ကြောင်းအရွေးခံရကြောင်းပြောပြတော့ ။ ကျွန်တော် ၀မ်းသာသလိုလို ၀မ်းနည်းသလိုလိုနဲ့ ။ ကောင်းပါတယ် ဆရာလို့ပဲပြောခဲ့တယ်။

နောက်နှစ်လသုံးလကြာတော့ ဆရာမွေးနေ့မိုလို့ ကျွန်တော် နဲ့ဆ၇ာတွေ့ဖြစ်ကြသေးတယ်။ အဲဒီနောက်ပိုင်း ဆရာနိုင်ငံခြားသွားခါနီး ဆရာအိမ်က အလှူ ကိုဝါးတီးသွားဖွင့်ပြီး လေယာဉ်ကွင်းသွားတော့ ကျွန်တော် လိုက်ပို့ဖြစ်တယ်။


အမှတ်တရမြင်ကွင်းလေးတစ်ခု
အဲဒီနိုင်ငံခြားထွက်တဲ့နေ့ကလေ ဟင်္သာတက ဆရာရဲ့ တစ်မျိုးလုံး တစ်ဆွေလုံးက ဆရာ့ကိုလိုက်ပို့တာ တပည့်မှတ်မိနေသေးတယ်လေ။ လေယာဉ်ဆိပ်အဟောင်းလေးတောင် တော်တော်သနားဖို့ကောင်းသွားတယ်။ ပြည့်ကျပ်နေရော။ အဲဒီတုန်းက departure တွေအတွက်က မြန်မာလေဆိပ် အဆောက်အဦး အသစ် ကို မသုံးသေးပဲ။ Arrival အတွက်ပဲ လေဆိပ်အသစ်အဆောက်အဦးကို သုံးကြတာလေ။
အဲဒီနေ့က ထူးထူးခြားခြား လေယာဉ်ဆိပ်အထဲကိုမ၀င်ခင် ၅ မိနစ်မှာ ဆရာကြမ်းပြင်မှာ ဒူးလေးတုပ် ထိုင်ပြီးတော့ ဆရာကိုယ်တိုင် ဆရာ့အမတွေကို လက်အုပ်ချီကန်တော့ခဲ့တယ်။ အဲဒီတော့ ဆရာ့အမဘေးနားမှာ ထိုင်နေတဲ့ ကျွန်တော်က ချက်ချင်းမတ်တက်ထရပ်လိုက်ရတာပေါ့ဗျာ။ဆရာက မနက်အိပ်ရထတာ နောက်ကျတော့ လေဆိပ်ကို လောလော လောလောနဲ့ ထွက်လာရတာ။အဲဒါနဲ့ သူ့အမတွေကို သူမကန်တော့ခဲ့ရဘူးလေ။ ပြောရရင် ဆရာ့မှာ အဖေတစ်ယောက်ပဲ၇ှိတော့တယ်။ ငယ်ငယ်ကတည်းက ဆရာက ဆရာ့အမတွေလက်ထဲမှာပဲ ကြီးရတာ။ သူ့အမတွေက သူ့အမေတွေပဲလို့ ဆရာကျွန်တော့်ကို ပြောဖူးတယ်။
အဲဒီဆရာ့အမူအရာကို ကြည့်ရင်းနဲ့ ကျွန်တော်ကိုယ့်ဘာကိုယ် ပြန်တွေးလိုက်မိတယ် ဆရာရေ

ဆရာရဲ့ စိတ်ရှည်သီးခံတတ်တဲ့ အမူအရာကို ကြည့်ရင်း ကျွန်တော် ဘယ်သူ့ကိုမှ စိတ်မရှည်မှန်း ကိုယ့်ကိုကိုယ် နားလည်သွားတယ်။

ဆရာရဲ့ တိုးတိုးနဲ့ညင်ညင်သာသာ ပြောတဲ့ဆရာ့လေသံကိုနားထောင်ပြီး ကျွန်တော်စကားပြောတဲ့ အသံကျယ်မှန်း ရိပ်မိလာတယ်။

ကျေးဇူးသိတတ်တဲ့ ဆရာ ကိုကြည့်ပြီး ငယ်ငယ်ကတည်းက အမကို နှုတ်ခမ်းတလန် ပန်းတလန်နဲ့ ပြန်ပြန်ပြောတတ်တဲ့ ကျွန်တော့်အဖြစ်ကို ကျွန်တော်မြင်ယောင်လာတယ် ဆရာ။

သတိရခြင်းများဖြင့်
