Thursday, May 28, 2009

မေတ္တသုတ်မြန်မာပြန်

ဒီနေ့ ကျွန်တော် ဘလော့ မှာ ဘာ ရေးရင်ကောင်မလဲ လို့ စဉ်းစားလိုက်တာ ကိုယ့်အကြောင်းကိုယ် ဖော်တာလဲ နည်းနည်းများနေတော့ အဟိ .. စာဖတ်သူအကျိုးရှိမယ့် အကြောင်းအရာလေးတစ်ခုရေးမယ်လို့ စိတ်ကူးထဲပေါ်လာတာနဲ့ မေတ္တသုတ် ကိုအနက်အဓိပ္ပာယ်လေးကို ကျွန်တော်ရေးလိုက်ပါတယ် ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်ထဲကမူရင်းအတိုင်း ကူးယူထားခြင်းဖြစ်ပါတယ်။

မေတ္တသုတ်ရွတ်ဖတ်ရခြင်းအကျိုး

ချမ်းချမ်းသာသာ အိပ်ရနိုးရစေသည် ၊ အိမ်မက်ဆိုးများမမက်အောင် ကာကွယ်နိုင်သည်၊ မျက်နှာကြည်လင်ု၍ လူချစ်လူခင်များ လိမ့်မည်၊ အိပ်ခါနီးဆဲဆဲမှာ ရွတ်ပြီးအိပ်လျှင် ညအခါ ဘီလူးစီးခြင်း ၊ ယောင်ယမ်း၍ ထပြေးခြင်း၊ အိပ်နေရင်း အသံနက်ကြီးဖြင့် အော်ခြင်း ၊ အိပ်ရာနားရှိ တွေ့ကရာပစ္စည်းတို ဖြင့် ယောင်ယမ်း၍ ပစ်ပေါက်ခြင်းစသည် တို့ကင်းသည် ။ ထိုသို့ဖြစ်တတ်သူများသည် အထူးတလည် မေတ္တသုတ်ကိ ရွတ်သင့်ပေသည်။

မေတ္တသုတ်မြန်မာပြန်

၁။ မေတ္တသုတ်၏ အကျိုးအာနုဘော်ကြောင့် ဘီလူး၊ဘုမ္မစိုးနတ်တို့သည် ကြောက်မက်ဖွယ်ကောင်းသော ရုပ်အဆင်း ကိုဖန်ဆင်း၍လူတို့အား မပြ၀ံ့ကြကုန်။ မေတ္တသုတ်တော်ကို ညဉ့် အခါ၌လည်ကောင်း နေ့အခါ၌လည်ကောင်း မပျင်းမရိရွတ်ဖတ်လေ့ ရှိသောသူသည်

၂။ အိပ်သောအခါ ချမ်းသာစွာအိပ်ရလေ၏။ အိပ်ပျော်နေစဉ်၌လည်း အိမ်မက်ဆိုးကို မမြင်မက်နိုင် ဤသို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသည့် မေတ္တသုတ် ပရိတ်တော်ကို ကွနု်ပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။

၃။ အကျိုးစီးပွား၌လိမ္မာသော သူသည် ငြိမ်သက်စွာသော နိဗ္ဗာန်သို့ ညဏ်ဖြင့် သက်ဝင်ခြင်းကိုပြ
ုရာသည်။ ပြုနိုင်စွမ်းရှိသူလည်းဖြစ်ရာသည်။ ဖြောင့်မတ်ရာ၏ ၊ ကောင်းစွာဖြောင့်မတ်ရာ၏ ၊ ကောင်းစွာ ဖြောင့်မတ်ရာ၏ ၊ ပညာရှိတို့ ဆိုလွယ်ဆုံးမလွယ်သူလည်း ဖြစ်ရာ၏ ၊ နူးညံ့သိမ်မွေ့ရာ၏ ၊ မာန်မာနမထားရာ။

၎။ ရောင့်ရဲလွယ်ရာ
၏ ၊ သူတစ်ပါးတို့က ပြုစုလွယ်မွေးမြူလွယ်သူမျိုးဖြစ်ရာ၏ ၊ ကိစ္စနည်းစေရာ၏ ၊ အသက်မွေးမှုပေါ့ပါးခြင်းရှိရာ၏ ၊ မျက်စိစသောဣနြေ္ဒတည်ငြိမ်မှုရှိရာ၏၊ ရင့်ကျက်သောပညာရှိရာ၏ ၊ အမူအရာမကြမ်းတမ်းစေရာ၊ ဒါယကာများ ဆွေမျိုးများ ၌သံယောဇဉ် ငြိတွယ်လွန်းခြင်းမဖြစ်စေရာ ။

၅။ ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှုတစ်စုံတစ်ခုကို အနည်းငယ်မျှပင် မပြုမကျင့်ရာ၊ သတ္တ၀ါခပ်သိမ်းချမ်းသာကြပါစေ၊ ဘေးမရှိပါစေနှင့် ၊ ကိုယ်
၏ချမ်းသာခြင်းစိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

၆။ အသက်ရှုရှိုက်သောသတ္တ၀ါအားလုံး၊ ထိတ်လန့်လွယ်သော သတ္တ၀ါအားလုံး၊ တည်ကြည်သော သတ္တ၀ါအားလုံး ၊ ကိုယ်ခန္ဓာရှည်သော သတ္တ၀ါအားလုံး၊ ကြီးသောသတ္တ၀ါအားလုံး၊ မတိုမရှည် မကြီးမငယ် အလယ်အလတ်ဖြစ်သော သတ္တ၀ါ၊ ပုသော တိုသောသတ္တ၀ါ၊ ပိန်သော ကြုံသော သတ္တ၀ါ ၊ ဆူသော ဖြိုးသောသတ္တ၀ါ၊

၇။ မျက်စိဖြင့် မြင်နိုင်သော သတ္တ၀ါ၊ မျက်စိဖြင့် မမြင်နိုင်သော သတ္တ၀ါ ၊ အဝေးမှာရှိသော သတ္တ၀ါ၊ မနီးမဝေးမှာရှိသော သတ္တ၀ါ ၊ ဖြစ်ပြီးသော သတ္တ၀ါ ၊ နောင်ဖြစ်လတ္တံ့သောသတ္တ၀ါ ၊ ဆိုခဲ့ပါ သတ္တ၀ါအားလုံးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေကုန်သတည်း။

၈။ တစ်ယောက်နှင့်တစ်ယောက် အမျက်ဒေါသမထွက်ရာ၊ အလုပ်ကိစ္စတစ်ခုခုနှင့်စပ်လျဉ်း၍ တစ်ယောက်ယောက်ကို ချူပ်ချယ်သော စကားမပြောရာ၊ မုန်းတီးသော စိတ်ဖြင့် အမှတ်မထားရာ ၊ အနည်းငယ်မျှ မထီမဲ့မြင် မထင်ကောင်း၊ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ဆင်းရဲဒုက္ခ ကို အလိုမရှိသင့်ပေ။

၉။ အမိသည် မိမိဝမ်း၌လွယ်၍ မွေးရသော တစ်ဦးတည်းသော သားကို အသက်လောက် ချစ်မြတ်နိုး၍ အစဉ်မပြတ် စောင့်ရှောက်သည့်နည်းတူ သတ္တ၀ါ အားလုံးတို့ အပေါ်၌ အတိုင်းမသိ ကြီးမားသော မေတ္တာစိတ်ကို ပွားများရာ၏။

၁၀။ အထက်အောက်ဘေးဘီအရပ်မျက်နှာအားလုံး အကျဉ်းအမြောင်းမရှိ၊ အတွင်းရန်အပြင်ရန်မရှိ၊ အတိုင်းမသိမြတ်နိုးတတ်သော မေတ္တာစိတ်ကို ပွားများစေရာ၏။

