Sunday, January 3, 2010
Tuesday, December 15, 2009
ယုံကြည်မှုဆိုတဲ့အရာတစ်ခု
စကားစကားပြောပါများ စကားထဲကအမှားပါတတ်တယ် ကျနော်လည်း ဘလော့ရေးရင်းနဲ့ အမှားပါတော့မယ်။ ရင်ထဲကအတိုင်းပြောရရင်တော့ တစ်ချို့တစ်ချို့တွေကိုတော်တော်ကြီးကိုစိတ်ကုန်ပါတယ် ။
ကျနော် ဒီကဗျာလေးနဲ့ပဲရင်ဖွင့်လိုက်မယ်ဗျာ ။ မနက်ဖြန်လည်းရုံးသွားစရာရှိသေးလို့ အများကြီးရေးဖို့အချိန်မရဘူး။
ကျနော် ဒီကဗျာလေးနဲ့ပဲရင်ဖွင့်လိုက်မယ်ဗျာ ။ မနက်ဖြန်လည်းရုံးသွားစရာရှိသေးလို့ အများကြီးရေးဖို့အချိန်မရဘူး။
ဆင့်ကာပူမှာနေလို့
ငါတို့တွေစိတ်ချမ်းသာနေ
အဆင်ပြေနေတယ်လို့
မင်းဗမာလူတွေက
ထင်ယောင်ကာ ရယ် အားကျတယ်
တနေ့တခါအလုပ်သွားဖို့
စက်ရုပ်တွေလို လှုပ်ရှားနေရတာ
မနက် ၅ နာရီထဲက ည ၁၀ နာရီထိပဲ
ဒီကြားထဲ
ကိုယ်ချင်းမစာမနာ
လုပ်လိုက်တာက email လေး click တစ်ချက်
မဟာရန်ကုန်က အင်နက်ဆိုင်တွေမှာပေါ့
ငါ့မိသားစုရဲ့ယုံကြည်မှုကိုပျက်စီးအောင်
အမျိုးမျိုးလုပ်ကာရယ်
ကျနော့်ကိုစိတ်မချမ်းသာအောင်လုပ်ကြတယ်။
စိတ်ပူနေသော စိတ်သောကရောက်နေသော
အဝေးရောက်ဖေဖေနဲ့မေမေ
ရင်ထဲမှာ ဘယ်လိုခံစားရမလဲ
တွေးကြည့်ရင်
ဒီနေ့ထိ
အသဲနာတုန်းပဲ
ယုံကြည်ဆိုတဲ့အရာတစ်ခုကို
ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို
ဆင့်ကာပူကိုရောက်လာတဲ့
တနေ့ကြရင် မင်းတို့သိကြမှာပါ
ဆင့်ကာပူရဲ့ဒုက္ခတွေကိုပေါ့
လမကုန်ခင် ပိုက်ပိုက်ပြတ်မှာစိုးရ ၊
နေမကောင်းမဖြစ်အောင် ရှာကြံအသက်မွေးရ
နေမကောင်းဖြစ်ရင်လည်း ကြိတ်မှိတ်ခံရ
ဒီကြားထဲ မိဘတွေကယုံကြည်လို့
အဝေးကိုလွှတ်ကာ
ကိုယ့်ဘ၀ကို ကြိုးစားနေတဲ့သူကို
မိဘတွေထားတဲ့
ကျနော့်အပေါ်မျှော်လင့်ချက်တွေ
ယုံကြည်မှုတွေပျက်စီးအောင်
လုပ်ရက်သူရေ
တစ်နေ့ကျရင်
လည်လိမ့်မယ်နော် (wut,wut)......
