Wednesday, July 29, 2009

ခံစားချက်အပိုင်းအစ

ချစ်ရတာ လွယ်ပေမဲ့ တသက်လုံးလက်တွဲဖို့ကျခက်တယ်

သံယောဇဉ်ရှိဖူးပေမဲ့ နင့်ကို ချစ်ဖို့ခက်တယ်

ချစ်ခဲ့တဲ့ မျက်ဝန်းတွေက လူတွေရှေ့ကျရင်ညာဖို့ခက်တယ်

ပျော်စရာတွေများနေပေမဲ့ ငါ့ကိုစိတ်ချမ်းသာစေတဲ့ အရာ ကနည်းတယ် ။ ရှားတယ် ။

လူတွေကိုခင်ဖို့ လွယ်ပေမဲ့ လူ့အကြိုက်တိုင်းကို လိုက်လျောဖို့ ခက်တယ်

သူငယ်ချင်းတွေများပေမဲ့ ငါ့ကို ချစ်ခင်တဲ့ သူငယ်ချင်းရှားတယ်

လူတစ်ယောက် အချစ်ကို သိတတ်ခဲ့ပေမဲ့ ပြောမထွက်ခဲ့တာလည်းများတယ်

စိတ်တွေရှုပ်ရှက်ခက်နေပေမဲ့ ဟန်ဆောင်ခဲ့တာများတယ်။

ငါပြုံးရယ်နေပေမဲ့ မပျော်တဲ့ရက်တွေများတယ်

မင်းကိုလွမ်းနေပေမဲ့ အလုပ်ကိုပဲဖိလုပ်ဖို့ ကြိုးစားမိတယ်

ရီစရာတွေပြောပြီး ဘ၀ကိုခနလောက်တော့ မေ့ထားမိတယ်

မချစ်မမုန်း သံယောဇဉ်များကြားမှာ ကျနော့်ဘ၀ပတ်ချာလည်နေတယ် ။

တရားစခန်းတလလောက်ဝင်ပြီး

မေမေနဲ့ဖေဖေကို တွေ့ချင်တယ်

ဘာမဟုတ်ညာမဟုတ်ခံစားချက်များပါ

လေးစားလျှက်
သဲသဲ

4 comments:

  1. ဘာမဟုတ် ညာမဟုတ် ခံစားချက်လည်း ခံစားချက်ကခံစားချက်ပါ...

    ReplyDelete
  2. သူငယ်ချင်းJuly 30, 2009 at 11:08 PM

    အဲဒီ့ဘာမဟုတ်. ညာမဟုတ်ကိုက ဟုတ်နေတာ ချစ်သဲရေ..

    ReplyDelete
  3. sis...i love it....

    ReplyDelete
  4. ခံစားချက် အပိုင်းအစလေးတွေကို တစဆီ လိုက်ကောက်သွားပါတယ်..

    yu ya

    ReplyDelete