၁၁။ အိပ်ငိုက်သောအခါမှတစ်ပါး မတ်တတ်ရပ်နေစဉ်ဖြစ်စေ၊ လမ်းလျှေက်သွားနေစဉ်ဖြစ်စေ ၊ ထိုင်နေစဉ်ဖြစ်စေ ၊ လဲလျောင်းနေစဉ်ဖြစ်စေ ၊ အမြဲမပြတ်သတိချပ်လျက် မေတ္တာပို့နေရာ၏။ ယင်းသို့ မေတ္တာစိတ်နှင့် အမြဲမပြတ်နေခြင်းထိုင်ခြင်းကို "မြတ်သောနေခြင်း" ဟူ၍ ဤဂေါတမဘုရား သာသနာတော်၌ ဆိုကြလေပြီ။

၁၂။ မှားသောအယူဝါဒကို လက်မခံဘဲ ကိုယ်ကျင့်သီလရှိစေရာ၏။ မဂ်ညဏ် အမြင်နှင့်ပြည့်စုံစေရာ၏။ ကိလေသာအာရုံ ကာမဂုဏ်တို့၌ တပ်နှစ်သက်ခြင်းကို ပယ်ဖျောက်ရာ၏။ ဤသို့သော လူမျိုးသည် မိခင်ဝမ်း၌ တဖန် ပဋိသန္ဓေမနေရတော့ပေ၊ ၀ဋ်ဘ၀ချုပ်ငြိမ်း၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ပေလတ္တံ့။

မှတ်ချက်၊ ကျွန်တော့် အသိတစ်ယောက်ပြောတာ တော့ ကျွန်တော်လည်း ကြားဖူးတယ်။ မေတ္တသုတ်ကို အနက်အဓိပ္ပာယ်သိသိ နဲ့ တစ်နေ့ ကို ၈ ခေါက်ရွတ်ရင် မိမိလိုချင်တဲ့ စိတ်အလိုဆန္ဒပြည့်ပြီး လူချစ်လူခင်များပြီး အကျိုးထူးတယ် တဲ့။

ကြော်ငြာဝင်တာနော်။ စင်ကာပူမှာ အလုပ်လာလျှောက်တဲ့ အကို အမ တွေအကုန်လုံးနဲ့
အလုပ်ရပြီးသော PR လျှောက်နေသော အကိုအမတွေအားလုံး ဒီမေတ္တသုတ်ကို အနက်အဓိပ္ပာယ်သိသိ ရွတ်ကြရင်းဖြင့် အစစအရာရာလုပ်ငန်းဆောင်တာ ကိစ္စအ၀၀ အဆင်ပြေကြပါစေလို့  ဆုတောင်းရင်း........

လေးစားလျှက်
သဲသဲ

Monday, May 25, 2009

စိတ်ခံစားချက်


ဒီပို့စ်လေးကို ကျွန်တော်ရေးလိုက်တာ စိတ်ထဲကခံစားချက်ပါ။

ကျွန်တော့်ဘ၀မှာ ထူးထူးခြားခြားကျွန်တော်သီလလုံတာဆိုလို့ ငါးပါးသီလမှာ သုရာမေရိယဆိုတာ ပဲ၇ှိတယ် ရယ် ။ ကာမေသုနဲ့ အဒိန်နာဒါနာ ကတော့ မိန်းကလေးမိုလို့ ပြောစရာလိုမည်မထင်၊ အဲဒါကြောင့် ကျွန်တော်ထူးထူးခြားခြားကြီး သစ္စာဆိုမနေပါဘူး ။ ကျွန်တော် တစ်ခုပဲသစ္စာဆိုမိပါတယ်။ "တပည့်တော် ဒီစင်ကာပူ ရောက်ကတည်းက သုရာမေရိယဆိုတဲ့ ကံကိုကာယကံမှုအားဖြင့် ကျူးလွန်ခြင်းမရှိပါဘုရား ၊ ပြီးတော့ တပည့်တော်မရဲ့ မိဘများကို တပည့်တော် စိတ်ချမ်းချမ်းသာသာနဲ့ ပြည့်ပြည်စုံစုံထားချင်ပါတယ် ဘုရား " ဒီမှန်ကန်သောသစ္စာစကားကြောင့် တပည့်တော် .........ဖြစ်ရပါစေ လို့ ကျွန်တော် ဆုတောင်းခဲ့ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ မနောကံအားဖြင့် ကျွန်တော် မလုံခဲ့ပါဘူး။ ကျွန်တော် အသည်းကွဲပြီး စိတ်ဓာတ်တွေ တအားကျနေတဲ့ အချိန်တုန်းက စိတ်ထဲမှာ အရက်သောက်ပြီး ခနဖြစ်ဖြစ် သူ့ကို မေ့လို့ရရင် မေ့လိုက်ချင်သလိုလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်စိတ်သာရှိခဲ့တာပါ။ ကျွှန်တော် အဲလိုမလုပ်ဖြစ်ခဲ့ပါဘူး။

ကျွန်တော် စင်ကာပူရောက်ကတည်းက ဘီယာကိုတစ်ခါမှမသောက်ဖူးဘူး။ ရန်ကုန်မှာဆိုရင်တော့ ကျွန်တော်မကြားဘူးတဲ့ အရာတွေထဲကတစ်ခုပေါ့ ။ ငယ်ငယ်တုန်းက တော့ ကျွန်တော့် ဦးလေတွေထားတဲ့ ဘီယာဘူးကိုေ၇ဗူးနဲ့မှားပြီး သောက်ဖူးပါတယ်။ အဲဒီကတည်းက တော်တော် စိတ်ပျက်မိတယ်။ အ၀င်ကလည်းဆိုး ၀င်သွားပြီးရင်လည်း ခေါင်းမကြည်မလင်နဲ့ လေကျွန်တော်ပြောချင်တာက ဒီအကြောင်း .........................