အင်း အဲလိုနဲ့ ဆရာနိုင်ငံခြားသွားတော့ ကျွန်တော်လည်းရန်ကုန်မှာ တစ်ယောက်တည်းပျင်းကျန်ခဲ့ တာ။ ကျွန်တော်တို့ ucsy ကျောင်းပေါ်က နေလေယာဉ်တွေဖြတ်သွားတဲ့ အသံကို ကြားတိုင်း ဆရာ့ကို သတိရမိပါတယ်။ နောက်တော့ ကျွန်တော်နဲ့ ဆရာနဲ့ ၂ နှစ်လောက်အဆက်အသွယ် ပြတ်သွားတယ်။ ၁ နှစ်ကို သုံးခါလောက် အဆောင်ပြောင်းနေရသော ကျွန်တော့်မှာလည်း မယ်မယ်ရရလိပ်စာရယ်လို့ ပေးစရာမရှိဘူး။

ပြန်ဆုံခြင်း
ကျွန်တော် တတိယနှစ်မှာ internet ပြန်သုံးဖြစ်တယ် ဆရာ။ ဆရာ့ email ကိုမသိတော့တာနဲ့ ဆရာ့အကို အိမ်ကို ဖုန်းဆက်မေးတော့ ဆရာ email address ကျွန်တော်ရခဲ့တယ်။ ကျွန်တော်လည်း မသုံးတတ် သုံးတတ်နဲ့ invite လုပ်လိုက်တာ ဆ၇ာနဲ့အဆက်အသွယ်ပြန်ရတယ်လေ။
ဆရာက ကျွန်တော့်ကို ဒီအတိုင်းအပြစ်တင်ပါလေရော
"ငါပို့တဲ့စာတွေကို နင်ကဘာလို့အကြောင်းမပြန်တာလဲ ? ၊ အင်းစိန်ကို ပို့တာ စာ၂ စောင်လောက်ရှိပြီ mail လဲလုံးဝမစစ်ဘူးနော် ၊ နင် bf တွေရနေပြီလား ? ဒီကို လာမယ့်နင့်အစီအစဉ်ကကော ဘယ်လိုလဲ ? theinge English စာကောင်းအောင်လုပ်ရမယ်တဲ့ ၊ communication မကောင်းရင် နင်ဘယ်လောက်တတ် တတ် ဒီမှာအလကားပဲ သုံးလို့မရဘူး ။ နင့်အမကောဘာတွေလုပ်နေလဲ "
ဆရာစိတ်ဆိုးဆိုးနဲ့ ပို့လိုက်တဲ့ ပထမဆုံး mail ကိုရတော့ ကျွန်တော် လည်းစိတ်ထဲကနေ ပြန်ပြောလိုက်မိတယ်။
"ဆရာရယ် အဲဒီအင်းစိန်အိမ်ကလေ သမီးနေရတာ အဆင်မပြေလို့ သူတို့နဲ့စကားများပြီး နောက်လှည်တန်းအဆောင်ကို ပြောင်းလာတာလေ၊ သမီးဆရာ့ဆီက စာတစ်စောင်တလေမှ အင်းစိန်အိမ်ကနေ ပြန်မရခဲ့ပါဘူး ၊ mail ကတော့ မြန်မာပြည်ရဲ့ မီးအခြေအနေနဲ့ အင်တာနက်အခြေအနေကို ကြည့်ရင် နားလည်နိုင်ပါတယ် ဆရာ၊ သမီးလည်း မနက်ဆို first year & second year မှာ ucsy တက်ညကျတော့လည်း ကျူရှင်တက်နဲ့ အားကို မအားရတာပါ ဆရာရယ်။ ဆရာ့ကို အမြဲသတိရပါတယ်။ " လို့ပေါ့

ဆရာ့ဓာတ်ပုံအမှတ်တရ
