Wednesday, May 20, 2009

အမေ့မေတ္တာကို ခံစားခြင်း




ကျွန်တော် ငယ်ငယ်တကတည်းက မိဘအပေါ်ဆိုးခဲ့တဲ့ကလေးပါ ။မနက်မိုးလင်း coffee ပူပူလေးများ ကျွန်တော်မသောက်ရရင် ကော်ကော်…… ကော်ကော……ဆိုပြီး တင်ပါးကိုဆောင့်ပြီး တစ်အိမ်လုံးမှာရှိတဲ့ ကျွန်တော့်အဖေ ၊ အမေ ၊ အမ အိမ်ကိုလာတည့် အဒေါ်တွေ၊ ဦးလေးတွေမကျန် ဂျစ်တိုက်တော့တာပဲ။ ကျွန်တော်ဆီကို coffee တခွက်ရောက်လာပြီဆိုရင်တော့ တအိမ်လုံးအေးချမ်းသာယာရှိကြပါတယ်။

ဒါနဲ့ကျွန်တော်ကြီးလာတယ် အမေနိုင်ငံခြားသွားတော့ ကျွန်တော့်အသက်ငယ်ငယ်လေးပဲ ၇ှိသေးတယ်။ ကျွန်တော့်အဒေါ်တွေ အိမ်မှာ လာနေတယ် ။ ကျွန်တော်ကလည်းငယ်တော့ အချော့အမော့အယုအယကြိုက်တယ်။ သုံးနှစ်လောက်အမေနဲ့ခွဲပြီးနေလာတာကြာတော့ လည်း ကျွန်တော်တို့နဲ့ အတူနေတဲ့ အဒေါ်တွေကို မခွဲနိုင်တော့ဘူး။ အမေပြန်လာတော့ ကျွန်တော် အမေ့ကို နည်းနည်းစိမ်းသွားသလိုဖြစ်တယ် ။ အဲဒီမှာ ကျွန်တော့်အမေ ကျွန်တော့်အတွက် နဲ့ တော်တော်စိတ်မကောင်းဖြစ်ရတယ်။ အမှန်တကယ်ကကျွန်တော် သူများစကားကို ယုံတာပါ။ ကျွန်တော့် အဒေါ်က “နင့်အမေကနင့်ကို မချစ်တော့ဘူးလို့ ပြောရင်” ကျွန်တော်ဂျောင်လေးမှာ တိတ်တိတ်လေးထိုင်ပြီးတော့ ကျွန်တော်တိတ်တိတ်ကလေး လူမသိသူမသိငိုတတ်တယ် ။ အဲဒီအချိန်အမေလည်း ကျွန်တော့် အမ ကိစ္စ ၊ အိမ်ကစီးပွားရေးကိစ္စတွေနဲ့ နိုင်ငံရပ်ခြားကပြန်ရောက်ရောက်ချင်း အလုပ်များနေတော့ သတိမထားမိဘူး။
အဲဒီနောက်တော့ အဲဒီအဒေါ် ရွာပြန်သွားတဲ့နေ့မှာပဲ ကျွန်တော်အကြီးအကျယ်ငိုတယ်။ အမေက ဘာဖြစ်လို့လဲ လို့မေးတော့ “ကျွန်တော်အဒေါ့်ကို မခွဲနိုင်ဘူးလို့ပြောခဲ့တယ်” ၊ အဲဒီမှာ အမေအရမ်းဝမ်းနည်းသွားတယ်။ ပြီးတော့ ကျွန်တော့်ကို အရင်က ထက် ပိုပြီးဂရုစိုက်လာခဲ့တယ်။ အဲဒါနဲ့ ကျွန်တော့်ဘ၀မှာ အမေ့ကိုအချစ်ဆုံးပြန်ဖြစ်ခဲ့ပါတယ်။ အမှန်တကယ်ကကျွန်တော် သူများစကားကို ယုံတာလေ။ ကျွန်တော်မကောင်းတာပါ။ ဘ၀မှာ “ ကိုယ့်မိဘလောက် ကိုယ့်အပေါ်ဖြူစင်ရိုးသားသော စေတနာ မေတ္တာတွေနဲ့ ချစ်မယ့်သူဘယ်သူရှိမလဲဗျာ။ “ ခုမှတဖြည်းဖြည်းပိုနားလည်လာတယ်။ ကျွန်တော်ခု နိုင်ငံခြားရောက်လာတော့ ကျွန်တော့်အမေမှာ ကျွန်တော်တို့မိသားစုကို ချစ်လျှက်နဲ့ထားခဲ့ပြီး ရုန်းကန်လှုပ်ရှားရတဲ့ အမေ့ဘ၀ကို ကျွန်တော်ကိုယ်ချင်းစာမိလာတယ်။ အဲဒါကြောင့် ဒီဘလော့လေးကို ရေးချဖြစ်တာပါ။