ငါတို့တွေစိတ်ချမ်းသာနေ
အဆင်ပြေနေတယ်လို့
မင်းဗမာလူတွေက
ထင်ယောင်ကာ ရယ် အားကျတယ်
တနေ့တခါအလုပ်သွားဖို့
စက်ရုပ်တွေလို လှုပ်ရှားနေရတာ
မနက် ၅ နာရီထဲက ည ၁၀ နာရီထိပဲ
ဒီကြားထဲ
ကိုယ်ချင်းမစာမနာ
လုပ်လိုက်တာက email လေး click တစ်ချက်
မဟာရန်ကုန်က အင်နက်ဆိုင်တွေမှာပေါ့
ငါ့မိသားစုရဲ့ယုံကြည်မှုကိုပျက်စီးအောင်
အမျိုးမျိုးလုပ်ကာရယ်
ကျနော့်ကိုစိတ်မချမ်းသာအောင်လုပ်ကြတယ်။
စိတ်ပူနေသော စိတ်သောကရောက်နေသော
အဝေးရောက်ဖေဖေနဲ့မေမေ
ရင်ထဲမှာ ဘယ်လိုခံစားရမလဲ
တွေးကြည့်ရင်
ဒီနေ့ထိ
အသဲနာတုန်းပဲ
ယုံကြည်ဆိုတဲ့အရာတစ်ခုကို
ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို
ဆင့်ကာပူကိုရောက်လာတဲ့
တနေ့ကြရင် မင်းတို့သိကြမှာပါ
ဆင့်ကာပူရဲ့ဒုက္ခတွေကိုပေါ့
လမကုန်ခင် ပိုက်ပိုက်ပြတ်မှာစိုးရ ၊
နေမကောင်းမဖြစ်အောင် ရှာကြံအသက်မွေးရ
နေမကောင်းဖြစ်ရင်လည်း ကြိတ်မှိတ်ခံရ
ဒီကြားထဲ မိဘတွေကယုံကြည်လို့
အဝေးကိုလွှတ်ကာ
ကိုယ့်ဘ၀ကို ကြိုးစားနေတဲ့သူကို
မိဘတွေထားတဲ့
ကျနော့်အပေါ်မျှော်လင့်ချက်တွေ
ယုံကြည်မှုတွေပျက်စီးအောင်
လုပ်ရက်သူရေ
တစ်နေ့ကျရင်
လည်လိမ့်မယ်နော် (wut,wut)......
လေးစားလျှက်
သဲသဲ
သဲသဲ
Thursday, August 27, 2009
CCNA Exam အမှတ်တရ

ကျနော်တို့ ၄ယောက်စလုံး CCNA စာမေးပွဲကို pass ဖြစ်ခဲ့တယ်။ အရှေ့က ပုံမှာ အချောဆုံးလေးက ကျွန်တော်သဲသဲ၊ ဒုတိယပုံ က ဆရာသန်းထိုက်စိုး ၊ တတိယပုံက ကိုလေး (ခ)ကိုသန့်ဇင် ၊ နောက်ဆုံးပုံက ကိုသီဟ။
ကျွန်တော် တို့လေးယောက်စလုံးစာမေးပွဲဖြေဖို့ကို တိုက်တွန်းနှိုးဆော်သူကတော့ အလယ်က ခပ်ချောချောကတုန်းလေးကို သန့်ဇင်၊ ကျနော်ကတော့ကိုလေး လို့ပဲခေါ်တတ်တယ်။ အလိုနဲ့ ကျနော်တို့ ကျန်တဲ့ သုံးယောက်စလုံး ဂတုံးလေးရဲ့ မယ်ဆွယ်မှုအောက်မှာ CCNA စာမေးပွဲကိုဖြေဖို့ schedule ဆွဲဖြစ်ကြတယ်။ အဟိ အဲဒီထဲမှာ စာမရဆုံးက ကျွန်တော် CCNA စာမေးပွဲကို schedule ဆွဲတဲ့အချိန်ထိ IOS command တွေကလွဲရင် စာတွေကေ၀၀ါးဝါးပဲရှိသေးတယ်။ ဒါတောင် ကျတော့်ကို IOS command နဲ့ပတ်သက်ပြီး စင်ကာပူက ဆရာကိုသန့်ဇင်အောင်က ၁ရက်သေသေချာ စာသင်ပေးလိုက်လို့ ပေါ့။ ဒါ့အပြင် ရန်ကုန်က ကျွန်တော့်မိတ်ဆွေ အပေါ်ကသုံးယောက်ကို အားကိုးပြီး တနေ့တနေ့ online မှာ e-learning လုပ်ရင်းနဲ့ ဒီနေ့ 2:55 မိနစ်မှာ Cisco Certified Network Associate Exam ကို အောင်မြင်ခဲ့ပါတယ်ဗျာ။ အမှတ်စာရင်းကြေငြာချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ဗျာ ။။
သဲသဲ 888
ဆရာသန်းထိုက်စိုး 958
ကိုသန့်ဇင်(ခ)ကိုလေး 888
ကိုသီဟ 944
ထုံးစံအတိုင်း ကျနော်သဲသဲ ရဲ့အမှတ်တွေကတော့ စာမေးပွဲမကျရုံတမယ်ပါပဲ ။ စာမေးပွဲမဖြေခင် ID အဆင်မပြေဖြစ်သွားလို့ စာမေးပွဲမဖြေင် ညကော စာမေးပွဲ ဖြေမယ့် နေ့ကော စာမကြည့်လိုက်ရဘူး။ နောက်ဆုံးက ကိုသီဟရယ် ၊ ကျနော်ရယ် ၊ ကိုလေးရယ် က စာမေးပွဲ မှာ အမှတ်အများဆုံးရတဲ့လူက 1 table လို့ပြောထားတာလေ။ အဲဒါကြောင့် ကိုသီဟက ဓာတ်ပုံထဲက အတိုင်း စိတ်ပိန်နေလေရဲ့။
ကျနော် လည်းဘလော့ကိုဒီနေ့ အမှတ်တရနေ့မိုလို့ နောက်ဆုံးအနေနဲ့ ရေးဖြစ်တယ်ထင်တာပဲ ။ ..........
လေးစားလျှက်
သဲသဲ
သဲသဲ
Wednesday, July 29, 2009
ခံစားချက်အပိုင်းအစ
ချစ်ရတာ လွယ်ပေမဲ့ တသက်လုံးလက်တွဲဖို့ကျခက်တယ်
သံယောဇဉ်ရှိဖူးပေမဲ့ နင့်ကို ချစ်ဖို့ခက်တယ်
ချစ်ခဲ့တဲ့ မျက်ဝန်းတွေက လူတွေရှေ့ကျရင်ညာဖို့ခက်တယ်
ပျော်စရာတွေများနေပေမဲ့ ငါ့ကိုစိတ်ချမ်းသာစေတဲ့ အရာ ကနည်းတယ် ။ ရှားတယ် ။
လူတွေကိုခင်ဖို့ လွယ်ပေမဲ့ လူ့အကြိုက်တိုင်းကို လိုက်လျောဖို့ ခက်တယ်
သူငယ်ချင်းတွေများပေမဲ့ ငါ့ကို ချစ်ခင်တဲ့ သူငယ်ချင်းရှားတယ်
လူတစ်ယောက် အချစ်ကို သိတတ်ခဲ့ပေမဲ့ ပြောမထွက်ခဲ့တာလည်းများတယ်
