Friday, May 8, 2009

အချစ်ရဲ့သဘော

ကျွန်တော်သူ့ကို
အမြတ်တနိုးကြည့်ခဲ့ဖူးရဲ့
ချစ်ရည်ဆန်းသော မြတ်ဝန်းတစုံဖြင့်
သူသိမည်မထင်

ကျွန်တော်သူ့ကို
ချစ်ခဲ့ဖူးရဲ့
ပြာလဲ့လဲ့ကောင်းကင်ပြာအောက်မှာ
တစ်သက်လုံးမခွဲဘူးဆိုတဲ့
ကတိတစ်ခုကိုကျွန်တော်ပေးရင်း
ဒါကိုလည်း သူမှတ်မိမယ်မထင်

ကျွန်တော်တညလုံး
လွမ်းဆွေးဖူးပါရဲ့
"ကိုယ်နဲ့မင်းနဲ့ဆက်တွဲလို့မဖြစ်တော့ဘူးဆိုတဲ့"
ကျွန်တော့်ချစ်သူရဲ့စကားအဆုံး
ဒါကိုလည်သူသိမည်မထင်

ကျွန်တော့်ယုံကြည်ချက်တွေလည်း
တစစီကြေမွပျက်စီးဖူးပါရဲ့
ကျွန်တော့်ချစ်သူပေးသော ဥပေက္ခာများနှင့်အတူ

ဒါပေမဲ့
ဒီနေ့လည်း
ကျွန်တော် ယုံကြည်ချက်တွေနဲ့
တစ်ယောက်တည်း
လျှောက်ဆဲ ပါပဲ
ဆင့်ကာပူရဲ့ လမ်းတွေပေါ်မှာပေါ့
ပြုံးတိုင်းလည်း ပျော်နေတာမဟုတ်တော့သလို
မျက်ရည်ဝဲတိုင်းလည်း ငိုနေတာမဟုတ်တော့ဘူး
စိတ်ထဲမှာ
သူတစ်ယောက်ပဲရှိတယ်ဆိုတာ
ကျွန်တော်ကိုယ်တိုင်နားလည်သွားတဲ့နောက်မှာ
အရာရာဟာ မနေ့တနေ့ကအတိုင်းပါပဲ

လေးစားလျှက်
သဲသဲ



2 comments:

  1. ကဗျာလေးက ရှင်းရှင်းလေးနဲ့ ထိထိမိမိ ရှိလှတယ်။ စိတ်ထဲမှာ
    သူတစ်ယောက်ပဲရှိတယ်ဆိုတာ..ကျွန်တော်ကိုယ်တိုင် နားလည်သွားတဲ့ နောက်မှာ အရာရာဟာ မနေ့တနေ့က အတိုင်းပါပဲ. ဒီစာသားလေးကနေ အချစ်ရဲ့ အကြွင်းမဲ့ သဘောသဘာဝ တစ်ခုကို မြင်လိုက်မိ သလိုပဲ။ နှစ်သက်စွာ ခံစားသွားပါတယ်။ များများ ရေးနိုင်စေ။

    ReplyDelete
  2. ပြုံးတိုင်းလည်း ပျော်နေတာမဟုတ်တော့သလို
    မျက်ရည်ဝဲတိုင်းလည်း ငိုနေတာမဟုတ်တော့ဘူး...ဆိုတာလေးက တကယ်ကိုမှန်ပါတယ်...

    လူတိုင်းလူတိုင်း ပျော်လို့ ပြုံးမိတာပဲဖြစ်ကြပါစေလို့....ဆုတောင်းလိုက်ပါတယ်။ သဲသဲ အပါအ၀င်ပေါ့နော်း)

    ReplyDelete