ဒီနေ့ ကျွန်တော်တို့ ရုံးက ယူကေက ဆော့ဝဲလ်ရောင်းတဲ့ partner တွေလာလို့ မန်ဒရင်းနား အော်ရီးယန်တယ် ဟိုတယ် မှာ အစည်းအဝေး လုပ်တယ် ။ ကျွန်တော်တို့ တရုံးလုံးသွားရတယ်။ ညစာစားပွဲလည်း ရှိတယ်ပေါ့ဗျာ။ ညစာစားပွဲက မာလိုင်းယွန်းနားမှာလေ ၊ အဲဒီမှာပဲ ကျွန်တော့်တို့ ရုံးက လူတွေကသောက်ကြတယ်။ ကျွန်တော်ကို လဲ ဘီယာတိုက် တယ်။ ကျွန်တော်က လူမှုရေးအရမ်းနားလည်တဲ့လူမဟုတ်ဘူး။ ပြီးတော့ ကျွန်တော် သစ္စာဆိုထားတာလည်းရှိတယ် ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်က အဲလိုဘီယာသောက်တာ မကြိုက်ဘူး ။ ၀ါသနာလဲမပါဘူးဗျာ။ အတင်းငြင်းတယ် ။ ကျွန်တော့်ကို သူတို့က ၀ိုင်တိုက်ပြန်ရော ၊ အဲဒီအခါလည်းကျွန်တော်ငြင်းပြန်တယ်။ အဲဒီတော့ သူတို့ ကပြောတယ်။ တော်တော်လေးအလိုက် မသိတတ်ဘူးတဲ့ ။ ကြီးပြင်းအောင်လုပ်အုံးတဲ့ ၊ အင်းပြောရရင် ကိုယ့်နိုင်ငံမဟုတ်လို့ပါ။ ကျွန်တော့်ကို အလိုကြီးပြောတာတော့ ကြိုက်ဘူးဗျာ။ ကျွန်တော်အေးအေးဆေးဆေးပဲနေတတ်တာ ၊ ကျွန်တော်ပဲမှားနေတာလား ? အဖေရေ လူတွေက ကြီးလေ လေ လူမှုရေးတွေများလာလေ ။ဘ၀ ကြီးကရှုပ်လာလေလေပဲ အဖေ ၊ သမီးတော့ ဘာလုပ်ရမယ်မှန်းမသိဘူး။ ဒါပေမဲ့ သမီး ဘယ်ဘီယာ ၀ိုင်တောင်မှ မသောက်ခဲ့ပါဘူး ၊ အဖေပြောတဲ့ လိပ်သောတပန်လေလေး ၊ အဟိ ကျွန်တော်ရဲ့ လိပ်သောတပန် မည်တဲ့ အကြောင်းကိုပြောဦးမယ် ။ ကျွန်တော် ကဘုရားစာအုပ်ကိုဖတ်ပြီး စှူဠသောတပန်ဖြစ်ချင်တယ်လို့ ပြောခဲ့တဲ့နေ့ကလေ အဖေကပြောတယ်ကျွန်တော့်ကို "ငါ့သမီးရယ် ဖေ့ဖေ့သမီးက လိပ်သောတပန်လေးတော့ မလုပ်ပါနဲ့ကွယ် လို့" ဖေဖေကပြောတယ် ။ အဟိ စှူဠဆိုတာက မြန်မာလိုပြန်ရင် လိပ်ကို စှူဠသောတပန်ဆိုတော့ လိပ်သောတပန်ပေါ့ ၊


အဲဒါနဲ့ မပြီးသေးပြန်ဘူး။ ကာရာအိုကေ သွားဆိုကြမယ်ဆိုပြီး ကာရာအိုကေဆိုင်ရောက်သွားပြန်ရော အားလုံးက စလုံးတွေရယ် အဖြူတွေရယ် ကျွန်တော်ရုံးက အမရယ် ကျွန်တော်ရယ်ပဲ၇ှိတယ်။ ဟိုရောက်တော့ ကျွန်တော်ကြောက်လိုက်တာ ၊ ရင်တွေတောင်တုန်သွားတယ်။ နိုင်ငံခြားကားထဲက ဘိလက်ယက်ခုန်နဲ့ ကာရာအိုကေ ဆိုတဲ့ အခန်းနဲ့ တခန်းထဲတွဲလျက်ပါ။ အားလုံးကတော့ ဘီယာတွေကိုယ်စီသောက်ပြီး သူ့အရှိန်နဲ့သူ။ ကျွန်တော်အဲဒီအခန်းထဲကို စ၀င်တုန်းက တအားငိုချင်သွားတယ်။ တော်သေးလို့ ကျွန်တော်ဘေးနားက ကျွန်တော့်ရုံးကအမပါလို့ ၊ မဟုတ်ရင်ကျွန်တော်ငိုမိမလားပဲ၊ ကျွန်တော် အဲလိုနေရာတွေ တခါမှမသွားဘူးဘူးဗျာ ။ ရန်ကုန်မှာဆို စတိတ်ရှိုးတောင်တစ်ခါမှ မကြည့်ဘူးဘူး။ ကျွန်တော် အပိုတွေပြောနေတာမဟုတ်ပါဘူး။ ကျွန်တော့်ရင်မှာ ခံစားလိုက်ရတာကို ကျွန်တော်ချရေးတာပါ။ အဲဒီထဲကလူတွေကလည်း ကျွန်တော်တို့ရုံးကလူတွေရယ် ၊ ယူကေက အရောင်းမန်နေဂျာတွေနဲ့ တက်ကနည်းကယ် သမားတွေချည်းပါပဲ ။ ဒါပေမဲ့ ကျွန်တော်ရင်ထဲမှာ မအေးချမ်းပါ့ဘူးဗျာ။ အရှေ့မှာ ချထားတဲ့ ရေတခွက်ကို သောက်ရင်းပဲ အားမနာနိုင်တော့ဘူး။ သူတို့ဆိုတဲ့ ကာရာအိုကေသံတွေကို မကြားချင်တာရယ် ကျွန်တော် တကယ်အိမ်ပြန်ချင်လာတာနဲ့ သူဠေး ကိုခွင့်တောင်းပြီး ရောက်ပြီး ၁၀ မိနစ်အကြာပဲ ကျွန်တော့်ရုံးက အမနဲ့ ကျွန်တော်နြဲ့ပန်လာ ခဲ့တယ်။ အိမ်ပြန်ရောက်တော့ပဲ ၁၂ နာရီထိုးခါနီးပြီ။ သူတို့ ကတော့ ဆက်လက်ပြီး ဆိုနေကြတုန်းပေါ့ ။ culture မတူရင်တောင် လူတွေက ဆက်ဆံရတာတအားခက်တယ်။ လွတ်လွတ်လပ်လပ် နေတဲ့ သူတို့ထုံးစံတွေက ဗမာတွေနဲ့ဆန့်ကျင်ဘက်ပေါ့။ ကျွန်တော်ဗမာပြည်မှာ လူဖြစ်ပြီးမွေးရတာကို ခုမှပျော်သွားတယ်။ ဗမာ တွေမှာအေးချမ်းတဲ့ life လေးရှိတယ်ဗျာ။ အနောက်နိုင်ငံသားတွေက အဲလိုမဟုတ်ဘူး။
စူညံအော်ဟစ်ပြီး ကိုယ်လုပ်ချင်တာလုပ်နေရမှ ပျော်တယ်လို့ထင်တာလေ။ ကျွန်တော်မွေးခဲ့တဲ့ နိုင်ငံနဲ့ ဘာသာတရားကောင်းကျိုးကို ဒီနိုင်ငံကလူတွေရဲ့ အပေါ်ယံပျော်ရွှင်မှုတွေကို ကြည့်ပြီးပိုပို နှိုင်းယှဉ်သိလာတယ်။ ဒါနဲ့ပဲ အဖေ့ကို သတိရလို့ ကဗျာတစ်ပုဒ်ရေးလိုက်တယ်ဗျာ။ ခံစားကြည့်ပါဦး



ဖေဖေ
လောကကြီးမှာ
အမှားဆိုတာ အမှန်ဖြစ်နေတာလား
ကျွန်တော်ကပဲလွဲနေတာလား?
ဘယ်နေရာမှာ
ဘယ်သူ့ကို
ကျွန်တော်ဘယ်လိုဆက်ဆံရမယ်မှန်းမသိခဲ့ပါဘူး။
ဖေဖေရယ်
ငယ်ငယ်တုန်းက
လမ်းသွားရင်
"ပတ်ဝန်းကျင်ကိုကြည့်ပတ်ဝန်းကျင်ကိုလေ့လာစာအုပ်ကြီးပဲဖတ်မနေနဲ့ သမီး "လို့
ဖေဖေဆူခဲ့တဲ့ စကားကိုနားမထောင်လို့များ
သမီးအလိုက်မသိတတ်တာလား ?
ဖေဖေ
ဘ၀နေနည်းကရှုပ်တယ်အဖေရယ်
ဘုရားအလိုကျနေပြန်ရင်
လူတွေကအလိုမကျသလို
တရားအလိုကျ ဆိတ်ငြိမ်စွာ နေပြန်ရင်လည်း
တော်ကီမပွားနိုင်သော
အလိုက်မသိတတ်သော
အလုပ်မလုပ်ဘူးဟုထင်ခံရသော
သဲသဲ ဖြစ်ရ၏


