Sunday, May 24, 2009

အိမ်လွမ်းသူ

ဒီနေ့ 
Gtalk ကနေကြားလိုက်ရတဲ့
အမေ့ အသံက ကျွန်တော့် နားထဲမှာချို နေတယ်
ကျွန်တော့် မိဘတွေကို
မမြင်ရတာ
တစ်နှစ်ကျော်ကြာပေါ့
ခါတိုင်းလို
အမေ့အနားမှာ
ကျွန်တော် ရှိချင်ပါတယ်
အမေ့ မေတ္တာ ကို
အချိန်ပြည့်လိုအပ်နေပါတယ် အမေ
အဖေ့ ဆုံးမ စကားသံတွေကိုလည်း
ကျွန်တော်ဘ၀ အတွက် အမြဲတမ်းလို အပ်နေဆဲပါ အဖေ
အအိပ်ကြီး
အပျင်းကြီး
စကားပြောကမတက်
အလိုက်ကမသိ
ရုပ်က ဆိုးတဲ့ ကျွန်တော့် ကို
ချစ်ခဲ့တဲ့
ကျွန်တော့်  ဖေဖေ နဲ့ မေမေ ပါ။
ဘယ်ချိန်ဘယ် ခါများမှပြန်တွေ့ရပါမလိမ့်
ဆင့်ကာပူ ရေ
လေယာဉ်ခလေးများ
Dcount ရရင်တော့
ပြန်မယ် လို့စိတ်ကူးရင်း
အိမ်လွမ်းသူ ကျွန်တော်တစ်ယောက်တော့
မျှော်လင့်ရင်းဝေး.....
လေးစားလျှက်
သဲသဲ

2 comments:

  1. အမြန်ပြန်နိုင်ပါစေဗျာ.. အဆင်ပြေခြင်းများစွာနဲ့ပေါ့.. :D

    ReplyDelete
  2. အင်း
    အလွမ်းဓါတ်ခံရှိနေပါတယ်ဆိုမှ
    ဖတ်ပြီး ငိုချင်လာပြီ။ ဟင့်။
    မျက်ရည်တိတ်တိတ် သုတ်ပြီး ပြန်သွားပြီ။ =(

    ReplyDelete