စိတ်တွေရှုပ်ရှက်ခက်နေပေမဲ့ ဟန်ဆောင်ခဲ့တာများတယ်။
ငါပြုံးရယ်နေပေမဲ့ မပျော်တဲ့ရက်တွေများတယ်
မင်းကိုလွမ်းနေပေမဲ့ အလုပ်ကိုပဲဖိလုပ်ဖို့ ကြိုးစားမိတယ်
ရီစရာတွေပြောပြီး ဘ၀ကိုခနလောက်တော့ မေ့ထားမိတယ်
မချစ်မမုန်း သံယောဇဉ်များကြားမှာ ကျနော့်ဘ၀ပတ်ချာလည်နေတယ် ။
တရားစခန်းတလလောက်ဝင်ပြီး
မေမေနဲ့ဖေဖေကို တွေ့ချင်တယ်
ဘာမဟုတ်ညာမဟုတ်ခံစားချက်များပါ

Saturday, July 25, 2009
အုန်းနို့ ခေါက်ဆွဲ အာရုဏ်ဆွမ်းအလှူ
ကျနော်ဒီနေ့မနက် toapayoh monastery မှာ အုန်းနို့ခေါက်ဆွဲ အာရုဏ်ဆွမ်းကိုလှူဖြစ်တယ် ။ ကျနော်နဲ့ ကျနော်ရဲ့ အမ မသင်းသင်းဦးနဲ့ အတူ မနေ့ညက တညလုံးမအိပ်ပဲ အိပ်ေ၇းပျက်ခံပြီး ချက်ထားတဲ့ အုန်းနို့ခေါက်ဆွဲ။ အောက်မှာ ပြထားတဲ့ပုံတွေက ဘုန်းကြီးများ အာရုဏ်ဆွမ်းပေးနေတုန်း ရိုက်ထားတဲ့ပုံတွေပါ။
ကျနော့်အမအရင်း မတင်မိုး နဲ့ ဆရာကိုသန့်ဇင်မျိုးကို မခေါ်လိုက်ရဘူး ။ အားချင်းလုပ်ဖြစ်သွားလို့ ၊ အဲဒါနဲ့ အမက ကျနော့်ကိုဒီမနက် ဖုန်းဆက်တော့ သူ့ကိုမခေါ်လို့ စိတ်မကောင်းဖြစ်သွားတဲ့ပုံပဲ။ ကျနော်ဘလော့ထဲကပဲ တောင်းပန်ပါတယ်။ ကျနော့်လည်း မနက် ၅ နာရီအရောက်ဘုန်းကြီးကျောင်းကိုထသွားပြီး အိမ်ထဲကချက်ထားတဲ့ ဘုန်းကြီး ဆွမ်းကို မနက်အာရုံ ၇ နာရီ အမှီကပ်ရတော့ ဘယ်သူ့ကိုမှ မခေါ်ဖြစ်ဘူးဖြစ်သွားတယ် ။ သူငယ်ချင်းအားလုံးကိုလည်းတောင်းပန်ပါတယ်။

ဒီပုံလေးကတော့ မနက်အာရုဏ်ဆွမ်းကပ်ပြီး အိုက်တိုးပကေးဆန် အိုးတိုက်ပန်ကန်ဆေးနေကြတဲ့ ညီအစ်မ နှစ်ယောက်ပုံဖြစ်ပါတယ်။
ကျနော်တို့အလှူအကြောင်းလေး တစ်ခါတည်းကြုံတုန်းလေးထည့်ကြွားလိုက်ဦးမယ် ။ အဲဒီ အုန်းနို့ခေါက်ဆွဲကို အမှန်အတိုင်းဝန်ခံရရင် တစ်ခါမှ မချက်ဖူးပါဘူး။ မသင်းသင်းဦးကတော့ ချက်ဖူးတယ်။ အဲဒါနဲ့ ကျနော့်အသိတွေကို မေးကြည့်တော့ ပဲအကျက်မှုန့်နဲ့ ချက်ရတယ်လို့ ပြောတယ်။ အဲဒါနဲ့ မနေ့က ပင်နီဆူလာမှာ ပဲအကျက်မှုန့်သွားဝယ်တော့ ဆိုင်ရှင်ကပြောရှာတယ်။ " သမီးရယ် အုန်းနို့ခေါက်ဆွဲ ချက်ရင် ပဲအစိမ်းမှုန့်နဲ့ပဲ ချက်ရတယ်။ " လို့ဆိုင်ရှင်က အကြံပေးရှာတယ်။ သူငယ်ချင်းကပြောထားတာက ပဲအကျတ်မှုန့် ဆိုရင် အနံ့ မထွက်ဘူး ဆိုပြီးချက်ရင် အဆင်ပြေတယ်လို့ ပြောထားတော့ အဲဒါနဲ့ ပဲအကျက်မှုန့်ပဲ ၀ယ်ြဖစ်လိုက်တယ်။ အဲဒီမှာ ဇာတ်လမ်းစတာပဲ ။ အဲဒါနဲ့ ညက ဘုန်းကြီးကျောင်းမပိတ်ခင် ဘုန်းဘုန်းဆီကချက်ဖို့ ပြုတ်ဖို့ အိုးသွားယူတယ်။ ပြီးတော့ ထုံးစံအတိုင်း ဘာမှ မ၀ယ်ရသေးတော့ ကြက်သားနှစ်ကောင်၊ ခေါက်ဆွဲထုတ်၊ အုန်းနို့ ရည်၊ ကြက်သွန်ဖြူ/နီ ၊ ဂျင်း ၊ငံပြာရည် အစရှိသဖြင့်လိုအပ်တဲ့ တိုတိုထွာထွာလေးတွေကို Fair Price မှာလိုက်ဝယ်ပြီး ညီအစ်မနှစ်ယောက် မနိုင့်တနိုင် နဲ့ ဘုန်းကြီးကျောင်းက ပေးလိုက်တဲ့ ချက်ဖို့ ပြုတ်ဖို့ အိုးတွေနဲ့ Fair Priceက၀ယ်လာတဲ့ အထုတ်အပိုးတွေရယ် ကျနော့်ရဲ့  သယ်နေကျ laptopလေးရယ် နဲ့ အိမ်ကို မရောက်ခင် လမ်းမှာ နှစ်ခေါက်နားပြီး ကျနော်တို့ နှစ်ယောက် အိမ်ကိုပြန်ရောက်လာတယ်
ကျနော်တို့ နှစ်ယောက်အိမ်ေ၇ာက်တော့ပဲ ၁၀ နာရီထိုးပြီ။ အဲဒါနဲ့ မချက်တတ်ချက်တတ်နဲ့ ကြက်နှစ်ကောင်ကို အရင်ကိုင်တယ်။ ပြီးတော့ အရိုးနဲ့ အသားနဲ့ကိုဆား ၊ အချိုမှုန့် ၊ ငံပြာရည်နဲ့ ရောပြီး အရင်ပြုတ်ကြတယ်။ ပြောရရင် အဲဒီကထွက်လာတဲ့ ကြက်ပြုတ်ရည်ကို အချိုရည်အနေနဲ့ အုန်းနို့ခေါက်ဆွဲ မှာ ပြန်ထည့်မလို့လေ။
ကျနော့်အမအရင်း မတင်မိုး နဲ့ ဆရာကိုသန့်ဇင်မျိုးကို မခေါ်လိုက်ရဘူး ။ အားချင်းလုပ်ဖြစ်သွားလို့ ၊ အဲဒါနဲ့ အမက ကျနော့်ကိုဒီမနက် ဖုန်းဆက်တော့ သူ့ကိုမခေါ်လို့ စိတ်မကောင်းဖြစ်သွားတဲ့ပုံပဲ။ ကျနော်ဘလော့ထဲကပဲ တောင်းပန်ပါတယ်။ ကျနော့်လည်း မနက် ၅ နာရီအရောက်ဘုန်းကြီးကျောင်းကိုထသွားပြီး အိမ်ထဲကချက်ထားတဲ့ ဘုန်းကြီး ဆွမ်းကို မနက်အာရုံ ၇ နာရီ အမှီကပ်ရတော့ ဘယ်သူ့ကိုမှ မခေါ်ဖြစ်ဘူးဖြစ်သွားတယ် ။ သူငယ်ချင်းအားလုံးကိုလည်းတောင်းပန်ပါတယ်။