ကျွန်တော့်ခံစားချက်တွေကို ကျွန်တော် စိတ်ထဲရှိသမျှခံစားရသည့်အတိုင်းရေးခြင်းသာဖြစ်သည်။ မည်သူ့ကို မျှထိခိုက်စေလိုသော အတွေးရယ်မရှိပါ။ ကျွန်တော့် ဘလော့ကိုဖတ်၍ စိတ်စနိုးစနောင့် ဖြစ်သွားသူများ စိတ်အနှောင့်အယှက် ဖြစ်သူများရှိပါက ကျွန်တော်အနူးအညွတ် တောင်းပန်ပါသည်။
လေးစားလျှက်
သဲသဲ

ငယ်စဉ်ကကျွန်တော့်ဘ၀ပုံ၇ိပ်များ

Sunday, May 24, 2009

အိမ်လွမ်းသူ

ဒီနေ့ 
Gtalk ကနေကြားလိုက်ရတဲ့
အမေ့ အသံက ကျွန်တော့် နားထဲမှာချို နေတယ်
ကျွန်တော့် မိဘတွေကို
မမြင်ရတာ
တစ်နှစ်ကျော်ကြာပေါ့
ခါတိုင်းလို
အမေ့အနားမှာ
ကျွန်တော် ရှိချင်ပါတယ်
အမေ့ မေတ္တာ ကို
အချိန်ပြည့်လိုအပ်နေပါတယ် အမေ
အဖေ့ ဆုံးမ စကားသံတွေကိုလည်း
ကျွန်တော်ဘ၀ အတွက် အမြဲတမ်းလို အပ်နေဆဲပါ အဖေ
အအိပ်ကြီး
အပျင်းကြီး
စကားပြောကမတက်
အလိုက်ကမသိ
ရုပ်က ဆိုးတဲ့ ကျွန်တော့် ကို
ချစ်ခဲ့တဲ့
ကျွန်တော့်  ဖေဖေ နဲ့ မေမေ ပါ။
ဘယ်ချိန်ဘယ် ခါများမှပြန်တွေ့ရပါမလိမ့်
ဆင့်ကာပူ ရေ
လေယာဉ်ခလေးများ
Dcount ရရင်တော့
ပြန်မယ် လို့စိတ်ကူးရင်း
အိမ်လွမ်းသူ ကျွန်တော်တစ်ယောက်တော့
မျှော်လင့်ရင်းဝေး.....
လေးစားလျှက်
သဲသဲ

Saturday, May 23, 2009

CCNA အကြောင်းသိကောင်းစရာ အပိုင်း(၁)


ကျွန်တော်တို့ Cisco router ကိုစလေ့လာမယ်ဆိုရင် မသိမဖြစ်သိရမယ့် အစိတ်အပိုင်းလေးတွေကို ကျွန်တော်တစ်ခုချင်းဆီရှင်းပြပါ့မယ်။

(1) RAM - IOS software image , running configuration file and routing tables ကို အဓိက သိမ်းတယ်။


IOS ဆိုတာကတော့ Internet Operation System လို့ခေါ်တယ် ။ ကျွန်တော်တို့ ရိုးရိုး ကွန်ပျူတာတွေမှာ OS တင်ပြီးတော့ သုံးသလို Cisco router တွေမှာ လည်း IOS ဆိုတာရှိတယ်။


Running Configuration file ဆိုတာကတော့ ကျွန်တော်တို့ Cisco router တွေမှာ settings တွေအပြောင်းအလဲ လုပ်တိုင်း မှတ်ထားတဲ့ text file လေးပါပဲ။ အဲဒီ settings တွေ အကုန်လုံးကို Cisco router မှာ effect ဖြစ်စေချင်တယ်ဆိုရင် Cisco router မှာရှိတဲ့ startup configuration file ပေါ်ကို အကုန်ကူးပေးလိုက်ရုံပါပဲ ။ပြောရရင် overwrite လုပ်လိုက်တယ်ပေါ့


Routing table ဆိုတာကတော့ ကျွန်တော်တို့ Cisco router မှာ serial interface or Ethernet interface ကဘယ် routing protocol ကိုသုံးမယ်အစရှိသည်ဖြင့် မှတ်သားထားတဲ့ table လေးတစ်ခုပါ။ Routing protocol ဆိုတဲ့ စကားလုံးအသစ်ကို နောက်ပိုင်းမှာ ဆက်လက်ရှင်းပြပါ့မယ်။


(2) ROM – Router တစ်လုံးကိုစတင် လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် microcode တွေကို store လုပ်ထားတဲ့ chip လေးတစ်ခုပေါ့ ။ Power on Self test လုပ်ဖို့လည်း ဒီ chip ကလေးကပဲဆောင်ရွက်ပေးပါတယ်။


(3) NVRAM – startup configuration file တွေကို store လုပ်ထားတဲ့ နေရာလေးပါ။ Router poweroff သွားတောင်မှ content တွေကို မပျောက်အောင်သိမ်းထားပေးနိုင်ပါတယ်။ Startup configuration file ဆိုတာကတော့ router စတက်တက်ချင်းမှာ သုံးတဲ့ router တစ်ခုလုံး နဲ့ ပတ်သက်တဲ့ setting တွေကိုမှတ်ထားတဲ့ text file လေးပေါ့


(4) Flash – Flash ဆိုတာကတော့ IOS Software image တွေပါတဲ memory ပါပဲ ။ အဲဒီ flash မှာ software images တွေကို store လုပ်ထားနိုင်တယ်။ Router ကနေ boot တတ်မယ်ဆိုရင် Flash ထဲက IOS software image ကိုရှာပြီး bootup လုပ်တယ်။ အဲဒါကြောင့် မိမိရဲ့ router IOS software ကို ကိုယ်တိုင် ပြန်တင်လို့ရတယ်။ ကိုယ့်စိတ်ကြိုက် IOS version နဲ့ပေါ့။ အဟဲ တင်တတ်ရင်ပေါ့လေ။ ကြုံကြွားဦးမယ်။ ကျွန်တော်တော့ တစ်ခါမှမတင်ဘူးဘူး။


(5)Interface – Interface ဆိုတာကတော့ Router ဆိုတဲ့ စက်ကြီးကို အပြင်က network connection တွေနဲ့ ဆက်သွယ်ဖို့ , configure လုပ်ဖို့ အတွက် Cisco router တစ်ခုချင်းဆီပေါ်မှာ ပါတဲ့ serial, Ethernet, Fast Ethernet, console, auxillary , Integarated Service Digital Network(ISDN) ports တို့ပဲဖြစ်ပါတယ်။


(6) CPU – Cisco router မှာလည်းရိုးရိုး PC စက်တစ်လုံးလိုပဲ Central Processing Unit ပါပါတယ်။

------------------------------------------------------------------------------------------------------------------------------------------------

Router ရဲ့ Boot Process


ကျွန်တော်ခု Router bootup လုပ်တဲ့ အဆင့် ၄ ဆင့်ကိုအသေးစိတ်ပြောပြပါ့မယ်။
(1)POST :
ပထမဆုံး Router ကသူ့ရဲ့ hardware configuration တွေကိုစစ်တယ်။ အဲဒီ hardware configuartion အားလုံးအလုပ်ပုံမှန်လုပ်ဆောင်တယ်ဆိုရင် Router ရဲ့ ROM က Power On Self Test ပြီးပြီလို့ ဆိုနိုင်တယ်။

(2) Loading bootstrap
POST အဆင့်ပြီးတဲ့ အခါမှာ ROM ထဲမှာရှိတဲ့ bootstrap code က IOS software ကို loading လုပ်တယ် ။ run လဲ run တယ်။ အဲဒီလို IOS software ကို run ဖို့ အတွက် IOS image ရှိတဲ့နေရာကို သိဖို့လိုတယ်။ startup configuration file ကလည်း NVRAM ထဲမှာရှိနေရမယ်.

