Thursday, May 28, 2009

မေတ္တသုတ်မြန်မာပြန်

ဒီနေ့ ကျွန်တော် ဘလော့ မှာ ဘာ ရေးရင်ကောင်မလဲ လို့ စဉ်းစားလိုက်တာ ကိုယ့်အကြောင်းကိုယ် ဖော်တာလဲ နည်းနည်းများနေတော့ အဟိ .. စာဖတ်သူအကျိုးရှိမယ့် အကြောင်းအရာလေးတစ်ခုရေးမယ်လို့ စိတ်ကူးထဲပေါ်လာတာနဲ့ မေတ္တသုတ် ကိုအနက်အဓိပ္ပာယ်လေးကို ကျွန်တော်ရေးလိုက်ပါတယ် ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်ထဲကမူရင်းအတိုင်း ကူးယူထားခြင်းဖြစ်ပါတယ်။

မေတ္တသုတ်ရွတ်ဖတ်ရခြင်းအကျိုး

ချမ်းချမ်းသာသာ အိပ်ရနိုးရစေသည် ၊ အိမ်မက်ဆိုးများမမက်အောင် ကာကွယ်နိုင်သည်၊ မျက်နှာကြည်လင်ု၍ လူချစ်လူခင်များ လိမ့်မည်၊ အိပ်ခါနီးဆဲဆဲမှာ ရွတ်ပြီးအိပ်လျှင် ညအခါ ဘီလူးစီးခြင်း ၊ ယောင်ယမ်း၍ ထပြေးခြင်း၊ အိပ်နေရင်း အသံနက်ကြီးဖြင့် အော်ခြင်း ၊ အိပ်ရာနားရှိ တွေ့ကရာပစ္စည်းတို ဖြင့် ယောင်ယမ်း၍ ပစ်ပေါက်ခြင်းစသည် တို့ကင်းသည် ။ ထိုသို့ဖြစ်တတ်သူများသည် အထူးတလည် မေတ္တသုတ်ကိ ရွတ်သင့်ပေသည်။

မေတ္တသုတ်မြန်မာပြန်

၁။ မေတ္တသုတ်၏ အကျိုးအာနုဘော်ကြောင့် ဘီလူး၊ဘုမ္မစိုးနတ်တို့သည် ကြောက်မက်ဖွယ်ကောင်းသော ရုပ်အဆင်း ကိုဖန်ဆင်း၍လူတို့အား မပြ၀ံ့ကြကုန်။ မေတ္တသုတ်တော်ကို ညဉ့် အခါ၌လည်ကောင်း နေ့အခါ၌လည်ကောင်း မပျင်းမရိရွတ်ဖတ်လေ့ ရှိသောသူသည်

၂။ အိပ်သောအခါ ချမ်းသာစွာအိပ်ရလေ၏။ အိပ်ပျော်နေစဉ်၌လည်း အိမ်မက်ဆိုးကို မမြင်မက်နိုင် ဤသို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသည့် မေတ္တသုတ် ပရိတ်တော်ကို ကွနု်ပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။

၃။ အကျိုးစီးပွား၌လိမ္မာသော သူသည် ငြိမ်သက်စွာသော နိဗ္ဗာန်သို့ ညဏ်ဖြင့် သက်ဝင်ခြင်းကိုပြ
ုရာသည်။ ပြုနိုင်စွမ်းရှိသူလည်းဖြစ်ရာသည်။ ဖြောင့်မတ်ရာ၏ ၊ ကောင်းစွာဖြောင့်မတ်ရာ၏ ၊ ကောင်းစွာ ဖြောင့်မတ်ရာ၏ ၊ ပညာရှိတို့ ဆိုလွယ်ဆုံးမလွယ်သူလည်း ဖြစ်ရာ၏ ၊ နူးညံ့သိမ်မွေ့ရာ၏ ၊ မာန်မာနမထားရာ။

၎။ ရောင့်ရဲလွယ်ရာ
၏ ၊ သူတစ်ပါးတို့က ပြုစုလွယ်မွေးမြူလွယ်သူမျိုးဖြစ်ရာ၏ ၊ ကိစ္စနည်းစေရာ၏ ၊ အသက်မွေးမှုပေါ့ပါးခြင်းရှိရာ၏ ၊ မျက်စိစသောဣနြေ္ဒတည်ငြိမ်မှုရှိရာ၏၊ ရင့်ကျက်သောပညာရှိရာ၏ ၊ အမူအရာမကြမ်းတမ်းစေရာ၊ ဒါယကာများ ဆွေမျိုးများ ၌သံယောဇဉ် ငြိတွယ်လွန်းခြင်းမဖြစ်စေရာ ။

၅။ ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှုတစ်စုံတစ်ခုကို အနည်းငယ်မျှပင် မပြုမကျင့်ရာ၊ သတ္တ၀ါခပ်သိမ်းချမ်းသာကြပါစေ၊ ဘေးမရှိပါစေနှင့် ၊ ကိုယ်
၏ချမ်းသာခြင်းစိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

၆။ အသက်ရှုရှိုက်သောသတ္တ၀ါအားလုံး၊ ထိတ်လန့်လွယ်သော သတ္တ၀ါအားလုံး၊ တည်ကြည်သော သတ္တ၀ါအားလုံး ၊ ကိုယ်ခန္ဓာရှည်သော သတ္တ၀ါအားလုံး၊ ကြီးသောသတ္တ၀ါအားလုံး၊ မတိုမရှည် မကြီးမငယ် အလယ်အလတ်ဖြစ်သော သတ္တ၀ါ၊ ပုသော တိုသောသတ္တ၀ါ၊ ပိန်သော ကြုံသော သတ္တ၀ါ ၊ ဆူသော ဖြိုးသောသတ္တ၀ါ၊