ကျနော်တို့ နှစ်ယောက်အိမ်ေ၇ာက်တော့ပဲ ၁၀ နာရီထိုးပြီ။ အဲဒါနဲ့ မချက်တတ်ချက်တတ်နဲ့ ကြက်နှစ်ကောင်ကို အရင်ကိုင်တယ်။ ပြီးတော့ အရိုးနဲ့ အသားနဲ့ကိုဆား ၊ အချိုမှုန့် ၊ ငံပြာရည်နဲ့ ရောပြီး အရင်ပြုတ်ကြတယ်။ ပြောရရင် အဲဒီကထွက်လာတဲ့ ကြက်ပြုတ်ရည်ကို အချိုရည်အနေနဲ့ အုန်းနို့ခေါက်ဆွဲ မှာ ပြန်ထည့်မလို့လေ။
လွဲသွားတာတစ်ခု
မသင်းသင်းဦးက ကျနော့်ကိုမေးတယ် "ညီမလေး ကြက်သားကို ဒီတိုင်းအတုံးတုံးလေးတွေ လှီးပြီ ဆီသတ်မှာလာ။ (or) ပြုတ်ထားတဲ့ြဲကက်သားကို အမျှင်လေးတွေ ခွာပြီးမှဆီသတ်မှာလား တဲ့ " ကျနော်ဟင်းချက်တတ်ပုံများကတော့ "နွှာပြီးဆီသတ်ရင် ကောင်းမယ်ထင်တယ်နော် အမတဲ့" ကျနော်ပြန်ပြောလိုက်တယ်။အမှန်တကယ်က မနက်ကျမှ သိလိုက်တာက ကပ္ပိယကပြောတယ် "အုန်းနို့ခေါက်ဆွဲဆိုတာ ချက်ရင် ကြက်သားကို အစိမ်းကို အတုံးရွယ်တူ မကြီးမသေးလေးတွေတုံပြီး ဆီသတ်ရတယ်တဲ့ " အဲဒီအခါမှ သိလိုက်တယ်။ တယ်တော်တဲ့ကျနော်ပါလားလို့ ။ လုပ်လိုက်ရင်တလွဲကြီးပဲ ။
အဲဒါနဲ့ ပဲကျနော်တို့ ကြက်သားအမျှင်လေးတွေကို ပြုတ်ထားတဲ့ ကြက်သားထဲက ခဲရာခဲဆစ် ခွာပြီး ကြက်သွန်အဖြူ ၊ ဂျင်း ၊ ငရုတ်သီးေ၇ာင်တင်မှုန့် တို့နဲ့ ဆီသတ်တယ်။ ပြီးတော့ အဲဒီ ကြက်သားဆီသတ်ထားတဲ့ အိုးကို ဒီတိုင်းလေးခန ထားလိုက်တယ်။ ပြီးတော့ မှ ပဲအကျက်မှုန့်ဇာတ်လမ်းစတာပေါ့။ အဲဒီပဲအကျက်မှုန့်ကိုေ၇နဲ့စဖျော်ပြီး မကျေတဲ့အမှုန့်လေးတွေကို လက်နဲ့ စချေပြီး ပဲအရည်ကို ကျိုရမှာလေ။ ဖြစ်ချင်တော့ အိမ်မှာက စစ်တဲ့စကာမရှိဘူး။ ကျနော်မ၀ယ်ထားတတ်ဘူး။ အဲဒီမှာ ရွာလည်တော့တာပဲ။ အဲဒီ လို ရေနဲ့ ပဲအကျက်မှုန့်နဲ့ဖျော်လိုက်လို့ ပဲလေးတွေကို