(3) Locating & loading IOS Software
IOS software image တွေဟာ ပုံမှန်အားဖြင့် flash memoryထဲမှာ တည်ရှိတယ်။ Bootstrap code တွေက Flash memory ထမှာရှိတဲ့ IOS image တွေကို RAM ထဲကိုထည့်ပြီး IOS software ကို Run တယ်။

(4) Locating & Loading the configuration:
IOS software ကို စစချင်း Run တဲ့အခါမှာ IOS image က router ရဲ့ statup-configuration file ကိုပထမဦးဆုံးရှာတယ်။ startup- configuration file တွေက ပုံမှန်အားဖြင့် NVRAM ထဲမှာ သိမ်းထားလေ့ရှိတယ်။ အဲဒီ IOS software က startup-configuration file ကို ရှာတွေ့သွားတဲ့အခါမှာ အဲဒီ configuration settings အတိုင်း IOS software loading လုပ်တယ်။

(5) Setup Mode:
တကယ်လို့ အဲဒိ configuration file ကို ရှာမတွေ့ဘူးဆိုရင်
IOS software ရဲ့ Auto-install feature က pre existing configuration file ကို configure လုပ်ပြီး Router installation ကိုစလိမ့်မယ်။
အဲဒီ Auto install features ကို configure မလုပ်ထားဘူးဆိုရင်တော့ Router setup mode ပေါ်လာပါလိမ့်မယ်
-------------------------------------------------------------------------------------------------------
Show Commands

Show commands ကို ကျွန်တော်တို့ router ရဲ့ information တွေဖြစ်တဲ့ (flash, IOS image & interfaces) စသည်တို့ ကို သိရှိအောင် ကြည့်တဲ့နေရာမှာ အဲဒီ command လေးကိုသုံးပါတယ်။

ဒီ screen shot လေးက show version ဆိုတဲ့ command cisco router simulator ကို သုံးပြီး run ထားတာပါ။ ဒီ software ကိုလိုချင်ရင် http://www.mediafire.com/?zmnwmni0vim ဒီမှာ click နှိပ်ပါ။

Cisco router IOS ရယ် router model type ရယ် active interfaces နဲ့ ပတ်သက်တဲ့ information တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အိပ်ပြီ တအားအိပ်ချင်နေပါသည် ကျွန်တော်ရေးသော post တွင် Technical နှင့်ဆိုင်သော အမှား များ ရှိလျှင် ကျွန်တော့်ကို comment ပေးစေလိုပါသည် ကျွန်တော်လည်းခုလောလောဆယ် လေ့လာဆဲကာလဖြစ်ပါသည်။
လေးစားလျှက်
သဲသဲ

Wednesday, May 20, 2009

အမေ့မေတ္တာကို ခံစားခြင်း




ကျွန်တော် ငယ်ငယ်တကတည်းက မိဘအပေါ်ဆိုးခဲ့တဲ့ကလေးပါ ။မနက်မိုးလင်း coffee ပူပူလေးများ ကျွန်တော်မသောက်ရရင် ကော်ကော်…… ကော်ကော……ဆိုပြီး တင်ပါးကိုဆောင့်ပြီး တစ်အိမ်လုံးမှာရှိတဲ့ ကျွန်တော့်အဖေ ၊ အမေ ၊ အမ အိမ်ကိုလာတည့် အဒေါ်တွေ၊ ဦးလေးတွေမကျန် ဂျစ်တိုက်တော့တာပဲ။ ကျွန်တော်ဆီကို coffee တခွက်ရောက်လာပြီဆိုရင်တော့ တအိမ်လုံးအေးချမ်းသာယာရှိကြပါတယ်။

ဒါနဲ့ကျွန်တော်ကြီးလာတယ် အမေနိုင်ငံခြားသွားတော့ ကျွန်တော့်အသက်ငယ်ငယ်လေးပဲ ၇ှိသေးတယ်။ ကျွန်တော့်အဒေါ်တွေ အိမ်မှာ လာနေတယ် ။ ကျွန်တော်ကလည်းငယ်တော့ အချော့အမော့အယုအယကြိုက်တယ်။ သုံးနှစ်လောက်အမေနဲ့ခွဲပြီးနေလာတာကြာတော့ လည်း ကျွန်တော်တို့နဲ့ အတူနေတဲ့ အဒေါ်တွေကို မခွဲနိုင်တော့ဘူး။ အမေပြန်လာတော့ ကျွန်တော် အမေ့ကို နည်းနည်းစိမ်းသွားသလိုဖြစ်တယ် ။ အဲဒီမှာ ကျွန်တော့်အမေ ကျွန်တော့်အတွက် နဲ့ တော်တော်စိတ်မကောင်းဖြစ်ရတယ်။ အမှန်တကယ်ကကျွန်တော် သူများစကားကို ယုံတာပါ။ ကျွန်တော့် အဒေါ်က “နင့်အမေကနင့်ကို မချစ်တော့ဘူးလို့ ပြောရင်” ကျွန်တော်ဂျောင်လေးမှာ တိတ်တိတ်လေးထိုင်ပြီးတော့ ကျွန်တော်တိတ်တိတ်ကလေး လူမသိသူမသိငိုတတ်တယ် ။ အဲဒီအချိန်အမေလည်း ကျွန်တော့် အမ ကိစ္စ ၊ အိမ်ကစီးပွားရေးကိစ္စတွေနဲ့ နိုင်ငံရပ်ခြားကပြန်ရောက်ရောက်ချင်း အလုပ်များနေတော့ သတိမထားမိဘူး။
အဲဒီနောက်တော့ အဲဒီအဒေါ် ရွာပြန်သွားတဲ့နေ့မှာပဲ ကျွန်တော်အကြီးအကျယ်ငိုတယ်။ အမေက ဘာဖြစ်လို့လဲ လို့မေးတော့ “ကျွန်တော်အဒေါ့်ကို မခွဲနိုင်ဘူးလို့ပြောခဲ့တယ်” ၊ အဲဒီမှာ အမေအရမ်းဝမ်းနည်းသွားတယ်။ ပြီးတော့ ကျွန်တော့်ကို အရင်က ထက် ပိုပြီးဂရုစိုက်လာခဲ့တယ်။ အဲဒါနဲ့ ကျွန်တော့်ဘ၀မှာ အမေ့ကိုအချစ်ဆုံးပြန်ဖြစ်ခဲ့ပါတယ်။ အမှန်တကယ်ကကျွန်တော် သူများစကားကို ယုံတာလေ။ ကျွန်တော်မကောင်းတာပါ။ ဘ၀မှာ “ ကိုယ့်မိဘလောက် ကိုယ့်အပေါ်ဖြူစင်ရိုးသားသော စေတနာ မေတ္တာတွေနဲ့ ချစ်မယ့်သူဘယ်သူရှိမလဲဗျာ။ “ ခုမှတဖြည်းဖြည်းပိုနားလည်လာတယ်။ ကျွန်တော်ခု နိုင်ငံခြားရောက်လာတော့ ကျွန်တော့်အမေမှာ ကျွန်တော်တို့မိသားစုကို ချစ်လျှက်နဲ့ထားခဲ့ပြီး ရုန်းကန်လှုပ်ရှားရတဲ့ အမေ့ဘ၀ကို ကျွန်တော်ကိုယ်ချင်းစာမိလာတယ်။ အဲဒါကြောင့် ဒီဘလော့လေးကို ရေးချဖြစ်တာပါ။