ဒါနဲ့ online ကိုမှန်မှန်ကျွန်တော်ရောက်ဖြစ်လာတယ။် နောက်ဆုံးနှစ်ဆိုတော့ ကျွန်တော်ကျောင်းမှာ စိတ်ဓာတ်တွေကျနေတယ်။ ကျောင်းပြီးရင် ငါဘာလုပ်မလဲဆိုပြီး ကိုယ့်ဘာသာကိုယ် တွေးလေ ကိုယ့်ကျောင်းကို ကိုယ်စိတ်ပြတ်လေ။ ကျောင်းပြေးလေပဲ။ Online ကိုတော့ မှန်မှန်တက်ဖြစ်လာတယ။် အားရင် American library မှာ English စာလုပ်ဖြစ်တယ်။ ဘုန်းကြီးကျောင်းသွားပြီး English speaking တက်တယ်။ ကျောင်းက စာတွေကို တော်တော်ပစ်ထားခဲ့တယ်၊ ကြည့်ကို မကြည့်တာ။ ကျူရှင်တော့မှန်မှန်တက်ဖြစ်တယ်လေ။ နောက်ဆုံးနှစ်ဆိုတော့ ပဲကလည်းနည်းနည်းများလာတာပေါ့။
ကျွန်တော် online ရောက်ရင် ဆရာရိုက်ထားတဲ့ဓာတ်ပုံတွေအမြဲတောင်းကြည့်တယ်။ အပေါ်က ဆရာ့ဓာတ်ပုံက ကျွန်တော် third year တုန်းကဆရာ့ဆီကတောင်းထားတာလေ။ အဲဒါနဲ့ပဲ ဒီဘလော့နဲ့အတူ ဆရာ့ကို ရီစရာတစ်ခုပြောပြမယ်။ ကျွန်တော်တို့ second year တုန်းကကျွန်တော်သူငယ်ချင်း ပြည့်ဖြိုးရယ် ၊ ကျွန်တော်ရယ် ။ စာကလေးရယ် ၊ စာဂျပိုးရယ် သူငယ်ချင်းလေးယောက် အတူတူထိုင်ဖြစ်တယ်။ ပထမနှစ်ရဲ့ နောက်ဆုံးတန်းကနေပြီး လက်ရွေးစင်အဖြစ် ဒုတိယနှစ်မှာ ချောတောငေါ့ပြီးတော့ A တန်းကိုရောက်လာတဲ့ သူတွေပေါ့ ။ third year ကျတော့ ကျွန်တော်တို့ သူငယ်ချင်းလေးယောက်ကွဲသွားတယ်။ ပြည့်ဖြိုးနဲ့ စာဂျပိုးက roll မြင့်သွားတယ်။ ကျွန်တော်နဲ့ စာကလေးက ဒုံ၇င်းဒုံ၇င်း ။ third year ကျတော့ ခုံနေရာတွေလည်း အဆင်ပြေတာနဲ့ သူငယ်ချင်းတွေတစ်စု အရင်လိုအတူတူမထိုင်ဖြစ်တော့ဘူး။ အဲဒီမှာ ဇာတ်လမ်းကစတာပဲ ။ ကျွန်တော့်ကို second year က A တန်းကသယ်ရင်းတွေက လာလာမေးတယ်။ ဘာလို့ ကိုပြည့်ဖြိုးနဲမထိုင်တာလဲ တဲ့ ။ အဲဒါနဲ့ ငါတို့ သူငယ်ချင်းတွေက ကိုယ် ဓာတ်ကျတဲ့နေရာမှာ ကိုယ်ထိုင်တာပါပဲ ။ ဘာဖြစ်လို့လဲလို့ ကျွန်တော် ကမေးတော့ ။ ကျွန်တော့် သူငယ်ချင်းက "အော် မသိပါဘူးဗျာ။ ကိုပြည့်ဖြိုးနဲ့ ကျွန်တော့်ကို ထင်နေတာလို့ပြောခဲ့တယ်။ "။ ကျွန်တော်စိတ်တိုသွားတယ် ။ ဟာဗျာ ဘုန်းကြီးအမှုရွာပတ်ပဲ။ ကျွန်တော်တို့ ထိုင်တဲ့ သူငယ်ချင်းလေးကောင်က နယ်ကလေ။ ကျွန်တော်က ပြည်က။ ပြည့်ဖြိုးက မုဒုံက ၊ ဂျပိုးက ရေးက သူတို့ ကမွန်မျိုးတွေလေ။ စာကလေးကကျောင်းနဲ့ နည်းတဲ့ ရန်ကုန်တောက ။ သယ်ရင်း ၄ ကောင်စလုံးက ပွင့်ပွင့်လင်းလင်းရှိတယ် ။အစအနောက်လဲသန်ကြတယ်လေ။ ဒါနဲ့ ထားပါတော့ အဲဒါနဲ့ ကျွန်တော်လည်း အမြင်ကတ်ကတ်နဲ့ပေါ့ဗျာ။ ငါ့အဲလောက်တော့ ပြောချင်အုံးဆိုပြီး ။ Gmail ထဲကဆရာ့ပုံတွေကို print သွားထုတ်ပြီးတော့ ကျွန်တော့်  wallet ထဲထည့်ထားလိုက်တယ်။ ဆရာရေ ခွင့်လွှတ်နော်။ အဲဒီထဲက အဲဒီရန်အေးသွားတာပဲ ပျော်လိုက်တာ ။ ဆရာကတော့ မသိရှာဘူး၊ အဟိ။