ရေထဲမှာရောသွားပြီး ပဲအမှုန့်ကို အစေ့လေးတွေမဖြစ်အောင်လိုက်ချေရတယ်။ တကယ်လို့ အဲဒီလိုပဲမှုန့်အစေ့လေးတွေဖြစ်သွားရင် သူများတွေက စကာနဲ့စစ်ချပြီး ကျေအောင်လုပ်ကြတယ်။ ကျနော့်မှာတော့ စကာမရှိတော့ ကျနော်တစ်ခါမှ မ၀တ်ရသေးတဲ့ ရန်ကုန်က အမေထည့်ပေးလိုက်တဲ့ ချည်အကျီ အဖြူလေးကို တောမှာ အုန်းနို့ရည် ညှစ်သလို လုပ်ပြီး အရည်ကိုအရင်စစ် အစိစိ လေးတွေထနေတဲ့ ပဲမှုန့်လေးကို မနည်းစိတ်ရှည်ရှည်ထားပြီးလိုက်ချေရပါတယ်။ ပြီးတော့ မှ ကျနော်တို့ ပဲကို မီးပေးပြီး စကျိုကြတယ်။ အဲဒီမှာ အရင်လို မီးကို နည်းနည်းလေးပိုပေးမိတယ်။ အမှန်တကယ်က မီးအေးအေးလေးနဲ့ စိတ်ရှည်လက်ရှည်လုပ်ရ တာလေ။
မှတ်ချက် ၊ ပဲအစိမ်းမှုန့်က အုန်းနို့ ခေါက်ဆွဲ ချက်တဲ့နေရာမှာ ပိုအဆင်ပြေပါတယ်။ ပဲအကျက်မှုန့်အနံ့မထွက်တော့ဘူးလေ။
ပြီးတော့ ကျနော်တို့ အဲဒီပဲအရည်ကျိုတာလေးကို စိတ်ရှည်လက်ရှည်နဲ့ မွှေပေးရင်းနဲ့ မနက်၃ နာရီထိုးသွားတယ်။ ပြီးတော့ ကျနော်တို့ ခုနက ကြက်သားအချိုရည်လေးကိုထည့်တယ်။ ပြီးတော့ ကျနော်တို့ ကြက်သားဆီပြန်ချက်ထားတာလေးတွေရယ်၊ အုန်းနို့ရည် နှစ်ဗူးရယ်ကို ရောထည့်တယ်။ ဖြစ်ချင်တော့ ကြက်သားကို အတုံးလေးတွေမလုပ်လိုက်တော့ အုန်းနို့ခေါက်ဆွဲက အရသာရှိပြီး အမြင်မလှဘူးဖြစ်နေတာနဲ့ ကျောင်းရောက်တော့ ကပ္ပိယတွေကပဲ ကျနော်တို့ရဲ့ လက်ရာလေးတွေကို ကြက်သားတုံးလေးတွေကို ဆီပြန်ထက်ချက်ပြီးပြင်ပေးရှာတယ်။ ဒါနဲ့ ပဲ မနက်အာရုဏ်ဆွမ်းလေးဖြစ်သွားပါတော့တယ်။
"ဘလော့လာလည်တဲ့ ကျနော့်ရဲ့ ညီအစ်ကိုမောင်နှမများအားလုံးကို ကျွန်တော်နှင့်အတူ ယနေ့ထပ်တူထပ်မျှ ကုသိုလ်ရပါစေရန် အမျှ အမျှ အမျှ ပါဗျာ"

အလှူပွဲရှိလို့ အော်ဒါမှာချင်ရင်လက်ခံတယ်နော်
ပုံ
သဲသဲ
ပုံ
သဲသဲ
Wednesday, July 22, 2009
ထင်ကျန်ရစ်သော နှလုံးသားဝေဒနာ
တွေ့ကြုံရတဲ့ လောကဓံတွေကို