နောက်တစ်ခုရှိသေးတယ်။ အဲဒါက ကျွန်တော့်ရဲ့ အကျင့်ဆိုးလေးတစ်ခုပေါ့ ။ နားပူနားဆာ တအားလုပ်တတ်တယ် အမေ့ကို ။ ကျွန်တော်တို့ ဆယ်တန်းအောင်ပြီးတော့ ကျွန်တော် ကြွားတာတော့မဟုတ်ရပါဘူး။ 4 D ရလို့ ကျွန်တော့်အမှတ်က သွားဆေးတက္ကသိုလ် (သို့) ကွန်ပျူတာ တက္ကသိုလ် အမှတ်မှီတယ် ။ ကျွန်တော်မှတ်မိပါသေးတယ် ကျွန်တော်အရမ်းကြီးကြိုးစားလွန်းအားကြီးလို့ ရတာမဟုတ်ပါဘူး အဲဒီ D တွေက အမေ့ကြိမ်လုံးကိုကြောက်လို့ မနက်ဆို အစောကြီးစာထထကျက်ရတာ။ ဒါနဲ့ပြောချင်တဲ့ topic ကပျောက်ပြန်ပြီ။ ကွန်ပျူတာတက္ကသိုလ်ရလို့ ကျောင်းေ၇ွးဆိုတော့ ကျွန်တော်ကနိုင်ငံခြားရူးရူးတဲ့ကလေး ဒါကြောင့် ရန်ကုန်မှာပဲတက်ချင်တယ်။ ဒါပေမဲ့ အမေနဲ့ အမရယ် ပြောရင်းဆိုရင်းကျွန်တော်ကိုအဲဒီတုန်းက ရန်ကုန်မှာကျောင်းတက်ဖို့တားတဲ့ကျွန်တော့်ဆရာရယ် က တောင်ငူကွန်ပျူတာတက္ကသိုလ်ပဲတတ်စေချင်တယ်။ ၇ပါဘူး ။ ကျွန်တော်က တစ်ခုခုလုပ်ချင်ပြီဆိုရင် ဘူးဆိုဖရုံမသီးတတ်ဘူး။ အမေတို့ ပေးတဲ့ ပိုက်ဆံနဲ့ပဲကျွန်တော်လောက်အောင်တတ်ပါ့မယ်ဆိုပြီးတော့ မြို့ပြပြရဲ့ လူနေမှုဒုက္ခတွေကိုအကုန်ခံစားပြီး သင့်တင့်မျှတအောင်နေထိုင်ခဲ့ပါတယ်။ အဖေနဲ့ အမေနဲ့ ကျွန်တော်တို့နှစ်ယောက်စလုံးတက္ကသိုလ်ကျောင်းအတူတူတက်တဲ့အချိန်မှာ အတော်ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်တကယ်များသိတတ်မယ်ဆိုရင် တောင်ငူကွန်ပျူတာတက္ကသိုလ်မှာ ပထမနှစ်တက်၊ ဒုတိယနှစ်နဲ့ တတိယနှစ်နဲ့မှာ ပြည်ကွန်ပျူတာတက္ကသိုလ်ကို ပြောင်းတက်ခဲ့ဖို့ကောင်းတာ။ အဲဒါဆိုရင် ကျွန်တော်လည်း ကျွန်တော့်အဖေနဲ့ အမေကိုလည်း အမြဲတမ်း ဂရုတစိုက်စောင့်ရှောက်နိုင်သလို အမေနဲ့အဖေလည်း ကျွန်တော့်အတွက်နဲ့ စိတ်သောကပူပန်ခြင်းဖြစ်ခဲ့မှာမဟုတ်ပါဘူး။ အဲဒီအကျိုးရလဒ်ကတော့ ၁၀ တန်းအောင်ပြီးစ ဖက်တီးပုဒ်ကလေးကျွန်တော်ဟာ ရန်ကုန်မှာ သုံးနှစ်ကျောင်းတက်ပြီး တော်တော်ပိန်သွားတယ် ။ ထူသားပေသားကျသွားတာပေါ့ ။ အရမ်းဝေးကွာလွန်းအားကြီးတဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကြီးကို တနေ့ ၄ နာရီ Bus ကားပေါ်တစ်မျိုး ကျောင်းကားပေါ် တစ်ဖုံ အသွားအပြန်အချိန်တွေပေးပြီး ပညာတွေဆည်းပူးခဲ့ရတာပေါ့လေ။
ဒါကတော့ နောက်ဆုံးမိဘစကားကိုနားမထောင်ဖြစ်တာလို့ပဲပြောရမလားမသိဘူး။ ကျွန်တော်ဒီစင်ကာပူရောက်တော့ ကျွန်တော့် ချစ်ရသောကျွန်တော့်ချစ်သူနဲ့ အမှတ်မထင်စတွေ့ဖြစ်ခဲ့တယ်။ အိမ်ကအမေသိသိသွားချင်းပဲ ကျွန်တော့်အတွက်နဲ့ စိတ်မကောင်းဖြစ်ခဲ့ပြန်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တစ်ခါမှ အဲလိုမလုပ်ဖူးဘူး။ ကျွန်တော် နိုင်ငံခြားမထွက်လာခင်အထိ ကျွန်တော်ဘယ်သူနဲ့မှ ရည်းစားဖြစ်ခဲ့ခြင်းမရှိပါဘူး။ ရည်းစားမထားဖြစ်ခဲ့တာ အဖေ့ကြောင့်လည်းပါပါတယ်။ အဖေကပြောတယ်။