နောက်တစ်ခုရှိသေးတယ်။ အဲဒါက ကျွန်တော့်ရဲ့ အကျင့်ဆိုးလေးတစ်ခုပေါ့ ။ နားပူနားဆာ တအားလုပ်တတ်တယ် အမေ့ကို ။ ကျွန်တော်တို့ ဆယ်တန်းအောင်ပြီးတော့ ကျွန်တော် ကြွားတာတော့မဟုတ်ရပါဘူး။ 4 D ရလို့ ကျွန်တော့်အမှတ်က သွားဆေးတက္ကသိုလ် (သို့) ကွန်ပျူတာ တက္ကသိုလ် အမှတ်မှီတယ် ။ ကျွန်တော်မှတ်မိပါသေးတယ် ကျွန်တော်အရမ်းကြီးကြိုးစားလွန်းအားကြီးလို့ ရတာမဟုတ်ပါဘူး အဲဒီ D တွေက အမေ့ကြိမ်လုံးကိုကြောက်လို့ မနက်ဆို အစောကြီးစာထထကျက်ရတာ။ ဒါနဲ့ပြောချင်တဲ့ topic ကပျောက်ပြန်ပြီ။ ကွန်ပျူတာတက္ကသိုလ်ရလို့ ကျောင်းေ၇ွးဆိုတော့ ကျွန်တော်ကနိုင်ငံခြားရူးရူးတဲ့ကလေး ဒါကြောင့် ရန်ကုန်မှာပဲတက်ချင်တယ်။ ဒါပေမဲ့ အမေနဲ့ အမရယ် ပြောရင်းဆိုရင်းကျွန်တော်ကိုအဲဒီတုန်းက ရန်ကုန်မှာကျောင်းတက်ဖို့တားတဲ့ကျွန်တော့်ဆရာရယ် က တောင်ငူကွန်ပျူတာတက္ကသိုလ်ပဲတတ်စေချင်တယ်။ ၇ပါဘူး ။ ကျွန်တော်က တစ်ခုခုလုပ်ချင်ပြီဆိုရင် ဘူးဆိုဖရုံမသီးတတ်ဘူး။ အမေတို့ ပေးတဲ့ ပိုက်ဆံနဲ့ပဲကျွန်တော်လောက်အောင်တတ်ပါ့မယ်ဆိုပြီးတော့ မြို့ပြပြရဲ့ လူနေမှုဒုက္ခတွေကိုအကုန်ခံစားပြီး သင့်တင့်မျှတအောင်နေထိုင်ခဲ့ပါတယ်။ အဖေနဲ့ အမေနဲ့ ကျွန်တော်တို့နှစ်ယောက်စလုံးတက္ကသိုလ်ကျောင်းအတူတူတက်တဲ့အချိန်မှာ အတော်ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်တကယ်များသိတတ်မယ်ဆိုရင် တောင်ငူကွန်ပျူတာတက္ကသိုလ်မှာ ပထမနှစ်တက်၊ ဒုတိယနှစ်နဲ့ တတိယနှစ်နဲ့မှာ ပြည်ကွန်ပျူတာတက္ကသိုလ်ကို ပြောင်းတက်ခဲ့ဖို့ကောင်းတာ။ အဲဒါဆိုရင် ကျွန်တော်လည်း ကျွန်တော့်အဖေနဲ့ အမေကိုလည်း အမြဲတမ်း ဂရုတစိုက်စောင့်ရှောက်နိုင်သလို အမေနဲ့အဖေလည်း ကျွန်တော့်အတွက်နဲ့ စိတ်သောကပူပန်ခြင်းဖြစ်ခဲ့မှာမဟုတ်ပါဘူး။ အဲဒီအကျိုးရလဒ်ကတော့ ၁၀ တန်းအောင်ပြီးစ ဖက်တီးပုဒ်ကလေးကျွန်တော်ဟာ ရန်ကုန်မှာ သုံးနှစ်ကျောင်းတက်ပြီး တော်တော်ပိန်သွားတယ် ။ ထူသားပေသားကျသွားတာပေါ့ ။ အရမ်းဝေးကွာလွန်းအားကြီးတဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကြီးကို တနေ့ ၄ နာရီ Bus ကားပေါ်တစ်မျိုး ကျောင်းကားပေါ် တစ်ဖုံ အသွားအပြန်အချိန်တွေပေးပြီး ပညာတွေဆည်းပူးခဲ့ရတာပေါ့လေ။
ဒါကတော့ နောက်ဆုံးမိဘစကားကိုနားမထောင်ဖြစ်တာလို့ပဲပြောရမလားမသိဘူး။ ကျွန်တော်ဒီစင်ကာပူရောက်တော့ ကျွန်တော့် ချစ်ရသောကျွန်တော့်ချစ်သူနဲ့ အမှတ်မထင်စတွေ့ဖြစ်ခဲ့တယ်။ အိမ်ကအမေသိသိသွားချင်းပဲ ကျွန်တော့်အတွက်နဲ့ စိတ်မကောင်းဖြစ်ခဲ့ပြန်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တစ်ခါမှ အဲလိုမလုပ်ဖူးဘူး။ ကျွန်တော် နိုင်ငံခြားမထွက်လာခင်အထိ ကျွန်တော်ဘယ်သူနဲ့မှ ရည်းစားဖြစ်ခဲ့ခြင်းမရှိပါဘူး။ ရည်းစားမထားဖြစ်ခဲ့တာ အဖေ့ကြောင့်လည်းပါပါတယ်။ အဖေကပြောတယ်။
သမီးမိန်းကလေးဆိုတာကိုယ့်ကိုကိုယ်တန်ဖိုးရှိအောင်နေရတယ်တဲ့
၇ည်းစားမရှိတဲ့ မိန်းကလေးနဲ့ ရည်းစာရှိတဲ့မိန်းကလေးဆိုရင် ရည်းစားမရှိတဲ့မိန်းကလေးက ပိုတန်ဖိုးရှိတယ်သမီး
ဲရည်းစားရှိတဲ့မိန်းကလေးနဲ့ အိမ်ထောင်ကျပြီးတဲ့မိန်းကလေးနဲ့ဆိုရင် ရည်းစားရှိတဲ့မိန်းကလေးကပိုတန်ဖိုးရှိတယ်
လို့အဖေကပြောခဲ့တယ်။
နောက်တော့ ကျွန်တော်တို့နှစ်ယောက်စလုံး အဆင်မပြေဖြစ်ပြီး ကျွန်တော်တို့ လက်တွဲဖြုတ်ခဲ့ပါတယ် ။ အမှန်အတိုင်းပြောရရင် ကျွန်တော်သူ့ကို တကယ်ချစ်ပါတယ်။ ဒါပေမဲ့ ဘ၀မှာ မိဘတွေကိုစိတ်ချမ်းသာအောင်ထားနိုင်ခြင်းက ပိုအရေးကြီးတယ်လို့ ကျွန်တော်ခံယူမိပါတယ်။ ကျွန်တော်တို့က အမေနဲ့ အဖေနဲ့ မွေးလို့လူဖြစ်လာရတာလေ။ အမှန်ပြောရရင် ကျွန်တော်တို့က သူတို့ကိုယ်ပွားလေးတွေပါပဲ။ ကျွန်တော့်မိဘဆို အသက် ၅၅ နှစ်ကျော်ပြီ ။ သူတို့နောက်ထပ် ၁၀ နှစ်ကျော်ရင် သူတို့တွေ တဖြည်းဖြည်းအိုလာပြီပေါ့ ။ ကျွန်တော်အဲဒီအချိန်မှာ ကျွန်တော်မိဘကို ကျွန်တော်ဘယ်လိုအခြေအနေနဲ့ထားမှာလဲ။ တွေးကြည့်ရင် ခုထိတော့မရေရာသေးဘူး။ ကျွန်တော်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော့်မိဘကို အဲဒီအရွယ်ကျရင် ကျွန်တောရွာကိုပြန်ပြီး ကျွန်တော့်အဖေ နဲ့ အမေနဲ့ ပဲ အတူနေမယ်လို့ ဆုံးဖြတ်ထားတယ်။ အဖေနဲ့ အမေနဲ့ အတွက်လည်း ကျွန်တော်ရဲ့ လစာလေးထဲကနေ အသင့်အတင့် အိမ်လေးတစ်ခု နဲ့ ခြံကျယ်ကျယ်လေးတစ်ခု။ နေရာကတော့ ပြည် (သို့) ကလော ပေါ့၊ ပြည်က ဖေဖေရဲ့ဇာတိရွာနဲ့နီးလို့ ကလောကတော့ ကျွန်တော် ၁ လကျော်ကျော်လောက်နေဖူးလို့ ကျွန်တော်နှစ်သက်တဲ့ အရမ်းနေလို့ကောင်းတဲ့ မြို့လေးပါ။ အဲဒီအချိန်ထိ ကျွန်တော့်အဖေနဲ့ အမေကျန်းကျန်းမာမာရှိနေပါစေလို့ ဆုတောင်းရင်း ။ ဒီဘလော့လေးကိုရေးရင်းနဲ့ ကျွန်တောဆုတောင်းလိုက်ပါတယ်