အလည်ပြန်ခြင်းတစ်ခေါက်
ဆရာရေ ဒီလိုနဲ့ ကျွန်တော်online တက်လာတဲ့ တနေ့ ဆရာကကျွန်တော့်ကို chat ထဲကလှမ်းပြောတယ်။ ဒီ project စာတမ်းလေးပြီးရင် အလည်ပြန်လာမယ်တဲ့။ ကျွန်တော်တော်တော်ပျော်သွားတယ်။ ဒါပေမဲ့ ဆရာ Project ကို နှစ်ခါပြန်လုပ်လိုက်ရသလိုပဲ။ အဲဒီတုန်းက ဆရာပြောတဲ့အချိန်ထက်နောက်ကျပြီးမှ ဆရာရန်ကုန်ကိုပြန်ရောက်လာတယ်။
ဆရာမပြန်လာခင်တရက် ဆရာ့အကိုရယ် ဆရာရယ် ဆီကနေ ကျွန်တော် ဖုန်းရတယ်။ ဆရာ့အကို က ကျွန်တော့်ကို အလှူလာဖို့ဖိတ်တယ်။ တပည့်က လည်းအဲလို ၀ါးတီးမျှော်နေတာဆိုတော့ အတော်ပဲဖြစ်သွားတယ်။ ဆရာက ဖုန်းဆက်တော့ theinge "နင်ဘာလိုချင်လဲတဲ့ ၊ ငါပြန်လာမယ် တဲ့ "။ အဲဒါနဲ့ ကျွန်တော်လည်း ဆရာသာအေးအေးဆေးဆေးပြန်လာခဲ့ပါဆရာရယ် သမီးဒီမှာ ဘာမှမလိုပါဘူး ။ အဲဒါနဲ့ "ဆရာပြန်လာမယ့် အချိန်ကို ပြောအုံးလေ၊ သမီးလာကြိုပေးမယ်လို့ " ဆရာ့ ကို ကျွန်တော်ပြောခဲ့တယ်။ အဲဒီတော့ ဆရာက "အေးပါ။ နင်လာမကြိုပါနဲ့ ။ အိမ်ကလူတွေသူ့ဘာသာသူ လာကြိုလိမ့်မယ်တဲ့ " ။ အဲဒါနဲ့ ဟုတ်ပါပြီ။ ဒါဆိုလည်း ပြီးတာပါပဲဆရာ၇ယ်လို့ ပြန်ပြောလိုက်တယ်။

နောက်တော့လည်း ဆရာတကယ်ရောက်လာတဲ့နေ့ က မနေနိုင်ပါဘူး။ဆရာ့ကို ကျွန်တော်သွားကြိုခဲ့တယ်။ ဘောင်းဘီ ပွပွအရှည်ကြီးဝတ်ပြီးပြန်လာတဲ့ဆရာကို မြင်တော့ မျက်စိထဲမှာ ကန့်လန့်ဖြစ်သွားတယ်။ ဆရာရယ် အဲဒီတုန်းက သမီးစိတ်ထဲက နေဆရာ့ကို "ဆရာရယ် လူကပိန်ပိန် ၀တ်လာတာက ဘောင်းဘီက ပွပွကြီး အသားကညိုညို ဆံပင်ကလည်း ထောင်ထားသေးတယ်နော် ကြည့်ရဆိုးလိုက်တာဗျာ။ "
