Monday, May 25, 2009

စိတ်ခံစားချက်


ဒီပို့စ်လေးကို ကျွန်တော်ရေးလိုက်တာ စိတ်ထဲကခံစားချက်ပါ။

ကျွန်တော့်ဘ၀မှာ ထူးထူးခြားခြားကျွန်တော်သီလလုံတာဆိုလို့ ငါးပါးသီလမှာ သုရာမေရိယဆိုတာ ပဲ၇ှိတယ် ရယ် ။ ကာမေသုနဲ့ အဒိန်နာဒါနာ ကတော့ မိန်းကလေးမိုလို့ ပြောစရာလိုမည်မထင်၊ အဲဒါကြောင့် ကျွန်တော်ထူးထူးခြားခြားကြီး သစ္စာဆိုမနေပါဘူး ။ ကျွန်တော် တစ်ခုပဲသစ္စာဆိုမိပါတယ်။ "တပည့်တော် ဒီစင်ကာပူ ရောက်ကတည်းက သုရာမေရိယဆိုတဲ့ ကံကိုကာယကံမှုအားဖြင့် ကျူးလွန်ခြင်းမရှိပါဘုရား ၊ ပြီးတော့ တပည့်တော်မရဲ့ မိဘများကို တပည့်တော် စိတ်ချမ်းချမ်းသာသာနဲ့ ပြည့်ပြည်စုံစုံထားချင်ပါတယ် ဘုရား " ဒီမှန်ကန်သောသစ္စာစကားကြောင့် တပည့်တော် .........ဖြစ်ရပါစေ လို့ ကျွန်တော် ဆုတောင်းခဲ့ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ မနောကံအားဖြင့် ကျွန်တော် မလုံခဲ့ပါဘူး။ ကျွန်တော် အသည်းကွဲပြီး စိတ်ဓာတ်တွေ တအားကျနေတဲ့ အချိန်တုန်းက စိတ်ထဲမှာ အရက်သောက်ပြီး ခနဖြစ်ဖြစ် သူ့ကို မေ့လို့ရရင် မေ့လိုက်ချင်သလိုလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်စိတ်သာရှိခဲ့တာပါ။ ကျွှန်တော် အဲလိုမလုပ်ဖြစ်ခဲ့ပါဘူး။

ကျွန်တော် စင်ကာပူရောက်ကတည်းက ဘီယာကိုတစ်ခါမှမသောက်ဖူးဘူး။ ရန်ကုန်မှာဆိုရင်တော့ ကျွန်တော်မကြားဘူးတဲ့ အရာတွေထဲကတစ်ခုပေါ့ ။ ငယ်ငယ်တုန်းက တော့ ကျွန်တော့် ဦးလေတွေထားတဲ့ ဘီယာဘူးကိုေ၇ဗူးနဲ့မှားပြီး သောက်ဖူးပါတယ်။ အဲဒီကတည်းက တော်တော် စိတ်ပျက်မိတယ်။ အ၀င်ကလည်းဆိုး ၀င်သွားပြီးရင်လည်း ခေါင်းမကြည်မလင်နဲ့ လေကျွန်တော်ပြောချင်တာက ဒီအကြောင်း .........................

ဒီနေ့ ကျွန်တော်တို့ ရုံးက ယူကေက ဆော့ဝဲလ်ရောင်းတဲ့ partner တွေလာလို့ မန်ဒရင်းနား အော်ရီးယန်တယ် ဟိုတယ် မှာ အစည်းအဝေး လုပ်တယ် ။ ကျွန်တော်တို့ တရုံးလုံးသွားရတယ်။ ညစာစားပွဲလည်း ရှိတယ်ပေါ့ဗျာ။ ညစာစားပွဲက မာလိုင်းယွန်းနားမှာလေ ၊ အဲဒီမှာပဲ ကျွန်တော့်တို့ ရုံးက လူတွေကသောက်ကြတယ်။ ကျွန်တော်ကို လဲ ဘီယာတိုက် တယ်။ ကျွန်တော်က လူမှုရေးအရမ်းနားလည်တဲ့လူမဟုတ်ဘူး။ ပြီးတော့ ကျွန်တော် သစ္စာဆိုထားတာလည်းရှိတယ် ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်က အဲလိုဘီယာသောက်တာ မကြိုက်ဘူး ။ ၀ါသနာလဲမပါဘူးဗျာ။ အတင်းငြင်းတယ် ။ ကျွန်တော့်ကို သူတို့က ၀ိုင်တိုက်ပြန်ရော ၊ အဲဒီအခါလည်းကျွန်တော်ငြင်းပြန်တယ်။ အဲဒီတော့ သူတို့ ကပြောတယ်။ တော်တော်လေးအလိုက် မသိတတ်ဘူးတဲ့ ။ ကြီးပြင်းအောင်လုပ်အုံးတဲ့ ၊ အင်းပြောရရင် ကိုယ့်နိုင်ငံမဟုတ်လို့ပါ။ ကျွန်တော့်ကို အလိုကြီးပြောတာတော့ ကြိုက်ဘူးဗျာ။ ကျွန်တော်အေးအေးဆေးဆေးပဲနေတတ်တာ ၊ ကျွန်တော်ပဲမှားနေတာလား ? အဖေရေ လူတွေက ကြီးလေ လေ လူမှုရေးတွေများလာလေ ။ဘ၀ ကြီးကရှုပ်လာလေလေပဲ အဖေ ၊ သမီးတော့ ဘာလုပ်ရမယ်မှန်းမသိဘူး။ ဒါပေမဲ့ သမီး ဘယ်ဘီယာ ၀ိုင်တောင်မှ မသောက်ခဲ့ပါဘူး ၊ အဖေပြောတဲ့ လိပ်သောတပန်လေလေး ၊ အဟိ ကျွန်တော်ရဲ့ လိပ်သောတပန် မည်တဲ့ အကြောင်းကိုပြောဦးမယ် ။ ကျွန်တော် ကဘုရားစာအုပ်ကိုဖတ်ပြီး စှူဠသောတပန်ဖြစ်ချင်တယ်လို့ ပြောခဲ့တဲ့နေ့ကလေ အဖေကပြောတယ်ကျွန်တော့်ကို "ငါ့သမီးရယ် ဖေ့ဖေ့သမီးက လိပ်သောတပန်လေးတော့ မလုပ်ပါနဲ့ကွယ် လို့" ဖေဖေကပြောတယ် ။ အဟိ စှူဠဆိုတာက မြန်မာလိုပြန်ရင် လိပ်ကို စှူဠသောတပန်ဆိုတော့ လိပ်သောတပန်ပေါ့ ၊