“ အမေ သမီးဘ၀တသက်လုံးမှာ အမေ့ကို စိတ်ဆင်းရဲအောင်၊ ၀မ်းနည်းအောင်လုပ်ခဲ့သမျှတွေကို ဒီနေ့ကနေစပြီးတဖန်မဖြစ်ပေါ်အောင်ကြိုးစားပါ့မယ်။ မိဘရဲ့ကျေးဇူးကိုဆပ်နိုင်သောသမီးသာဖြစ်ပါရစေလို့ ”
လေးစားလျှက်
သဲသဲ

Tuesday, May 19, 2009

အရိယာနွယ်ဝင်သိကြားမင်းအားဟာသလုပ်ခြင်းအပြစ်

ကျွန်တော် ဒီဘလော့တခုမှ ရတဲ့ လင့်လေးကို ဖတ်ရင်း သဘောကျတာနဲ့ ကူးယူဖော်ပြလိုက်ပါတယ်

ကျွန်တော် လွန်ခဲ့တဲ့ရက်အနည်းငယ်က ကာတွန်းလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။

သိကြားမင်းကို ဇာတ်ကောင်ထားပြီး ဟာသလုပ်ထားတဲ့ တစ်ကွက်ကာတွန်းလေးပါ။

ရုတ်တရက်ကြည့်ရင် ရယ်စရာလို့ထင်ရပေမယ့် အလွန်ကိုကြောက်စရာကောင်းတဲ့

အပြုအမူကြီးပါ။ နားရှုပ်သွားမလားမသိဘူး။ ဒီလိုပါ ၊ “မဖြစ်ဖူးသောဘ၀ မတော်ဖူး

သောဆွေမျိုးမရှိ” လို့ဘုရားရှင်ကဟောကြားထားတာ ရှိပါတယ် ။ ဒီသတ္တလောကမှာ

ရှိတဲ့ သတ္တ၀ါတိုင်းဟာ မဖြစ်ခဲ့ဖူးသောဘ၀ဟူ၍မရှိပါဘူး။ အနိမ့်ဆုံး ငရဲ ၊ တိရိစ္ဆာန် မှ

စ၍ အမြင့်ဆုံးစကြ၀တေးမင်း အထိတိုင်အောင် အကြိမ်ပေါင်းမရေတွက်နိုင်အောင်ဖြစ်

ခဲ့ဖူးပါတယ်။ ပုံသဏ္ဍာန်မျိုးစုံစွာနှင့် သံသရာကိုဖြတ်သန်းခဲ့ရသူချည်းပါပဲ။ မဖြစ်သေး

တာဆိုလို့ အရိယာတို့၏ ဘ၀ပဲ ရှိပါတော့တယ်။


ယခုမျက်မှောက်ခေတ် တာဝတိံသာမှာအုပ်ချုပ်နေတဲ့သိကြားမင်းဟာ ဘုရားရှင်ရဲ့

တစ်ခုသော တရားတစ်ပုဒ် အဆုံးမှာ သောတာပတ္တိဖိုလ် ကျပြီး သောတာပန်တည်ခဲ့

သူပါ။ လွန်ခဲ့ပြီးသော ဘုရားရှင်ရဲ့သာသနာနှစ် (၂၅၅၀)ကိုနတ်တို့၏ သက်တမ်းနှင့်

တွက်လျှင် သိကြားမင်းသောတာပန်တည်တာ (၂၅)ရက်နှင့် နေ့တစ်ဝက်ပဲရှိပါသေး

တယ်။ ဒါကြောင့် လက်ရှိသိကြားမင်းကြီးဟာ စာရှု့သူများနှင့်ကျွန်တော် တို့ဘ၀အ

ဆက်ဆက် ဖြစ်ခဲ့သော သာမန်ပုထုဇဉ် သိကြားမင်းမဟုတ်ပါဘူး။ အရိယာနွယ်ဝင်

တစ်ယောက်ဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့ မြန်မာပြည်က ကာတွန်းဆရာများဟာ