မင်းဘေးနားမှာ ရှိခဲ့စဉ်က
ကြံ့ကြံ့ ခံနိုင်ခဲ့ပေမဲ့
ခုချိန်မှာ တော့
ပြိုလဲချင်နေပြီ။
ရုံးအပြန်လမ်းတလျှောက်ငိုနေခဲ့တယ်
အချစ်ဆိုတာမရှိတဲ့ အဝေးတနေရာကို
ခေါ်သွားပေးကြပါလား
အလွမ်း ဒဏ်ရာတွေနဲ့
ထပ်ပြီး မနေချင်တော့လို့ပါ။
ချစ်သူရေ
ကျနော့်ရဲ့ဘလော့လျှောက်လည်တတ်တဲ့ရောဂါက
ကျနော့်ကိုဒီနေ့ ဒဏ်ခတ်လိုက်ပြန်ပြီ
ပျော်နေတဲ့မင်းမျက်နှာရယ်
မင်းကိုချစ်တဲ့သူတစ်ယောက်ရယ်
မင်းဘေးနားမှာ ရှိနေခဲ့ပြီမို့
မင်းမသိအောင်
ငါ့ရင်ထဲမှာ
ဆွေးနေပါတော့မယ်
ငါစိတ်ဓာတ်တွေကျလို့
မင်းမျက်နှာကို မြင်ချင်တဲ့
နေ့လရက်တွေကို
ဘ၀ထဲက ဆန္ဒတစ်ခုအနေနဲ့သာ
လိုချင်တဲ့ တောင်းဆုတွေမပြည့်ခဲ့တဲ့ငါ
မျက်ဝန်းမှာ မိုးတွေရွာနေလို့
မင်းပုံရိပ်တွေထင်ကျန်နေတဲ့
နှလုံးသားတစ်ခုနဲ့ အတူ
ပြာလဲ့နေတဲ့ ကောင်းကင်ပြာအောက်မှာ
ငါတစ်ယောက်တည်း
မင်းကို မျှော်နေတယ်။
မင်းဘေးနားမှာ ရှိခဲ့စဉ်က
ကြံ့ကြံ့ ခံနိုင်ခဲ့ပေမဲ့
ခုချိန်မှာ တော့
ပြိုလဲချင်နေပြီ။
ရုံးအပြန်လမ်းတလျှောက်ငိုနေခဲ့တယ်
အချစ်ဆိုတာမရှိတဲ့ အဝေးတနေရာကို
ခေါ်သွားပေးကြပါလား
အလွမ်း ဒဏ်ရာတွေနဲ့
ထပ်ပြီး မနေချင်တော့လို့ပါ။
ချစ်သူရေ
ကျနော့်ရဲ့ဘလော့လျှောက်လည်တတ်တဲ့ရောဂါက
ကျနော့်ကိုဒီနေ့ ဒဏ်ခတ်လိုက်ပြန်ပြီ
ပျော်နေတဲ့မင်းမျက်နှာရယ်
မင်းကိုချစ်တဲ့သူတစ်ယောက်ရယ်
မင်းဘေးနားမှာ ရှိနေခဲ့ပြီမို့
မင်းမသိအောင်
ငါ့ရင်ထဲမှာ
ဆွေးနေပါတော့မယ်
ငါစိတ်ဓာတ်တွေကျလို့
မင်းမျက်နှာကို မြင်ချင်တဲ့
နေ့လရက်တွေကို
ဘ၀ထဲက ဆန္ဒတစ်ခုအနေနဲ့သာ
လိုချင်တဲ့ တောင်းဆုတွေမပြည့်ခဲ့တဲ့ငါ
မျက်ဝန်းမှာ မိုးတွေရွာနေလို့
မင်းပုံရိပ်တွေထင်ကျန်နေတဲ့
နှလုံးသားတစ်ခုနဲ့ အတူ
ပြာလဲ့နေတဲ့ ကောင်းကင်ပြာအောက်မှာ
ငါတစ်ယောက်တည်း
မင်းကို မျှော်နေတယ်။
လေးစားလျှက်
သဲသဲ
သဲသဲ
Tuesday, July 14, 2009
Subscribe to:
Posts (Atom)