Friday, June 19, 2009

မွေးနေ့ ဆုတောင်း


အမေ
ဒီနေ့ ဆိုရင် အမေ ၆၄ နှစ်ပြည့်ပြီနော်။
အမေ ကျန်းမာပါစေ။
ကျနော် အမေ့အတွက် အမှတ်တရ
ကဗျာတစ်ပုဒ်ပဲေ၇းစပ်လိုက်တယ် အမေ။

အမေ့နားမှာ
အမေချစ်တဲ့ သားနဲ့ ခင်ပွန်းမရှိပေမဲ့
စိတ်ဓာတ်ပြင်းထန်တဲ့ တို့အမေစု
အမေချစ်တဲ့ မြန်မာပြည်မှာ
ငါ့တိုင်းပြည် ငါ့လူမျိုးကို
ချစ်တဲ့စိတ် တစ်ခုတည်းကို အရင်းခံပြီး
အမေ့အသက်နဲ့ ထပ်တူ
ဘ၀ကိုရင်း လျှက်
နေလာခဲ့တာ ခုဆို
နှစ်၂၀ တောင်ကျော်ပြီ အမေ။
အာဏာရှင် ဘီလူးမျိုးစုံရဲ့ လက်ထဲမှာ
အမေတစ်ယောက်
ဒုက္ခအလီလီ
ရောက်ခဲ့တာတွေလည်း
ပိန်လှီနေတဲ့ အမေ့ခန္ဓာကိုယ်က
သက်သေပြတယ် အမေ။

ဒါပေမဲ့
အမေ့မျက်ဝန်းထဲမှာ
စူးရှတောက်ပတဲ့ မျက်ဝန်းတစ်စုံနဲ့အတူ
အမေ့ရင်ထဲက
စစ်မှန်တဲ့ သစ္စာတရားနဲ့
မျှော်လင့်ချက် နေရောင်ခြည်ကို
အဝေးရောက် ပြည်သူတွေကော
ကျနော်တို့ကော
တစ်ကမ္ဘာလုံးမှာ နေထိုင်ကြတဲ့
တိုင်းပြည် အသီးသီးက ပုဂ္ဂိုလ်တွေကော
မြင်ရတယ် အမေ။
ဒီဆုတောင်းသံလေးကို
အမေကြားရင် ပျော်ပါစေလို့
တွေးဆလျက်

လေးစားလျက်
သဲသဲ

5 comments:

  1. နေပါဦး သဲရ
    ဇော်ပြောရင် စိတ်မဆိုးနဲ့နော်။ ဇော်က ဘယ်သူ့ဘက်မှ ပါတဲ့သူတော့ မဟုတ်ပါဘူး။ ဇော့်အမျိုးသားလဲ ဒီအတိုင်းပါပဲ။ သူက စစ်သားသာ ဖြစ်နေတာ။ သူ့ဆီမှာ အဲ့ဒီ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဘာခံစားမှုမှ မရှိဘူး။ သူက ကျောင်းဆရာအလုပ်မှာပဲ နေချင်နေတဲ့သူ။ ဒါကို ဇော်ကောင်းကောင်းသိထားလို့ ဇော် သူ့ကို လက်ခံခဲ့တာပါ။ အဲ့ဒါကြောင့် ဇော်အခုပြောမယ့် စကားနဲ့ သူနဲ့ မပတ်သတ်ဘူးဆိုတာ အရင်ပြောထားပါရစေနော်။ ဇော်ပြောမှာ ရှင်းရှင်းလေးပါ။