နောက်နေ့ကြတော့ ဆရာ့အလှူကို ဧည့်သည်ကြီးလုပ်ပြီး တစ်ယောက်ထဲသွားစားတယ်။ နောက်နေ့ကျတော့ ဆရာ့တူလေးအတွက် Poly ကျောင်းကို မြို့ထဲမှာ ကျွန်တော်တို့ သွားစုံစမ်းကြတယ်။ အဲဒီနေ့ကမှ ရီရတာဗျာ။ ကျွှန်တော်က skirt လေးဝတ်လို့ ၊ စလုံးကခုမှပြန်လာတဲ့ ဆရာက ပုဆိုးလေးနဲ့လေ ပြီးတော့ ၇န်ကုန်က ၄၅ဘတ်စကားထဲမှာ ဆရာချွေးစီးတွေကျပြီး ဒုက္ခတွေရောက်နေတာဆရာရယ်။ နေ့တိုင်းစီးနေတဲ့ ကျွန်တော့်အဖို့တော့ ဘာမှမထူးဆန်းနေပေမဲ့ ။ဆရာကိုကြည့်ပြီး ကျွန်တော်တော်တော်ရီချင်လာတယ်။ မနည်းထိန်းထားလိုက်ပြီး "ဟုတ်ပဆရာရယ် ဒီမှာ ရာသီဥတုကတအားပုတယ် လို့ပဲပြောလိုက်ရတယ်။ "
အဲဒီဆရာ့အလှူနေ့ကကျွန်တော်မှတ်မိသေးတယ်။ ဆ၇ာ့အလှူကအပြန် ဆရာကျွန်တော့်ကို လမ်းမပေါ်ကိုလိုက်ပို့တော့ "ဆရာရယ် ကျွန်တော်စလုံးမှာ အလုပ်လုပ်ပြီး ကျောင်းတက်ချင်တယ် လို့ ပြောတော့" ကျွန်တော်ကောင်းကောင်းအဆူခံရတယ်ဗျာ။ ကျွန်တော်စိတ်ထဲမှာ နည်းနည်းတောင်အားငယ်သွားတယ်။ နောက်မှ စလုံးရောက်မှ အလုပ်လုပ်ရင်းကျောင်းတစ်ဖက် နဲ့မိဘကလည်း သိပ်မတတ်နိုင်တဲ့ ကျောင်းသားလေးတွေကိုတွေ့တော့ third year တုန်းက ဆရာဆူတာတွေကို သတိရလာတယ်။ ဆ၇ာ့စေတနာတွေကို ကျွန်တော်နားလည်သွားတယ်ဆရာ

အမှန်တကယ်ကကျွန်တောရေးတာတွေနည်းနည်းများသွားပြီ အမှန်တကယ်က ဆရာ့မွေးနေ့မိုလို့ ဆရာ့ကို သတိတရနဲ့ ဒီပို့စ်ကိုတင်ဖြစ်တာပါ။ ငယ်ငယ်တုန်းကဆိုဆရာကကျွန်တော်တို့ကို အရမ်းလိုလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကကျွန်တော့်ဆရာ ဆိုပြီးတအားနှိပ်စက်တယ်။ ကျွန်တော် ၁၀ တန်းတုန်းကဆို ဆရာကကျွန်တော့်ဘေးမှာညတိုင်း အနည်းဆုံး၂နာရီမှ ၃နာရီခွဲ ၄ နာရီလောက်စာကူလုပ်ပေးရတယ်။ ကျွန်တော့်ဆရာက စာသင်တဲ့နေရာမှာ တော်တော်စိတ်ရှည်တယ်။ သည်းလည်းသည်းခံတယ်။ တပည့်အပေါ်လည်းစေတနာထားသင်တယ်။ ကျွန်တော့်လို ငတုံး၊ ငဂျီကိုလည်း စိတ်ရှည်လက်ရှည်ဆရာစာသင်နိုင်တယ်။ တော်ရုံတန်ရုံဒေါသမထွက်လွယ်ဘူး။ အမှန်ပြောရရင် ဒီနေ့ထိကျွန်တော့်ဆရာဒေါသအရမ်းထွက်တာမမြင်ဘူးဘူး။ ကျောင်းပြီးတော့လည်းကျောင်းပြီးတဲ့အလျောက် ဆရာလည်းအနားမနေရဘူး။ ကျွန်တော်ရန်ကုန်မှာ ကျောင်းလာတက်တတည်းက ဘယ်ကိစ္စကတော့ဖြင့် ဘယ်လိုအဆင်မပြေဘူးဆရာ၊ သမီးအကူအညီလိုနေလို့ဆိုပြီး ကျွန်တော်မလုပ်တတ်တဲ့ မလုပ်နိုင်တဲ့ကိစ္စတွေ ဆရာ့ကိုနားပူနာဆာအမြဲတမ်းလုပ်ပြီးပြောလေ့၇ှိတယ်။
