Friday, May 15, 2009

မကြီးမွေးနေ့ အမှတ်တရ


မနေ့က ၁၄ ရက်နေ့ မေလ က ကျွန်တော့်အမရဲ့မွေးနေ့ပါ။ ကျွန်တော်မှာလဲ ပေးစရာမွေးနေ့လက်ဆောင် ဆိုလို့ ဘာမှ မရှိပါဘူး။ အခွန်လေးဆောင်ရတော့ ရှိသမျှ ကျွန်တော့်ရဲ့ လစာလေးလဲပြောင်ပါလေရော။ ကျွန်တော့်အမကို ကျွန်တော်ချစ်တယ်။

သူ့ မွေးနေ့ကနေစပြီး ကျွန်တော့်အမ အသက်ရှိထင်ရှားရှိနေသေးသရွှေ့ စိတ်ချမ်းသာကိုယ်ချမ်းသာ နဲ့ ဘ၀ခရီးကိုလျှောက်လှမ်းနိုင်ပါစေလို့  ဆုတောင်းပါတယ်

ကျွန်တော်ငယ်ငယ်တုန်းက မှတ်မိသေးတယ် ။ ကျွန်တော်အမေ နိုင်ငံခြားသွားတော့ အဖေ ရယ် အမရယ် ကျွန်တော်ရယ် သုံးယောက်အိမ်မှာပဲကျန်ခဲ့ရတယ် ။ ကျွန်တော့် တို့အိမ်ကို ၀မ်းကွဲအဒေါ် တွေလာနေတယ်။ ၀မ်းကွဲအဒေါ်တွေက ထမင်းဟင်းချက်ပေးတယ် ။ ဒါပေမဲ့ သူတို့လည်း လေ လောကီသားမို့ ကျွန်တော့် တို့ဆီက မီးဖိုချောင်စရိတ်တွေသာပိုတောင်းပြီးတော့ကျွန်တော်နဲ့ ကျွန်တော့်အမနှစ်ယောက် ကောင်းကောင်းမွန်မွန်စားခဲ့ ရတဲ့နေ့လို့မရှိဘူး ။ အဖေက သူ့အလုပ်နဲ့သူမအား ။ ကျွန်တော်တို့ ကလေးနှစ်ယောက်ကလဲ အဒေါ်တွေကျွေးတဲ့ မ၀တ၀ကိုပဲဝအောင်စားဆော့စရာရှိတာဆော့။ငိုစရာရှိတာငို။အဲဒီတုန်းကဆိုကျွန်တော့်တို့နှစ်ယောက်ထမင်းဘူးမှာ အရိုးလေးတွေပဲပါတော့ကျွန်တော့်အမကသူဆီမှာပါတဲ့အရိုးဘေးနားအသားလေးတွေကို ပဲကျွန်တော့်ကိုစားခိုင်းပြီး သူကိုယ်တိုင် အရိုးလေးတွေနဲ့ ပဲ ကျေနပ် နေရတယ် ။ အဲဒါကိုလည်း ကျွန်တော့်အဖေမသိခဲ့ပါဘူး။ ကျွန်တော့် အမေနိုင်ငံခြားကပြန်ရောက်တော့ ကျွန်တော်တောင် ရောဂါအကြီးအကျယ်ဖြစ်လို့ ၂ နှစ်လောက်ဆေးကုယူလိုက်ရတယ်။

တစ်ခုခုဆိုကျွန်တော့်အမ က ကျွန်တော့်ရဲ့ အရှေ့က ရန်ဖြစ်စရာရှိရင် ရန်ဖြစ်ပေးတယ် ။စားစရာရှိရင် ကျွန်တော့်ကိုအရင် ဦးစားပေးတတ်တယ် ။ ကျွန်တော့် မှာ အန္တရယ် တစ်ခုခုဖြစ်လာပြီဆိုရင် ကျွန်တော့်အမပဲ အစစအရာရာ ဖြေရှင်းခဲ့တာပဲ ။

ကျွန်တော့်အမ က ကျွန်တော့်အမေဆိုလဲဟုတ်ပါတယ် ။ အမကြီးတော့အမိရာဆိုသလိုပါပဲ ။ တစ်ခါတစ်ခါ ကျွန်တော့်ကို ကလေးလိုထင်ပြီး နဲနဲပါးပါးဆူတာလေးကလွဲရင်ပေါ့ ။
ဘလော့ဖတ်သူများမှာလည်းကျွန်တော့်လိုအမတစ်ယောက်လောက်ရှိမယ်ဆိုရင် ကျွန်တော့်ခံစားချက်ကိုနားလည်မယ်လို့ မျှော်လင့်ရင်း ဒီညတော့ဒီမျှပါပဲ ။ နက်ဖြန်ရုံးတက်ရဦးမယ်

လေးစားလျှက်
သဲသဲ

5 comments:

  1. အဲဒီလို ချစ်ခြင်းမေတ္တာ ကြီးမားတဲ့ အမမျိုး ရှိတာ မသဲသဲ ကံကောင်းပါတယ်။ အစ်ကို၊ အမ အများစုကတော့ ညီငယ်၊ ညီမငယ်တွေ အပေါ် ချစ်ခင်ကြင်နာတာပါပဲ။ အပြန်အလှန်ပေါ့။ မလွဲမရှောင်သာတဲ့ ခြေနေတွေ ခြွင်းချက်တော့ ရှိတယ်။ ထားပါတော့။ မသဲသဲရော မသဲသဲရဲ့ အမရော သာယာပျော်ရွှင်ပါစေ ဆုတောင်းပေးပါတယ်။

    ReplyDelete
  2. မွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာ ချစ်သော မိသားစုနဲ့ တူတူ နေရပါစေဗျာ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  3. ဘာခုမှ ဖားနေတာလဲ..ရေပြတ်တော့မှ အမကို ကပ်ပြီး..

    ReplyDelete
  4. မဟုတ်ရပါဘူးဆရာရယ် ။ သမီးမှာဒီအမတစ်ယောက်ထဲရှိတာ။ ရေမပြတ်လည်း သမီးအမကို သမီးချစ်တယ်။

    "လူတိုင်းကိုကိုယ်ချစ်တာလိုက်ပြောပြနေလို့မရဘူးလေ"

    လေးစားလျက်
    သဲသဲ

    ReplyDelete
  5. မကြီးရဲ့မွေးနေ့ပွဲကို လာရောက်တတ်ခဲ့ပါတယ်...
    ကျွန်တော်က အမကြီးမရှိဘူးဆိုတော့ မခံစားတတ်ဘူးဗျာ့.. ဒါပေမယ့်.. သဘောပေါက်ပါတယ်..

    နောက်ဆက်လည်း ပျော်ရွင်ပါစေဗျာ...

    ReplyDelete