    ဘာလို့ သူ့ကို အမေလို့ ခေါ်ရတာလဲ သဲ။ အဲ့ဒါကို အရင်ဆုံး သေချာ စဉ်းစားကြည့်ပါ။ နောက်ပြီး မှန်တယ် ဒီအစိုးရ အုပ်ချုပ်တာ လုံးဝမကောင်းဘူးဆိုတာ။ နောက်ပြီး ဇော်ကိုယ်တိုင် သတ်ချင်နေတာ။ အဲ့ဒီ လူကို။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။ ဒီမို မရခင်တောင် မြန်မာလူမျိုးတွေရဲ့ စည်းကမ်းမရှိပုံ၊ ယဉ်ကျေးမှု ပျက်နေပုံ၊ တိုင်းတစ်ပါးကို သိပ်အထင်ကြီးလွန်းနေပုံတွေကို တွေ့နေရတာ.. ဒီမိုများရပြီးရင်တော့လား ခု အမေရိကန်ထက် အဆ ၁ ထောင်လောက်ဆိုးမယ်ဆိုတာ စဉ်းစားကြည့်ပေါ့ကွာ။ နောက်တစ်ခုက တကယ် နိုင်ငံရေးလုပ်ချင်တယ်၊ အော်ချင်တယ်ဆိုရင် မြန်မာပြည်ပြန်ပြီး ဗိုလ်ချုပ် လက်ထက်ကလို တို့ဗမာအစည်းအရုံးလိုဟာမျိုးကို လုပ်ပလိုက်။ ဟိုနေရာက အသံကောင်းဟစ်လိုက်၊ ဒီနေရာက အသံကောင်းဟစ်လိုက်နဲ့၊ ဘာမှလဲ ဟုတ်တာမဟုတ်ဘူး။ အမြင်ကပ်ဖို့ကောင်းတယ်။ အင်္ဂလိပ်ခေတ်ကတောင် တို့ဗမာ အစည်းအရုံးကို ဖွင့်လို့ရသေးရင် ခုလဲ ရ ရမှာပေါ့။ ဘာပဲပြောပြောပါ အဲ့ဒါတွေကို ဇော် မသိချင်ပါဘူး။ ကိုယ်နဲ့မှ မဆိုင်ပဲလေ။ ကိုယ်မှ ဘာမှ လုပ်မရတဲ့ဟာကို အဲ့လို အော်နေလို့ ထူးမှာမှ မဟုတ်တာ။ လုပ်မယ်ဆိုရင်လဲ ထသာ လုပ်ပလိုက်တာ ကောင်းတယ်။ ခုလို ဟိုပြောဒီပြောနဲ့က အမြင်ကပ်စရာကောင်းလာတာပဲရှိတယ်။ ကိုယ်ကိုယ်တိုင်ကျ ဦးလဲ မဆောင်နိုင်ပဲနဲ့။ သဲသိရဲ့လား။ ဝေဖန်ရေးဆရာတွေဟာ ဘယ်တော့မှ စာတစ်ပုဒ်ကို ဖြောင့်ဖြောင့်မရေးတတ်ကြဘူး။ အဲ့လိုပဲ နိုင်ငံရေးသမားလို့ အမည်ခံသူတွေဟာ ဘယ်တော့မှ နိုင်ငံတစ်ခုကို ဦးမဆောင်နိုင်ကြဘူး။ အေး ဒါပေမယ့် သူတို့ ပါးစပ်ထဲမှာတော့ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ လေ အပြည့်ရှိတယ်။ ဒါပေမယ့် သူတို့က သတ္တိလဲ မရှိကြဘူးနော။ အဲ့ဒါကို စဉ်းစားကြည့်ရင် သိလာလိမ့်မယ်။ တကယ်တမ်း ဖြစ်စေချင်တဲ့ဆန္ဒ ရှိကြတဲ့သူတွေဟာ ဘယ်တော့မှ ခုလို ဟိုပြောဒီပြော မပြောဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲဘော်သုံးကျိတ်တို့ဟာ ဘယ်တုန်းကမှ ဒီလို မလုပ်ခဲ့ဘူး။ အဲ့ဒါမှ နိုင်ငံရေးသမားစစ်စစ်ဖြစ်တယ်။