ဆရာကအမှန်အတိုင်းပြောရရင် ကျွန်တော့်အကိုလိုပဲ တစ်ခါတစ်ခါ အိမ်မှာကျွန်တော်တို့ညီမတွေရန်ဖြစ်ရင်တောင်မှ သူကကျွန်တော်ဘက်ကတော့ မပါပါဘူး။ ကျွန်တော့်အမေနဲ့ အမဘက်ကနေပြီးလိုက်ပြောပေးတတ်တယ်။ ကျွန်တော်ရယ် ဆရာရယ် ကျွှန်တော့်အမရယ်က ၄ နှစ်ကြီး၎နှစ်ငယ်တွေရယ်။ ကျွန်တော်က အငယ်ဆုံးနဲ့ အချောဆုံး အသက်က ၂၂နှစ် ၊ ကျွန်တော့်အမက ၂၆ နှစ်၊ ဆရာက အသက် ၃၀နှစ်။ ကျွန်တော်တို့ဒီစင်ကာပူကို စပြီးလာမယ်ဆိုတော့လည်းဆရာပဲ အစစအရာရာ ကူညီခဲ့တာပါ။ အလုပ်လျှောက်ဖို့လိုတာတွေတော်တော်များများ ဆရာ့ဆီကအကူအညီယူခဲ့တယ်။ တစ်ခြားကျွန်တော့် ဘ၀မှာအခက်အခဲပြသာနာတွေတွေ့တိုင်း ဆရာနဲ့ပဲကျွန်တော်ပြောဖြစ်ခဲ့တယ်။

စင်ကာပူနှင့်ကျွန်တော်
ကျွန်တော်ဒီကိုပထမအလုပ်စရှာတော့ ကျွန်တော့််အမနဲ့ ကျွန်တော်နှစ်ယောက်ထဲလာခဲ့တာပါ။ ကျွန်တော့်အမက ပထမတစ်လထဲနဲ့ တင်အလုပ်ရတယ်။ ကျွန်တော်ကပထမတစ်လမှာတင် အလုပ်မရဘူး။ အဲဒါနဲ့ တင်မကသေးဘူး extension တိုးတာလည်း reject ထိတယ်ဗျာ။ အဲဒါနဲ့ကျွန်တော်လည်း တအားစိတ်ဓာတ်ကျနေတာ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ အဲဒီအချိန်မှာ အသိတစ်ယောက်ကပြောလို့ PR card နဲ့ သွားတိုးရင် ရတယ်လို့ပြောတာနဲ့ ကျွန်တော်လည်းကျွန်တော့်ဆရာ PR card ကိုယူပြီးသွားတာပေါ့ ။ ဟိုကျတော့ ICA ကမေးတယ် ဘာတော်လဲတဲ့ ။ ကျွန်တော်ကဘာပြောရမှန်းမသိဘူး။ ဘေးနားက အဲဒီ ICA မှာပဲစီနေတဲ့ မြန်မာအကိုကြီးတစ်ယောက်က ပြောပေးတယ် အဲဒါသူ့ bf တဲ့။ အဲဒီတော့ ICA staffကပြန် ပြောတယ် အလို bf ဆိုရင် လာတိုးလို့မရဘူးတဲ့။
ကျွန်တော်လည်းအဲဒီနေ့ကအဲဒီနေ့က အလိုပြောလိုက်တာ ငိုချင်နေတဲ့ ကျွန်တော်တောင်တော်တော်ရယ်ချင်သွားတယ်။ အဲဒါနဲ့ဆ၇ာ့ကို အဲဒီ PR card ပြန်ပေးပြီးတော့ Peninsula ကိုပြန်သွားကြတယ်။ Peninsula ရောက်တော့ ICA မှာတွေ့ခဲ့တဲ့ အမနှစ်ယောက်နဲ့ အဲဒီအကိုတစ်ယောက်က မလေးသွားပြီးစတေးရှောင်ပြီး ပြန်ဝင်လာမယ်လို့လုပ်ကြတယ်။ ကျွှန်တော်လည်း ပြန်တာထက်စာရင် ခန စတေးရှောင်ပြီးပြန်ဝင်လာရင်ကောင်းမလားလို့ စဉ်းစားမိတယ်။ အဲဒီ ICA သွားတဲ့မနက်မှာပဲ interview