၇။ မျက်စိဖြင့် မြင်နိုင်သော သတ္တ၀ါ၊ မျက်စိဖြင့် မမြင်နိုင်သော သတ္တ၀ါ ၊ အဝေးမှာရှိသော သတ္တ၀ါ၊ မနီးမဝေးမှာရှိသော သတ္တ၀ါ ၊ ဖြစ်ပြီးသော သတ္တ၀ါ ၊ နောင်ဖြစ်လတ္တံ့သောသတ္တ၀ါ ၊ ဆိုခဲ့ပါ သတ္တ၀ါအားလုံးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေကုန်သတည်း။

၈။ တစ်ယောက်နှင့်တစ်ယောက် အမျက်ဒေါသမထွက်ရာ၊ အလုပ်ကိစ္စတစ်ခုခုနှင့်စပ်လျဉ်း၍ တစ်ယောက်ယောက်ကို ချူပ်ချယ်သော စကားမပြောရာ၊ မုန်းတီးသော စိတ်ဖြင့် အမှတ်မထားရာ ၊ အနည်းငယ်မျှ မထီမဲ့မြင် မထင်ကောင်း၊ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ဆင်းရဲဒုက္ခ ကို အလိုမရှိသင့်ပေ။

၉။ အမိသည် မိမိဝမ်း၌လွယ်၍ မွေးရသော တစ်ဦးတည်းသော သားကို အသက်လောက် ချစ်မြတ်နိုး၍ အစဉ်မပြတ် စောင့်ရှောက်သည့်နည်းတူ သတ္တ၀ါ အားလုံးတို့ အပေါ်၌ အတိုင်းမသိ ကြီးမားသော မေတ္တာစိတ်ကို ပွားများရာ၏။

၁၀။ အထက်အောက်ဘေးဘီအရပ်မျက်နှာအားလုံး အကျဉ်းအမြောင်းမရှိ၊ အတွင်းရန်အပြင်ရန်မရှိ၊ အတိုင်းမသိမြတ်နိုးတတ်သော မေတ္တာစိတ်ကို ပွားများစေရာ၏။

၁၁။ အိပ်ငိုက်သောအခါမှတစ်ပါး မတ်တတ်ရပ်နေစဉ်ဖြစ်စေ၊ လမ်းလျှေက်သွားနေစဉ်ဖြစ်စေ ၊ ထိုင်နေစဉ်ဖြစ်စေ ၊ လဲလျောင်းနေစဉ်ဖြစ်စေ ၊ အမြဲမပြတ်သတိချပ်လျက် မေတ္တာပို့နေရာ၏။ ယင်းသို့ မေတ္တာစိတ်နှင့် အမြဲမပြတ်နေခြင်းထိုင်ခြင်းကို "မြတ်သောနေခြင်း" ဟူ၍ ဤဂေါတမဘုရား သာသနာတော်၌ ဆိုကြလေပြီ။

၁၂။ မှားသောအယူဝါဒကို လက်မခံဘဲ ကိုယ်ကျင့်သီလရှိစေရာ၏။ မဂ်ညဏ် အမြင်နှင့်ပြည့်စုံစေရာ၏။ ကိလေသာအာရုံ ကာမဂုဏ်တို့၌ တပ်နှစ်သက်ခြင်းကို ပယ်ဖျောက်ရာ၏။ ဤသို့သော လူမျိုးသည် မိခင်ဝမ်း၌ တဖန် ပဋိသန္ဓေမနေရတော့ပေ၊ ၀ဋ်ဘ၀ချုပ်ငြိမ်း၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ပေလတ္တံ့။

မှတ်ချက်၊ ကျွန်တော့် အသိတစ်ယောက်ပြောတာ တော့ ကျွန်တော်လည်း ကြားဖူးတယ်။ မေတ္တသုတ်ကို အနက်အဓိပ္ပာယ်သိသိ နဲ့ တစ်နေ့ ကို ၈ ခေါက်ရွတ်ရင် မိမိလိုချင်တဲ့ စိတ်အလိုဆန္ဒပြည့်ပြီး လူချစ်လူခင်များပြီး အကျိုးထူးတယ် တဲ့။

ကြော်ငြာဝင်တာနော်။ စင်ကာပူမှာ အလုပ်လာလျှောက်တဲ့ အကို အမ တွေအကုန်လုံးနဲ့
အလုပ်ရပြီးသော PR လျှောက်နေသော အကိုအမတွေအားလုံး ဒီမေတ္တသုတ်ကို အနက်အဓိပ္ပာယ်သိသိ ရွတ်ကြရင်းဖြင့် အစစအရာရာလုပ်ငန်းဆောင်တာ ကိစ္စအ၀၀ အဆင်ပြေကြပါစေလို့  ဆုတောင်းရင်း........

လေးစားလျှက်
သဲသဲ

1 comment:

  1. သဲရေ
    ဇော်ရောက်ပြန်ပြီကွ။ ခုတလော အလုပ်မအားတာရော ခု ဖျားနေတာရောကြောင့် မရောက်ဖြစ်တာကို ခွင့်လွှတ်နော။ ခုတော့ မေတ္တာသုတ်မြန်မာပြန်လေး ဖတ်သွားတာ။ ကောင်းလိုက်တာဟယ်။ သဲကို တကယ်ကျေးဇူးတင်တယ်။ သိလား။

    ReplyDelete