    သဲလဲ မငယ်တော့ပါဘူး။ စဉ်းစားတတ်မှာပါ။ နောက်ပြီး ဒီမိုအကြောင်းလဲ ပြန်စဉ်းစားပေါ့ကွာ။ ခုတောင် မြန်မာပြည်မှာ ဒီမိုမရသေးဘူး။ မိဘနဲ့ သားသမီး၊ သမီးရည်းစား၊ ဆရာနဲ့ တပည့်၊ လူကြီးနဲ့ လူငယ် အဲ့ဒီ ဆက်ဆံရေးတွေကို လေ့လာကြည့်ပါဦး။ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်က အင်္ဂလိပ်လူမျိုးတွေရဲ့ စိတ်ဓါတ်မျိုး မဟုတ်ဘူးနော်။ ဒါကို မြန်မာတွေနဲ့ နိုင်ငံခြားသားတွေ ရောပြီးနေနေရတဲ့ နိုင်ငံခြားတိုင်းပြည်ရောက် မြန်မာတွေက အသိဆုံးပါ။ ဟုတ်တယ်မို့လား။
    ဇော်ပြောတဲ့ ခုကိစ္စနဲ့ ပတ်သတ်ပြီး သဲဘက်က ဆွေးနွေးချင်တယ်ဆိုရင်တော့ ဇော့်အိမ်မှာ အီးမေးလ်တင်ထားတယ်။ ပို့သာပို့လိုက်တော့။ အဟက်။
    သဲရေးတဲ့ ကဗျာ ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့အကျိုးဆိုပေမယ့် သူ့အကျိုးလဲ ပါနေတဲ့ ၂ဘက်ခွလူတွေကို အမေတို့ဘာတို့ သုံးတာကိုတော့ ဇော်ကြည့်မရလို့ ပေါ်တင်ပဲ ပွင့်ပွင့်လင်းလင်းပြောလိုက်တယ်။ ဒေါ်စုဆိုရင် လုံလောက်ပါပြီ။ သူ့ကို ဘယ်သူမှ အဲ့လို မလုပ်ခိုင်းပါဘူး။ သူကိုယ်တိုင်က အဲ့ဒီလမ်းကို ရွေးချယ်ခဲ့တာပါ။ အဲ့လိုပဲ။ ခု ခေါင်းဆောင်ဆိုတဲ့အုပ်စုလဲ မြန်မြန်ကိစ္စတုံးမှပဲ အေးမယ်။ အဲ့လို တုံးနိုင်အောင်အတွက် ဗိုလ်ချုပ်လိုလူမျိုး ဒုတိယ ပေါ်မလာနိုင်တာတော့ အတော်ကို ဆိုးတယ်။ မြန်မြန်ပေါ်လာပါစေလို့ ဇော်တကယ်ဆုတောင်းတယ်။ ဒါပေမယ့် အဲ့ဒီ ဗိုလ်ချုပ်လိုလူဟာ ဒေါ်စုမဟုတ်တာတော့ အရမ်းသေချာတယ်။ ဘာလို့လဲသိလား။ ဒေါ်စုက ဗိုလ်ချုပ်ခြေဖျားတောင် မမှီလို့ပဲ။ သိချင်ရင် ဗိုလ်ချုပ်အတ္တုပတ္တိကို လေ့လာကြည့်လေ။ ပြီးရင် ဒေါ်စု အတ္တုပတ္တိနဲ့ ယှဉ်ကြည့်။ ခေါင်းဆောင် အစစ်ဆိုတာ ဘယ်လို လူမျိုးကို ခေါ်တယ်ဆိုတာ သိလာလိမ့်မယ်။ =)

