Saturday, June 13, 2009

ခံစားချက် နဲ့ဖြစ်တည်မှု

ချစ်သူ
ငါတွေးနေရက်နဲ့
မင်းငါ့အနားမှာ မရှိပါဘူး

ချစ်သူ
ငါ လွမ်းနေရက်နဲ့
မင်းငါ့ အလွမ်းတွေ မသိနိုင်ဘူး။

သံယောဇဉ်
ဖြစ်တည်မှုမရှိတဲ့
အချစ် ဆိုတာ
မင်းနဲ့ငါ့ အချစ်ပါပဲလား။

ဝေးကွာသွားပေမဲ့
မင်းရှိတဲ့ နေရာ ကို
ငါလွမ်းနေတယ် ဆိုတာကို
မင်းမသိနိုင်ဘူးး ။

ခံစားချက်ကို
ရင်ဖွင့်ပြလို့
လူတွေ ရယ်ချင်ရယ်မယ်
ဟန်ဆောင်ကာတော့ ငါ ပြုံးရယ်တတ်ဘူး။
ငါ့ ဘ၀ကတော့
ခံစားချက် နဲ့ဖြစ်တည်မှု တစ်ခု။

စက်ရုပ်တွေမဟုတ်တဲ့
လူတွေရဲ့ နှလုံးသားလေ
ရှင်သန်နေတဲ့ ငါ့ ဘ၀ထဲမှာ
မင်းနဲ့ငါ့ အချစ်ဇာတ်လမ်း က
ဓာတ်ပုံဟောင်းတစ်ချပ်လိုပဲ
အရာရာ မှုန်ဝါးသွားခြဲ့ပီ။

ချစ်သူရယ်
မခွဲမခွာ ချစ်ဖို့
ဆုတောင်း ခဲ့တာ ငါ့ အပြစ်တစ်ခုပဲလား။
လွမ်းကျန်ရစ်တဲ့
ငါ့ နှလုံးသားမှာ
ဒဏ်ရာများနဲ့ပါ။

ချစ်သူေ၇
မင်းနဲ့ငါ စတွေ့ကတည်းက
မင်းရဲ့ပုံတူကို
ငါ့နှလုံးသားထဲမှာ ရေးဆွဲခဲ့တာ
ဒီနေ့ ဆိုရင်
တစ်နှစ်ပြည့်ခါနီးပြီ။

ဒီချိန်မှာ
ကဗျာရေးရင်း
အိပ်မောကျနေတဲ့ ကျွန်တော့်နှလုံးသားကို
တစ်ခါ ကလှုပ် နှိုးပေးခဲ့တဲ
ကျနော့်ချစ် သူ ဆီကလာတဲ့
စကားသံချိုချိုကို
ရင်နဲ့အမျှ
မျှော် လင့်နေပါတယ်။

လေးစားလျက်
သဲသဲ
ဘာမဟုတ် ညာမဟုတ် ခံစားချက်လေးတွေကို အားလုံးသော ဘလော့ အကိုအမ များနှင့် လာလည်သော သူငယ်ချင်းမိတ်ဆွေများ ဖတ်ရင်း comment ပေးနိုင်ပါတယ် ။ အဟိ








3 comments:

  1. ရင်ထဲ ကထွက်ကျ လာတဲ. ခံစားချက်
    တွေ ကိုလာခံစားသွားပါတယ်...ရေး
    သားချက်တွေ ကောင်းတယ်ဗျာ

    ReplyDelete
  2. ကဗျာလေး တွေ ကောင်းတယ် သဲသဲရေ

    အားပေးနေပါတယ် ရင်ထဲက ကဗျာလေးတွေက

    အဓိပ္ပယ်တွေများစွာနဲ့  ခံစားချက်လေးတွေ ဖြစ်တည်နေတယ်နော်

    ကောင်းတယ်ဗျ အားပေးလျက်

    ReplyDelete
  3. အယ်
    နေမကောင်းလို့ ကွန်ပြူတာ မကြည့်ပဲနေတာ သဲရဲ့။ နေကောင်းလို့ ကွန်ပြူတာ ဖွင့်ဖွင့်ချင်း ကြည့်လိုက်တော့ သဲဆီမှာ စာကြွေးတွေ ထပ်နေပြီ။ ဟင့်။
    ဒါပေမယ့် တန်တယ်နော။ သဲကဗျာလေးတွေက ကောင်းတယ်။ သိလား။

    ReplyDelete