လာဖို့ခေါ်တဲ့ဖုန်းကရထားတယ်လေ။ အဲဒီတော့စိတ်ကဘယ်လို စဉ်းစားလဲဆိုတော့ အိမ်ပြန်ရင်တော့လည်း ပိုက်ဆံတအားကုန်မယ်ပေါ့လေ။ မလေးမှာ၁ပတ်လောက်သွားစတေးးေ၇ှာင်ပြီး ပြန်လာလို့၇ရင်လဲ ကောင်းမယ်ပေါ့လေ။ အမှန်တကယ်က ကျွန်တော်တွေးအား တအားမှားတယ်။ အဲဒီအချိန်မှာ ကျွန်တော်သွားမယ်ဆိုတော့အမက ရန်ကုန်ကိုပဲပြန်ပါလို့ပြောတယ်။ ကျွန်တော်ကျွန်တော့်အမပြောတာကိုနားမထောင်ခဲ့ဘူး။ အဲဒါနဲ့ ကျွန်တော့်အမက ပြောလို့မရတဲ့အဆုံး ဆရာ့ကို ဖုန်းဆက်ပြီးခေါ်တယ်။ ဆရာလဲရုံးဆင်းတာနဲ့ ချက်ချင်းရောက်လာပါလေရော။ သွားချင်နေတဲ့ကျွန်တော်လဲ ငိုကြီးချက်မနဲ့ပြောတာပေါ့နော်။ အဲတုန်းက ဆရာကျွန်တော့်ကို ချောက်ပြီးတစ်မျိုး ချော့ပြီးတစ်မျိုးအမျိုးမျိုး ကျွှန်တော့်ကိုပြောတယ်။ နောက်ဆုံးပြောမရတဲ့အဆုံး "နင့်အမ စင်ကာပူကိုပြန်လာဖို့မခေါ်ရင် ငါပြန်လာခေါ်မယ်သိလား theinge" ဆိုပြီးဆရာက ကျွန်တော့်ကို စိတ်မရှည်တဲ့အသံ ရယ်။ စိတ်ပူနေတဲ့အသံတွေရယ်။ ကျွန်တော့်အမ နဲ့ ကျွန်တော့်လေးလေးက မသွားပါနဲ့လို့ ပြောတဲ့အသံတွေရယ်။ နဲ့နောက်ဆုံးကျွန်တော် မလေးကို စတေးမရှောင်ဖြစ် ခဲ့ပါဘူ။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့ကဆရာအပြောကောင်းလို့ ကျွန်တော် မသွားဖြစ်တာပါ။ နောက်တော့ ဆရာနဲ့မကြီးကို ကြိတ်ပြီးစိတ်ထဲကကျေးဇူးတင်နေတယ်။
ကျွန်တော်အလုပ်ရတော့ မလေးကို သုံးရက်သွားအလုပ်လုပ်ရပါလေရော။ ဘေးနားမှာ ကျွန်တော်တို့ရုံးးက senior engineer ယောက်ျားရင့်မာကြီးတစ်ယောက်လုံးပါတာတောင်မှ မလေးမှာ သွားရလာရတာ အရမ်းသတိထားရတယ်။ မလေးမှာတုန်းက ကျွန်တော်တို့ရုံးက engineer တွေလည်း project လုပ်ပြီး boss မလာမချင်း ကျွန်တော်တို့ အပြင်မထွက်ရဘူးလေ။လုံခြုံရေးစိတ်မချရလို့။ ကျွန်တော့်ဘ၀မှာ သံယောဇဉ်အရှိဆုံးက ဖေဖေ ၊ မေမေ ၊ မကြီး ပြီးရင် ဆရာပဲထင်တယ်။
အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်တော်အမှားတစ်ခုလုပ်တိုင်းဘေးနားက ပြသာနာတစ်ခုချင်းဆီကို အသေးစိတ် လိုက်ဖြေရှင်းပေးတဲ့ ဆရာရဲ့ idea တွေကို ကျွန်တော့်ဘ၀မှာ အမြဲလိုအပ်နေဆဲပါဆရာ။
လေးစားလျှက်
သဲသဲ