    ReplyDelete
  2. သဲသဲ
    ဇော်ရေသဲသဲကကိုယ်လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအဖြစ်နဲ့ ရယ်၊ ၆၄ နှစ်အသက်အရွယ်ရှိ သဲသဲမေမေနဲ့ အသက်ရွယ် မတိမ်းမယိမ်းဖြစ်တာရယ်။ တို့ဗမာလူမျိုးတွေရဲ့ ပင်ကိုယ်စိတ်ရင်းက အသက်ကြီးသူကို အမေလို့ခေါ်တတ်တဲ့ ကျနော်တို့ ရွာကထုံးတမ်းအစဉ်အလာအရ အမေလို့ရေးလိုက်တာပါ။

    ဇော်ရေနောက်တစ်ခုကတော့ ပျက်စီးတယ်ဆိုတာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ ဆိုင်တယ်။ မြန်မာလူမျိုးတိုင်းလည်း ပျက်စီးနေတာမဟုတ်ပါဘူး။ လူတစ်ယောက်ပျက်စီးတယ်ဆိုရင် ဘယ်လောက်ပျက်စီးနိုင်မှာမို့လဲ။ ယောက်ျားလေးဆိုရင် မိန်းမအယောက် ၁၀၀ ယူပြီး အရက်သောက် ဖဲရိုက်ယုံပေါ့။ တတိုင်းပြည်လုံးကို မွဲပြာကျအောင်တော့ မလုပ်နိုင်ပါဘူး။ မိန်းကလေးဆိုရင်လဲ မကောင်းတဲ့မိန်းမလုပ်ပြီး ပိုက်ဆံ၇ှာတာရယ် အရက်သောက်တာရယ်ပဲပေါ့ ။ဘယ်လောက်လုပ်နိုင်မှာမို့လဲ။ စိန်တစ်ဆင်ဆာ ၀ယ်ဆင်ပြီး ဆင်းရဲပြီးငတ်ပြတ်နေတဲ့လူတွေကို ဟားတိုက်တော့မရီဲပြတတ်ပါဘူး။ပြီးတော့ နိုင်ငံခြားတိုင်းပြည်မှာ နေရတဲ့ဗမာလူမျိး တစ်ယောက်ဆိုရင် သိမှာပဲ။ အစစအရာရာ ပြည့်စုံ အဆင့်အတန်းမြင့်တဲ့ ကိုယ့်ရဲ့လက်ရှိဘ၀၊ လက်ရှိရနေတဲ့ ရာထူးဂုဏ်သိမ် စည်းစိမ်တွေကို စွန့်ပြီး ဗမာပြည်ကို ပြန်ရဲလို့လားဗျာ ။စဉ်းစားကြည့်ပါဦး ။ oxford တက္ကသိုလ်က ဘွဲ့တစ်ခုရပြီးရင် ကော ခင်ဗျားတို့ ဗမာပြည်စုတ်စုတ်ကလေးမှာ ကျနော်တော့မနေဘူး။ နိုဘယ်ဆုပိုက်ပြီး ဂလန်မှာ ပဲချစ်တဲ့မိသားစုနဲ့ ခြေချနေမှာပေါ့။ ဘာလုပ်လို့နေတာလဲ ၊ စဉ်းစားကြည့် ? ကိုယ့်အမေတစ်ယောက်လို သဘောထားပြီးစဉ်းစားကြည့် ၊ ကျနော့်အမေဆိုရင်တော့ ကျနော်အလိုလုပ်ဖို့ သဘောတူမှာ မဟုတ်ဘူး ။ စာဖတ်သူတို့ကော ဘယ်လိုသဘောရလဲ ။
    လေးစားလျက်
    သဲသဲ

    ReplyDelete
  3. သဲရေ.......

    ကဗျာလေးကောင်းတယ်
    အရမ်းကောင်းတယ်
    အပြည့်အ၀ထောက်ခံဖတ်သွားတယ်
    အဆင်ပြေပါစေ..ဆန္ဒနဲ့ ဘ၀တထပ်ထဲကျပါစေ

