Sunday, July 12, 2009

အချစ်နဲ့ ဘဝ

ကျနော်တွေးမိတာလေးရှိလို့ ဒီဘလော့လေးကို တင်လိုက်တာပါ။ ဒီညနေကျနော် toapayoh ဘုန်းကြီးကျောင်းကို သွားပြီးတရားနာတယ် ။ အသိတစ်ယောက်ကပြောလို့ ဒီသတင်းလေးကြားလိုက်ရလို့ စိတ်မကောင်းတော့ဖြစ်သွားတယ် ။ ပြောပုံက ဒီလိုဗျာ "အသက် ၂၅ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ယောက် ဒီစင်ကာပူမှာ အိမ်ဖော်အနေနဲ့ လာလုပ်တယ်။ ကျနော်သိရသလောက် စင်ကာပူဒေါ်လာ ၃၀၀ လောက်ရတယ်လို့ပဲ ကြားတယ်။ ပြီးတော့ အိမ်ဖော်အနေနဲ့ လာလုပ်ကျတဲ့ သူတော်တော်များများဟာ အိမ်ရှင်ခွင့်ပြူချက်မရှိပဲနဲ့ အိမ်ပြင်ထွက်လို့ မရဘူး။ အဲဒါနဲ့ အဲဒီကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက် က သူ့အသိကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ မေတ္တာငတ်နေတဲ့ အဲဒီ ကောင်မလေးနဲ့ ကောင်လေးနဲ့ ဖုန်းထဲမှာပဲငြိသွားကြတယ်ပေါ့ဗျာ။ အဲဒါနဲ့ပဲ အဲဒီကောင်မလေးဖုန်းလခ ၂၀၀ ကျော်ကုန်ကျသွားတယ်။ အိမ်ရှင်ကလည်း အဲဒီကောင်မလေးကို တော်တော်စိတ်ပျက်သွားပြီး ။ သူကိုကြိုပေးထားတဲ့ လစာ ၂လစာကို အရှုံးခံပြီး စင်ကာပူကနေမြန်မာနိုင်ငံကို ပြန်ပို့လိုက်တယ်တဲ့ ။ အဲဒီတော့ အဲဒီကောင်မလေးခမျာ ရန်ကုန်ကိုပြန်သွားရရှာတယ်။ " ကျနော်ကြားကြားချင်း စိတ်မကောင်းဖြစ်တာက ကျနော်သိရသလောက် ဒီကို အိမ်ဖော် အနေနဲ့ လာလုပ်တဲ့ သူတော်တော်များများဟာ လစာရဲ့ ၇ လစာကို agent fee အနေနဲ့ ပေးရတယ်။ အဲဒီတော့ သူတို့ခမျာ လုပ်ရတဲ့ လခက 7 လကျော်မှ အိမ်ကို ပြန်ပို့ နိုင်မှာလေ။

ကျနော်ပထမစဉ်းစားမိတာက ဒီကိုလာဖို့ ကျနော်တို့ တွေရဲ့ မိဘတွေက ပေးလိုက်တဲ့ ရှိမဲ့စုမဲ့ သူတို့ ခြိုးခြံပြီး မစားရက်မသောက်ရက် ချွေတာသုံးထားတဲ့ ပိုက်ဆံလေးတွေကို ရင်းပြီး ဒီကိုလာရတယ်။ ပိုက်ဆံတင်မဟုတ်ဘူးနော်။ မိဘတွေရဲ့ သားသမီးအပေါ်မှာ ထားခဲ့တဲ့ မျှော်လင့်ချက်လေးတွေ ။ ပြီးတော့ မိဘဆိုတာ ဆင်းရဲ ရဲ ချမ်းသာသာ သူတို့သားသမီးတွေကို သူတို့ရင်ခွင်မှာပဲ ထားချင်တာလေ။ သူတို့ရင်နဲ့ရင်းပြီးတော့ ချစ်တဲ့သားသမီးတွေကို အဝေးတစ်နေရာမှာ ထားရတာ သူတို့ရင်ထဲဘယ်လောက်များ ပူမလဲဗျာ။ ဘာပဲဖြစ်ဖြစ်အဲလိုဖြစ်သွားတော့ ကောင်မလေး မှားသည်ဖြစ်စေ ၊ မှန်သည်ဖြစ်စေ အထိခိုက်ဆုံးက သူကိုယ်တိုင်နဲ့ သူ့မိဘဆွေမျိုးတွေပဲဖြစ်မှာ ။

နောက်တစ်ခုစဉ်းစားမိတာက တစ်ချို့ သောသူတွေက လူတစ်ယောက်ကို တကယ်မချစ် နိုင်ပဲနဲ့ ကတိတွေပေး အာလူးတွေပေးပြီးတော့ သူများဘ၀မှာ အခက်အခဲ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တာ မကောင်းဘူးလို့ထင်တယ်။