အဲဒါနဲ့ မပြီးသေးပြန်ဘူး။ ကာရာအိုကေ သွားဆိုကြမယ်ဆိုပြီး ကာရာအိုကေဆိုင်ရောက်သွားပြန်ရော အားလုံးက စလုံးတွေရယ် အဖြူတွေရယ် ကျွန်တော်ရုံးက အမရယ် ကျွန်တော်ရယ်ပဲ၇ှိတယ်။ ဟိုရောက်တော့ ကျွန်တော်ကြောက်လိုက်တာ ၊ ရင်တွေတောင်တုန်သွားတယ်။ နိုင်ငံခြားကားထဲက ဘိလက်ယက်ခုန်နဲ့ ကာရာအိုကေ ဆိုတဲ့ အခန်းနဲ့ တခန်းထဲတွဲလျက်ပါ။ အားလုံးကတော့ ဘီယာတွေကိုယ်စီသောက်ပြီး သူ့အရှိန်နဲ့သူ။ ကျွန်တော်အဲဒီအခန်းထဲကို စ၀င်တုန်းက တအားငိုချင်သွားတယ်။ တော်သေးလို့ ကျွန်တော်ဘေးနားက ကျွန်တော့်ရုံးကအမပါလို့ ၊ မဟုတ်ရင်ကျွန်တော်ငိုမိမလားပဲ၊ ကျွန်တော် အဲလိုနေရာတွေ တခါမှမသွားဘူးဘူးဗျာ ။ ရန်ကုန်မှာဆို စတိတ်ရှိုးတောင်တစ်ခါမှ မကြည့်ဘူးဘူး။ ကျွန်တော် အပိုတွေပြောနေတာမဟုတ်ပါဘူး။ ကျွန်တော့်ရင်မှာ ခံစားလိုက်ရတာကို ကျွန်တော်ချရေးတာပါ။ အဲဒီထဲကလူတွေကလည်း ကျွန်တော်တို့ရုံးကလူတွေရယ် ၊ ယူကေက အရောင်းမန်နေဂျာတွေနဲ့ တက်ကနည်းကယ် သမားတွေချည်းပါပဲ ။ ဒါပေမဲ့ ကျွန်တော်ရင်ထဲမှာ မအေးချမ်းပါ့ဘူးဗျာ။ အရှေ့မှာ ချထားတဲ့ ရေတခွက်ကို သောက်ရင်းပဲ အားမနာနိုင်တော့ဘူး။ သူတို့ဆိုတဲ့ ကာရာအိုကေသံတွေကို မကြားချင်တာရယ် ကျွန်တော် တကယ်အိမ်ပြန်ချင်လာတာနဲ့ သူဠေး ကိုခွင့်တောင်းပြီး ရောက်ပြီး ၁၀ မိနစ်အကြာပဲ ကျွန်တော့်ရုံးက အမနဲ့ ကျွန်တော်နြဲ့ပန်လာ ခဲ့တယ်။ အိမ်ပြန်ရောက်တော့ပဲ ၁၂ နာရီထိုးခါနီးပြီ။ သူတို့ ကတော့ ဆက်လက်ပြီး ဆိုနေကြတုန်းပေါ့ ။ culture မတူရင်တောင် လူတွေက ဆက်ဆံရတာတအားခက်တယ်။ လွတ်လွတ်လပ်လပ် နေတဲ့ သူတို့ထုံးစံတွေက ဗမာတွေနဲ့ဆန့်ကျင်ဘက်ပေါ့။ ကျွန်တော်ဗမာပြည်မှာ လူဖြစ်ပြီးမွေးရတာကို ခုမှပျော်သွားတယ်။ ဗမာ တွေမှာအေးချမ်းတဲ့ life လေးရှိတယ်ဗျာ။ အနောက်နိုင်ငံသားတွေက အဲလိုမဟုတ်ဘူး။
စူညံအော်ဟစ်ပြီး ကိုယ်လုပ်ချင်တာလုပ်နေရမှ ပျော်တယ်လို့ထင်တာလေ။ ကျွန်တော်မွေးခဲ့တဲ့ နိုင်ငံနဲ့ ဘာသာတရားကောင်းကျိုးကို ဒီနိုင်ငံကလူတွေရဲ့ အပေါ်ယံပျော်ရွှင်မှုတွေကို ကြည့်ပြီးပိုပို နှိုင်းယှဉ်သိလာတယ်။ ဒါနဲ့ပဲ အဖေ့ကို သတိရလို့ ကဗျာတစ်ပုဒ်ရေးလိုက်တယ်ဗျာ။ ခံစားကြည့်ပါဦး