    ReplyDelete
  4. မဟုတ်ဘူးသဲ
    ဇော်က ဒေါ်စုကို မဆိုလိုဘူး။ ဒါသူ့ခံယူချက်နဲ့သူ လာနေတာ။ သူလုပ်မယ်ဆို တစ်ခြားနည်းလမ်းကို ရွေးလို့ရပါတယ်။ ဗိုလ်ချုပ်တောင် ရွေးခဲ့သေးတာပဲ။ ဒါက သူ့အပိုင်းပါ။ ဇော်နဲ့ မဆိုင်ပါဘူး။ နောက်ပြီးဇော်ပြောတဲ့ ပျက်စီးတဲ့ မြန်မာတွေဆိုတာ သဲပြောသလို မကောင်းတာကို ပေါ်တင်လုပ်ပလိုက်တဲ့ လူတွေမဟုတ်ဘူးသဲ။ စင်ကာပူမှာ ရည်းစားနဲ့တောင် အိပ်ရင်း ဗီဒီယို ရိုက်တယ်နော်။ ဇော်တို့ဒီနိုင်ငံမှာ ကုလားနဲ့ရည်းစားထားနေကြတယ်။ အိနြေ္ဒသိက္ခာမရှိတဲ့ လုပ်ရပ်တွေကို ဆိုလိုတာပါ။ ဒါကို သဲသိမယ်ထင်တယ်။ အထင်မလွဲပါနဲ့ ကလေးမရယ်။
    ဇော်ပြောတာက နိုင်ငံရေး ၀က်ဆိုဒ်တွေနဲ့ နိုင်ငံရေးအမည်ခံ ဟိုလျှောက်အော် ဒီလျှောက်အော်တွေပါ။ သေချာ ပြန်ဖတ်ကြည့်ပါဦးလေ။ =) ပြေရာပြေကြောင်းမဟုတ်ပါဘူး။ ဇော့်စိတ်ရင်းအတိုင်း ဒီကွန်မန့်ကို ထပ်ပေးလိုက်ပါတယ်။ သဲအဆင်ပြေပါစေ။ =)