ြဲ့ပီးတော့ ကျနော်အကြံပေးချင်တဲ့တစ်ချက်က ဒီဘလော့ကို လာဖတ်တဲ့ စာဖတ်သူတွေမှာ မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးတော့ ဒီမှာ မိမိနှင့်မဆိုင်သော အလုပ်(အိမ်ဖော်) အစရှိသကဲ့သို့ အလုပ်များ ကို လာလုပ်ချင်တဲ့သူများ ရှိရင် တားကြပါလို့ ။ မြန်မာငွေနဲ့ ပြောရင် အများဆုံးရ၇င်တစ်လ ၂ သိန်းပေါ့ ။ အဲဒီပိုက်ဆံလေးလောက်နဲ့ ကိုယ့်ဘ၀ကို မရင်းကြပါနဲ့ လို့ ။ ဒီလို အစစအရာရာ ဈေးကြီးတဲ့နိုင်ငံမှာ ၂ သိန်းရတဲ့သူဆိုတာ ပိုက်ဆံ ၅ သောင်းတင်အောင်စုဖို့ ဆိုတာ တော်တော်ခက်ပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲပေမဲ့ စိတ်ချမ်းသာရတယ်။ မိဘနဲ့ နေရတယ် ။ ဘ၀လုံခြုံတယ်။ စိတ်အေးချမ်းတယ်ဗျာ။ အဲလို အခွင့်အရေးတွေနဲ့ ဘာမဟုတ်တဲ့ ငွေလေးနဲ့ မလဲကြပါနဲ့ ။

နောက်တစ်ခုက ကျနော်ပြောချင်တာလေးပါ။ အချစ်နဲ့ ဘ၀ကိုမရောထွေးလိုက်ကြပါနဲ့လို့ ။ စင်ကာပူမှာ "မီးဖိုချောင်မှာ ပေါင်မုန့်မရှိရင် အချစ်ဆိုတာ တံခါးပေါက်ကထွက်ပြေးမှာပါ" လို့။ ကျနော့်ဘ၀မှာလည်း တစ်ခါတစ်လေ မှာ အဲလိုရောထွေးမိသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အချစ်နဲ့ဘ၀ကို ပေါင်းချင်ရင်တော့ ကျနော်တို့ စဉ်းစားရမယ့်အချက်က

  • မိဘကိုရော ကိုယ်ကိုတိုင်ကျေကျေနပ်နပ် ကျေးဇူးဆပ်ပြီးပြီလား ?
  • ဘ၀မှာရော အာမခံချက် အပြည့်ရှိတဲ့ အလုပ်မျိုးနဲ့ ဘွဲ့မျိုးကို ရောကိုကိုယ်တိုင် ရဖူးပြီလား ?
  • လက်တွဲဖော်လို့ထင်ရတဲ့ လူတွေကကော ခင်ဗျားကိုတကယ်နားလည်ရဲ့လား ?
  • ကျနော်တို့ကကော သူ့တို့ကိုတကယ်နားလည်ရဲ့လား ?
  • မိမိဆွေမျိုးတွေနဲ့ ကောကိုယ်ရွေးချယ်တဲ့ ဘ၀လက်တွဲဖော်ကအဆင်ပြေအောင်နေနိုင်ရဲ့လား ?
  • မိမိနဲ့ ကော စိတ်ကူးအတွေးအခေါ်ချင်းမျိုးတူရဲ့လား or ကိုယ့်စိတ်ကူးအတွေးအခေါ်ကို ကောလိုက်နိုင်ရဲ့လား ?
  • အဆင့်အတန်းရှိတဲ့ မိသားစုထဲက ပေါက်ဖွားလာတဲ့ မိသားစုမျိုးလား ?
  • မိဘတွေကကော ဆွေမျိုးတွေကကော ကြည်ဖြူနှစ်သက်သဘောတူတဲ့ လူမျိုးတဲ့လား ?
ကျနော်တော့အဲဒီမေးခွန်းတွေ မေးလိုက်ရင်းနဲ့ ကျနော်ချစ်သူတစ်ယောက်ကို ဆုံးရှုံးဖူးပါတယ်ဗျာ။
ကျနော့်အထင်ပါ ၊ အချစ်ဆိုတာ အချိန်တန်ရင်ပျောက်သွားတတ်ပေမဲ့ ဘ၀ဆိုတာ အချိန်တိုင်းရှိနေတာလေ။ အချစ်ဆိုတာ အသစ်တဖန်ဖြစ်ပေါ်နိုင်တယ် ။ ကျနော်တို့ဘ၀မှာ အချစ်ကိုဆုံးးရှုံးခံနိုင်ပေမဲ့ ကိုယ့်အပြူအမူကြောင့် ကိုယ့်လုပ်ရပ်ကြောင့်တော့ ကိုယ်ချစ်တဲ့မိသားစုရဲ့ မျှော်လင့်ချက်တွေ၊ မိမိရဲ့ မျှော်လင့်ချက်တွေ ၊ ဘ၀အနာဂတ်တွေကို တော့ ကျနော့်ဘ၀မှာ အပျောက်အပျက်မခံနိုင်ပါဘူး။

အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေဗျာ။ အစစအရာရာလည်းအစဉ်ပြေပါစေလို့ ။

ဆုတောင်းလျှက်
အပျိုကြီး
သဲသဲ




2 comments:

  1. မှန်လိုက်လေခြင်းသဲရာ ..
    ကျနော်လဲ အဲ့လိုပဲ တွေးမိဖူးပါတယ်။
    တန်ဖိုးရှိတဲ့ စာမူတစ်ပုဒ်ပါပဲဗျာ။ =)

    ReplyDelete
  2. ဘယ်လို ပြောရမလဲ တော့ မသိဘူး ..။
    အင်းးး
    ဒီလိုပါပဲ ..။
    ကိုယ့်ထင် မြင် ချက် ကိုယ် ချည်း ပဲ ..။
    အားပေးသွားတယ် .. ။

    ReplyDelete