သမီးမိန်းကလေးဆိုတာကိုယ့်ကိုကိုယ်တန်ဖိုးရှိအောင်နေရတယ်တဲ့
၇ည်းစားမရှိတဲ့ မိန်းကလေးနဲ့ ရည်းစာရှိတဲ့မိန်းကလေးဆိုရင် ရည်းစားမရှိတဲ့မိန်းကလေးက ပိုတန်ဖိုးရှိတယ်သမီး
ဲရည်းစားရှိတဲ့မိန်းကလေးနဲ့ အိမ်ထောင်ကျပြီးတဲ့မိန်းကလေးနဲ့ဆိုရင် ရည်းစားရှိတဲ့မိန်းကလေးကပိုတန်ဖိုးရှိတယ်
လို့အဖေကပြောခဲ့တယ်။
နောက်တော့ ကျွန်တော်တို့နှစ်ယောက်စလုံး အဆင်မပြေဖြစ်ပြီး ကျွန်တော်တို့ လက်တွဲဖြုတ်ခဲ့ပါတယ် ။ အမှန်အတိုင်းပြောရရင် ကျွန်တော်သူ့ကို တကယ်ချစ်ပါတယ်။ ဒါပေမဲ့ ဘ၀မှာ မိဘတွေကိုစိတ်ချမ်းသာအောင်ထားနိုင်ခြင်းက ပိုအရေးကြီးတယ်လို့ ကျွန်တော်ခံယူမိပါတယ်။ ကျွန်တော်တို့က အမေနဲ့ အဖေနဲ့ မွေးလို့လူဖြစ်လာရတာလေ။ အမှန်ပြောရရင် ကျွန်တော်တို့က သူတို့ကိုယ်ပွားလေးတွေပါပဲ။ ကျွန်တော့်မိဘဆို အသက် ၅၅ နှစ်ကျော်ပြီ ။ သူတို့နောက်ထပ် ၁၀ နှစ်ကျော်ရင် သူတို့တွေ တဖြည်းဖြည်းအိုလာပြီပေါ့ ။ ကျွန်တော်အဲဒီအချိန်မှာ ကျွန်တော်မိဘကို ကျွန်တော်ဘယ်လိုအခြေအနေနဲ့ထားမှာလဲ။ တွေးကြည့်ရင် ခုထိတော့မရေရာသေးဘူး။ ကျွန်တော်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော့်မိဘကို အဲဒီအရွယ်ကျရင် ကျွန်တောရွာကိုပြန်ပြီး ကျွန်တော့်အဖေ နဲ့ အမေနဲ့ ပဲ အတူနေမယ်လို့ ဆုံးဖြတ်ထားတယ်။ အဖေနဲ့ အမေနဲ့ အတွက်လည်း ကျွန်တော်ရဲ့ လစာလေးထဲကနေ အသင့်အတင့် အိမ်လေးတစ်ခု နဲ့ ခြံကျယ်ကျယ်လေးတစ်ခု။ နေရာကတော့ ပြည် (သို့) ကလော ပေါ့၊ ပြည်က ဖေဖေရဲ့ဇာတိရွာနဲ့နီးလို့ ကလောကတော့ ကျွန်တော် ၁ လကျော်ကျော်လောက်နေဖူးလို့ ကျွန်တော်နှစ်သက်တဲ့ အရမ်းနေလို့ကောင်းတဲ့ မြို့လေးပါ။ အဲဒီအချိန်ထိ ကျွန်တော့်အဖေနဲ့ အမေကျန်းကျန်းမာမာရှိနေပါစေလို့ ဆုတောင်းရင်း ။ ဒီဘလော့လေးကိုရေးရင်းနဲ့ ကျွန်တောဆုတောင်းလိုက်ပါတယ်

“ အမေ သမီးဘ၀တသက်လုံးမှာ အမေ့ကို စိတ်ဆင်းရဲအောင်၊ ၀မ်းနည်းအောင်လုပ်ခဲ့သမျှတွေကို ဒီနေ့ကနေစပြီးတဖန်မဖြစ်ပေါ်အောင်ကြိုးစားပါ့မယ်။ မိဘရဲ့ကျေးဇူးကိုဆပ်နိုင်သောသမီးသာဖြစ်ပါရစေလို့ ”
လေးစားလျှက်
သဲသဲ

1 comment:

  1. သဲရေ... ညီတို့ စာရေးပုံ ရေးနည်းတူနေတယ်နော်။
    မိသားစုကို ဂျီကျတတ်တဲ့ သဲရဲ့ပုံလေးကို မြင်ယောင်ရင်း ပြုံးမိရသေးတယ်။ အဟက်။ ကောင်းတယ်ဗျာ။ ဖတ်လို့။

    ReplyDelete