    ReplyDelete
  5. ဒီကကျနော် အောင်ဇေယျ လာ၇ှပ်လိုက်ဦးမယ်နော်.....ဟိဟိဟိဟိ
    အဒီကတော. ဇော်၇ဲ. ပထမ comment ကိုပေါ. ကျနော်.အမြင်တော. ဇော် ခေါ်လိုက်တဲ. ဒေါ်စုကြည်. ကို အမေ, သခင် လို.ခေါ်တာထိုက်တယ်ဗျာ အကြောင်း၇င်က ဒို.မြန်မာပြည်ကို ဖွင်.ပြိုးတိုးတတ်တဲ. နှိုင်ငံကြီးဖြစ်အောင်း စွမ်းဆောင်ခဲ.တယ်, အဓီကတော. တို.မြန်မာပြည်သူပြည်သားတွေကို တိုးတတ် အမြင်ကျယ် သူများလို ဖြစ်ထွန်းစေချင်တာပေါ. အဲလိုမျိုးစိတ်ဓာတ်ကိုထားပြီး သူ.အအက်ကိုတောင် မနှာမျှော်ပဲ အခုလို သူတို.တွေအတွက်ထန်းဆောင်နေတယ်။ ဇော်ကိုကြည်.၇တ်ာစုကြည် ကိုအားမကြပုံပါပဲနော် ပြီးတော.အခုလိုမြန်မာပြည် ကြားမကောင်းကြည်.မကောင်းဖြစ်နေတာကိုလည်း ခ၇ုမစိုက်သလိုပဲ။ ဇော်ပြောတာမှန်ပါတယ် ခုမြန်မာတစ်ချို.တွေက ဒီနှိုင်ငံခြားမှာ ဟိုကောင် ဒီကောင်တွေနဲ. အ၇မ်းကို၇ှပ်ချင်ကြတယ်ဗျာ။ မေး၇ဦးမယ် ဇော်က တော်တော်လေးကို မမြင်ကပ်ဖို.ကြောက်တာပဲနော် တို.နဲ.တော.တစ်ချားစီပဲ, ဒို.မြန်မာပြည်ကိုပြန်ပြီး ဇော်ပြောသလို. နှိုင်ငံေ၇းအတွက်မပြေးနှိုင်တာတော.မှာန်တယ် ဘာဖြစ်လို.လည်းစို၇င် အဲတာက အစိုးစုန်းဗျာ ကြည်.ပါလား ဒို.မြန်မာပြည်နှိုင်ငံေ၇းသမားတွေ ထောင်ထည်းမှာ တန်းစီနေကြတာ ပြီးတော.ဇောက ဒေါ်စုကြည် ဒီလို ဒီမို အတွက်လှုပ်၇ှားနေတာဇော်ကသိပ်အားမ၇ဘူးနော် ဒို.လည်းအတူတူပဲစတုန်းက, သိပ်မှန်တာပေါ. ဘယ်သူက တို.မြန်မာပြည်ကို အင်ကလိပ်တွေ နီက၇ိုး တွေကိုခေါ်ပြီး ဒို.မြန်မာမတွေနဲ.၇ှပ်စေချင်မှာတုန်း။ ဒါပေမယ်. ခေတ်တွေပြောင်းနေတာကိုတော.မမေ.နဲ.ဗျာ, ဇော်မဖြစ်စေချင်တဲ. အကျင်.တွေကို ဒီမို ၇ပြီးတော.ထိန်းလို.၇ပါတယ်, အဒိက ဇော် မမြင်ကပ်၇မှာက ဒို.မြန်မာလူမျိုးတွေ လူ.ဘဝအပြည်.အဝ မ၇တာကိုပဲ။ ပြီးတော. စုကြည်. အကြောင်းကိုသိစေချင်တာကလေ, Jusus Christ, mohatma ghandi, MLK Jr တို.ကိုကြားဖူးပါတယ်နော် ဒီစုကြည်က သူတို.လိုပါပဲ စုကြည်ကို ကြည်.မ၇သလိုမနေပါနဲ. နေခဲ၇င်မှားမယ်ထင်တယ်, မထမနေနဲ. Christ ဘဝကိုကြည်လိုက်ပါ သခင် ဟာတို.လူသားတွေအတွက်သူယုန်းကန်ခဲ.တယ် Non-Violent နည်းနဲ.ပေါ. ဒါမေမယ်.သူ.ကို ဘယ်သူမှ နားမလည်ခဲကြဘူး နောက်ဆုံးသူ သေသွားမှ အားလုံးကနားလည်နောင်တ ၇ခဲ.ကြတာ, ပြီးတော. Gandhi အတူတူပါပဲ တို.planet ကြီးကို Non-Violent နည်းသင်ပေးခဲ.သူ သူလည်းပဲအသက်ခံ၇တာပဲ, MLK Jr လည်းလူ.အခွင်းအေ၇း အတွက်သူကြိုးပမ်း၇င်းနဲ.ပဲ လုပ်ကြံခံခဲ.တာဗျာ, အဲလိုပဲ Generation တွေဆက်ဆပ်လာတယ်။ သူတို.အားလုံက အမှန်,အကောင်း သူသားအားလုံးအတွက် အကောင်းတစ်ခုကိုကြိုမြင်ကြတယ်ဗျာ ပြီးတော.သူတို.ကအဲလို အနှူ.နည်းနဲ. တောင်းဆိုကြတယ် နားမလည်တဲ.သူတွေက သတ်ဖြတ်ကြတာပေါ., အဲ.လိုပဲ ဒို.စုကြည်လည်း သူ.မှာ target ၇ှိနေတယ် ကန်စိုးတော.သူ.Target ကဒီဘီလူးတွေကို ဆန်.ကျင်နေတာ........အဒိကပြောချင်တာက စုကြည်မှာ Purpose ၇ှိတယ်ဗျာ စုကြည်ကို ၇ူးသလို အသလို မပြောပါနဲ.။ ဇော်က သိပ်ကိုမုန်းတယ်စို၇င် လေး good news စုကြည်လည်း ဒီက Christ, Ghandi, MLK Jnr လိုပဲ အသတ်ခံလိုက်မယ်, bad news ဇော်အားမကြတဲ. ဒီမို ကတော.ဒို.မြန်မာပြည်ကို လွှမ်းမိုးလိမ်.မယ်တစ်နေ. ဒို.ကိုစိတ်မစိုးပါနဲ. ဒို.၇ှင်းပြတာလို.ပဲ ယူဆပါတယ် တစ်ကယ်လို.များ တို.၇ှင်းပြချက်ကို အားမကြဘူး စိုခဲလျှင်
    gunsknow@gmail.com ကဒို.အကောင်.ပါဗျာ........လစ်လိုက်ဦးမယ်နော်......ဘိုင်းဘိုင်

    ReplyDelete