ဖေဖေ
လောကကြီးမှာ
အမှားဆိုတာ အမှန်ဖြစ်နေတာလား
ကျွန်တော်ကပဲလွဲနေတာလား?
ဘယ်နေရာမှာ
ဘယ်သူ့ကို
ကျွန်တော်ဘယ်လိုဆက်ဆံရမယ်မှန်းမသိခဲ့ပါဘူး။
ဖေဖေရယ်
ငယ်ငယ်တုန်းက
လမ်းသွားရင်
"ပတ်ဝန်းကျင်ကိုကြည့်ပတ်ဝန်းကျင်ကိုလေ့လာစာအုပ်ကြီးပဲဖတ်မနေနဲ့ သမီး "လို့
ဖေဖေဆူခဲ့တဲ့ စကားကိုနားမထောင်လို့များ
သမီးအလိုက်မသိတတ်တာလား ?
ဖေဖေ
ဘ၀နေနည်းကရှုပ်တယ်အဖေရယ်
ဘုရားအလိုကျနေပြန်ရင်
လူတွေကအလိုမကျသလို
တရားအလိုကျ ဆိတ်ငြိမ်စွာ နေပြန်ရင်လည်း
တော်ကီမပွားနိုင်သော
အလိုက်မသိတတ်သော
အလုပ်မလုပ်ဘူးဟုထင်ခံရသော
သဲသဲ ဖြစ်ရ၏


ကျွန်တော့်ခံစားချက်တွေကို ကျွန်တော် စိတ်ထဲရှိသမျှခံစားရသည့်အတိုင်းရေးခြင်းသာဖြစ်သည်။ မည်သူ့ကို မျှထိခိုက်စေလိုသော အတွေးရယ်မရှိပါ။ ကျွန်တော့် ဘလော့ကိုဖတ်၍ စိတ်စနိုးစနောင့် ဖြစ်သွားသူများ စိတ်အနှောင့်အယှက် ဖြစ်သူများရှိပါက ကျွန်တော်အနူးအညွတ် တောင်းပန်ပါသည်။
လေးစားလျှက်
သဲသဲ

ငယ်စဉ်ကကျွန်တော့်ဘ၀ပုံ၇ိပ်များ

1 comment:

  1. ညီမရေ ...။ မသောက်ဖူးလို့ အရမ်းငြင်းမယ့်အစား ... အရက်နဲ့ မတည့်လို့ပါ။ အရက်သောက်လိုက်ရင် allergic ဖြစ်လို့ပါဆိုတဲ့ ကျမ္မာရေးအနေနဲ့ ငြင်းကြည့်ပါလား။ တကယ်လည်း အရက်က မတည့်တဲ့လူအတွက် Allergic ဖြစ်စေပါတယ်။ ဒီလိုဆိုတော့ သူတို့လည်း အတင်းတိုက်လို့ မရတော့ဘူးလေ။ လောကကြီးကတော့ ဒီလိုပါဘူး ... ညီမရေးထားသလိုပေါ့၊ ဘုရားအလိုကျနေရင်၊ လူတွေ သိပ်အလိုမကျဘူး .. ဆိုတာလိုပေါ့။ Culture ကွဲတဲ့ နိုင်ငံမှာဆိုတော့ ပိုဆိုးတယ်။ ယောက်ျားလေးဆိုရင်တော့ အကြံပေးလို့ကောင်းတယ်။ မလုပ်ချင်တဲ့ဟာ အတင်းလုပ်ခိုင်းရင် (ဥပမာ - အရက်သောက်မိရင် ကျနော်က သွေးဆိုးလို့ပါဆိုပြီးငြင်း၊ ဒီလိုမှ မရလို့တိုက်လာပြီဆိုရင် ... ဟန်ပြသောက်ပြီး သွေးဆိုးပြလုက်စမ်းပါ။ နောက်တစ်ခါ ကိုယ်က သောက်ပါမယ်ဆိုရင်တောင် သူတို့ မတိုက်တော့ဘူး။) ဟဲ ဟဲ ... ကိုယ်တွေ့နော် ......။

    ReplyDelete