သိကြားမင်းကို အပျော်အပျက်ဇာတ်ကောင်နေရာမှာ ထားပြီးမကြာခဏ ရေးဆွဲတတ်

ကြပါတယ်။ ယခုလို သင်္ကြန်ခါနဲ့နီးလာတဲ့အချိန်မှာပိုဆိုးပါတယ်။ သီချင်းရေးဆရာများ

ကလည်း အပြောင်အပျက်ထည့်ဆိုလိုက်ပါသေးတယ်။ ကြာလာတော့ ထိုအပြုအမူများ

ဟာ လူငယ်ထုများအကြားမှာပျံ့နှံ့လာပါတယ်။ လူကြီးသူမအချို့ကလည်းဗဟုသုတ

နည်းပါးခြင်းကြောင့် ဆိုဆုံးမခြင်း မပြုကြပါဘူး။ အရိယာကိုပျက်ရယ်ပြုစော်ကား ခြင်း

ဟာ တစ်ချိန် တရားအားထုတ်ခဲ့ရင် မဂ်တား ဖိုလ်တားဖြစ်တတ်ပါတယ်။ ဒါကြောင့်

ဘုရားရှင်က တရားအားမထုတ်ခင် အရိယာတို့ကို ပြစ်မှားမိခဲ့သော အပြစ်များရှိပါက

ကျေပါစေကြောင်း တောင်းပန်ခိုင်းခဲ့တာပါ။ တရားအားထုတ်ပြီး ယခုတစ်ဘ၀ထဲနှင့်

ကိစ္စပြတ်ရင် အကြောင်းမဟုတ်ပါဘူး။ အရိယာစော်ကားခဲ့သောအပြစ်ကြီးနှင့် သေဆုံး

သွားခဲ့ရင် အပါယ်ကျတတ်ပါတယ်။


ကျွန်တော်ကိုယ်တိုင်လည်း ဗုဒ္ဓရဲ့တရားများကိုမနာကြားခင်က သိကြားမင်းကိုပျက်

ရယ်ပြုဟာသလုပ်ဖူးခဲ့ပါတယ်။ အခုမှ ကိုယ့်ကိုယ်ကို နောင်တရပြီးဘုရားရှိခိုးတိုင်း

အရိယာကိုစော်ကားသောအပြစ် မထိုက်စေသောငှာ တောင်းပန်နေရပါတယ်။

ဒါကြောင့် ကျွန်တော်မှားခဲ့သလို လူငယ်များမမှားရအောင် ကြိုတင်၍အသိပေးအပ်

ပါတယ်ခင်ဗျား…….။

Friday, May 15, 2009

မကြီးမွေးနေ့ အမှတ်တရ


မနေ့က ၁၄ ရက်နေ့ မေလ က ကျွန်တော့်အမရဲ့မွေးနေ့ပါ။ ကျွန်တော်မှာလဲ ပေးစရာမွေးနေ့လက်ဆောင် ဆိုလို့ ဘာမှ မရှိပါဘူး။ အခွန်လေးဆောင်ရတော့ ရှိသမျှ ကျွန်တော့်ရဲ့ လစာလေးလဲပြောင်ပါလေရော။ ကျွန်တော့်အမကို ကျွန်တော်ချစ်တယ်။

သူ့ မွေးနေ့ကနေစပြီး ကျွန်တော့်အမ အသက်ရှိထင်ရှားရှိနေသေးသရွှေ့ စိတ်ချမ်းသာကိုယ်ချမ်းသာ နဲ့ ဘ၀ခရီးကိုလျှောက်လှမ်းနိုင်ပါစေလို့  ဆုတောင်းပါတယ်

ကျွန်တော်ငယ်ငယ်တုန်းက မှတ်မိသေးတယ် ။ ကျွန်တော်အမေ နိုင်ငံခြားသွားတော့ အဖေ ရယ် အမရယ် ကျွန်တော်ရယ် သုံးယောက်အိမ်မှာပဲကျန်ခဲ့ရတယ် ။ ကျွန်တော့် တို့အိမ်ကို ၀မ်းကွဲအဒေါ် တွေလာနေတယ်။ ၀မ်းကွဲအဒေါ်တွေက ထမင်းဟင်းချက်ပေးတယ် ။ ဒါပေမဲ့ သူတို့လည်း လေ လောကီသားမို့ ကျွန်တော့် တို့ဆီက မီးဖိုချောင်စရိတ်တွေသာပိုတောင်းပြီးတော့ကျွန်တော်နဲ့ ကျွန်တော့်အမနှစ်ယောက် ကောင်းကောင်းမွန်မွန်စားခဲ့ ရတဲ့နေ့လို့မရှိဘူး ။ အဖေက သူ့အလုပ်နဲ့သူမအား ။ ကျွန်တော်တို့ ကလေးနှစ်ယောက်ကလဲ အဒေါ်တွေကျွေးတဲ့ မ၀တ၀ကိုပဲဝအောင်စားဆော့စရာရှိတာဆော့။ငိုစရာရှိတာငို။အဲဒီတုန်းကဆိုကျွန်တော့်တို့နှစ်ယောက်ထမင်းဘူးမှာ အရိုးလေးတွေပဲပါတော့ကျွန်တော့်အမကသူဆီမှာပါတဲ့အရိုးဘေးနားအသားလေးတွေကို ပဲကျွန်တော့်ကိုစားခိုင်းပြီး သူကိုယ်တိုင် အရိုးလေးတွေနဲ့ ပဲ ကျေနပ် နေရတယ် ။ အဲဒါကိုလည်း ကျွန်တော့်အဖေမသိခဲ့ပါဘူး။ ကျွန်တော့် အမေနိုင်ငံခြားကပြန်ရောက်တော့ ကျွန်တော်တောင် ရောဂါအကြီးအကျယ်ဖြစ်လို့ ၂ နှစ်လောက်ဆေးကုယူလိုက်ရတယ်။

တစ်ခုခုဆိုကျွန်တော့်အမ က ကျွန်တော့်ရဲ့ အရှေ့က ရန်ဖြစ်စရာရှိရင် ရန်ဖြစ်ပေးတယ် ။စားစရာရှိရင် ကျွန်တော့်ကိုအရင် ဦးစားပေးတတ်တယ် ။ ကျွန်တော့် မှာ အန္တရယ် တစ်ခုခုဖြစ်လာပြီဆိုရင် ကျွန်တော့်အမပဲ အစစအရာရာ ဖြေရှင်းခဲ့တာပဲ ။

ကျွန်တော့်အမ က ကျွန်တော့်အမေဆိုလဲဟုတ်ပါတယ် ။ အမကြီးတော့အမိရာဆိုသလိုပါပဲ ။ တစ်ခါတစ်ခါ ကျွန်တော့်ကို ကလေးလိုထင်ပြီး နဲနဲပါးပါးဆူတာလေးကလွဲရင်ပေါ့ ။
ဘလော့ဖတ်သူများမှာလည်းကျွန်တော့်လိုအမတစ်ယောက်လောက်ရှိမယ်ဆိုရင် ကျွန်တော့်ခံစားချက်ကိုနားလည်မယ်လို့ မျှော်လင့်ရင်း ဒီညတော့ဒီမျှပါပဲ ။ နက်ဖြန်ရုံးတက်ရဦးမယ်

လေးစားလျှက်
သဲသဲ

Friday, May 8, 2009

အချစ်ရဲ့သဘော

ကျွန်တော်သူ့ကို
အမြတ်တနိုးကြည့်ခဲ့ဖူးရဲ့
ချစ်ရည်ဆန်းသော မြတ်ဝန်းတစုံဖြင့်
သူသိမည်မထင်

ကျွန်တော်သူ့ကို
ချစ်ခဲ့ဖူးရဲ့
ပြာလဲ့လဲ့ကောင်းကင်ပြာအောက်မှာ
တစ်သက်လုံးမခွဲဘူးဆိုတဲ့
ကတိတစ်ခုကိုကျွန်တော်ပေးရင်း
ဒါကိုလည်း သူမှတ်မိမယ်မထင်

ကျွန်တော်တညလုံး
လွမ်းဆွေးဖူးပါရဲ့
"ကိုယ်နဲ့မင်းနဲ့ဆက်တွဲလို့မဖြစ်တော့ဘူးဆိုတဲ့"
ကျွန်တော့်ချစ်သူရဲ့စကားအဆုံး
ဒါကိုလည်သူသိမည်မထင်

ကျွန်တော့်ယုံကြည်ချက်တွေလည်း
တစစီကြေမွပျက်စီးဖူးပါရဲ့
ကျွန်တော့်ချစ်သူပေးသော ဥပေက္ခာများနှင့်အတူ

ဒါပေမဲ့
ဒီနေ့လည်း
ကျွန်တော် ယုံကြည်ချက်တွေနဲ့
တစ်ယောက်တည်း
လျှောက်ဆဲ ပါပဲ
ဆင့်ကာပူရဲ့ လမ်းတွေပေါ်မှာပေါ့
ပြုံးတိုင်းလည်း ပျော်နေတာမဟုတ်တော့သလို
မျက်ရည်ဝဲတိုင်းလည်း ငိုနေတာမဟုတ်တော့ဘူး
စိတ်ထဲမှာ
သူတစ်ယောက်ပဲရှိတယ်ဆိုတာ
ကျွန်တော်ကိုယ်တိုင်နားလည်သွားတဲ့နောက်မှာ
အရာရာဟာ မနေ့တနေ့ကအတိုင်းပါပဲ

လေးစားလျှက်
သဲသဲ



Photo Collection