Wednesday, June 3, 2009

အမှတ်တရချစ်သူသို့ ပေးစာ

ပြဒါးတလမ်း သံတလမ်းလား
မင်းနဲ့ငါစုံစည်းမှုက
အသွားတလမ်း အပြန်တလမ်းပါ
ချစ်သူ။

မျက်နှာချင်းဆိုင်ဆုံရင်ဖြင့်
မင်းမျက်နှာမူယာရယ်ကို
ငါလှမ်းကာတစ်ချက်ကြည့်ခဲ့
ရှောင်ဖယ်သွားတဲ့ မင်းရဲ့အပြုံးနုနုအောက်မှာ
ငါ့မာနကို စတေးတတ်ခဲ့တယ်
ချစ်သူ။

မင်းသူငယ်ချင်းတွေ
မေးကြရင်ဖြင့်
ရှောင်ဖယ်ကာ မင်းပစ်သွားလို့
ငါတစ်ယောက် ဆွေးနေတယ်လို့
အရိပ်ယောင်မျှ မထင်လေအောင်
ဟန်ဆောင်ပြုံးခဲ့
မင်းမသိတတ်ခဲ့ပါ ငါ့အပြုံးကို
ချစ်သူ။


ဒီညလည်း တစ်ယောက်ထဲ
ဒီနေ့လည်း တစ်ယောက်ထဲပါပဲ
တစ်နှစ်ကုန်လို့
တစ်နှစ်ကူးလည်း
ငါတစ်ယောက်ထဲပါပဲ
ချစ်သူ။

အလွမ်းဆိုတာ ခံရခက်တဲ့ဝေဒနာလို့
အဖြေရှာ မတွေးပဲ
မင်းကော ငါကောသိနေတဲ့အချိန်မှာပဲ
အမှတ်တမဲ့ ဆုံဖြစ်ခဲ့တဲ့ တရက်ကို
ရာသီတွေပြောင်း အချိန်တွေဟောင်းလည်း
ငါအမြဲသတိရနေမှာပါ
ချစ်သူ၊

မျှော်လင့်ချက်တို့ အလင်းမဲ့
ချစ်ခြင်းတွေ ကင်းခဲ့တဲ့
ငါ့ရဲ့နှလုံးသားတစ်စုံကတော့
ဝေဒနာဟောင်းကို သယ်ပိုး
မင်းရဲ့ ဟိုးအဝေးဆီသို့ပေါ့ …. ချစ်သူ။

လေးစားလျှက်
သဲသဲ

3 comments:

  1. သဲရေ
    ဇော် အရောက်နောက်ကျလို့ ခွင့်လွှတ်နော။ အလုပ်က ပြန်လာလာချင်း မက်စေ့တွေ့တာနဲ့ တန်းလာပလိုက်တာ။ အဟက်။
    ရာသီတွေပြောင်း အချိန်တွေ ဟောင်းလဲ ငါအမြဲသတိရနေမှာပါ ချစ်သူ တဲ့။ မှန်လိုက်တာသဲရယ်။ ချစ်သူကို ချစ်ရတဲ့ချစ်ခြင်းလောက် ဘယ်အရာမှ ဇော့်နှလုံးသားထဲ မရှိတော့ပါဘူးလေ။ သိချင်လား။ အဟိ။ သိချင်ရင် ဇော့်အိမ်က ကျွန်တော့်ချစ်သူ ထိုယောက်ျားသည် ဆိုတာကို ဖတ်ကြည့်။ အဟိဟိ။

    ReplyDelete
  2. ဒီညလည်း တစ်ယောက်ထဲ
    ဒီနေ့လည်း တစ်ယောက်ထဲပါပဲ
    တစ်နှစ်ကုန်လို့
    တစ်နှစ်ကူးလည်း
    ငါတစ်ယောက်ထဲပါပဲ
    ကြိုက်လို့ပါ ..း)

    ReplyDelete
  3. ရာသီတွေပြောင်း အချိန်တွေဟောင်းလည်း
    ငါအမြဲသတိရနေမှာပါ
    ချစ်သူ။

    ထပ်ပြီး ခံစားပေးလိုက်တယ် ညီမရေ ……… :)

    မျှော်လင့်ချက်တို့ အလင်းမဲ့
    ချစ်ခြင်းတွေ ကင်းခဲ့တဲ့
    ငါ့ရဲ့နှလုံးသားတစ်စုံကတော့
    ဝေဒနာဟောင်းကို သယ်ပိုး
    မင်းရဲ့ ဟိုးအဝေးဆီသို့ပေါ့ …. ချစ်သူ။

    ReplyDelete