Wednesday, July 22, 2009

ထင်ကျန်ရစ်သော နှလုံးသားဝေဒနာ

တွေ့ကြုံရတဲ့ လောကဓံတွေကို
မင်းဘေးနားမှာ ရှိခဲ့စဉ်က
ကြံ့ကြံ့ ခံနိုင်ခဲ့ပေမဲ့
ခုချိန်မှာ တော့
ပြိုလဲချင်နေပြီ။

ရုံးအပြန်လမ်းတလျှောက်ငိုနေခဲ့တယ်
အချစ်ဆိုတာမရှိတဲ့ အဝေးတနေရာကို
ခေါ်သွားပေးကြပါလား
အလွမ်း ဒဏ်ရာတွေနဲ့
ထပ်ပြီး မနေချင်တော့လို့ပါ။

ချစ်သူရေ
ကျနော့်ရဲ့ဘလော့လျှောက်လည်တတ်တဲ့ရောဂါက
ကျနော့်ကိုဒီနေ့ ဒဏ်ခတ်လိုက်ပြန်ပြီ

ပျော်နေတဲ့မင်းမျက်နှာရယ်
မင်းကိုချစ်တဲ့သူတစ်ယောက်ရယ်
မင်းဘေးနားမှာ ရှိနေခဲ့ပြီမို့

မင်းမသိအောင်
ငါ့ရင်ထဲမှာ
ဆွေးနေပါတော့မယ်

ငါစိတ်ဓာတ်တွေကျလို့
မင်းမျက်နှာကို မြင်ချင်တဲ့
နေ့လရက်တွေကို
ဘ၀ထဲက ဆန္ဒတစ်ခုအနေနဲ့သာ
လိုချင်တဲ့ တောင်းဆုတွေမပြည့်ခဲ့တဲ့ငါ
မျက်ဝန်းမှာ မိုးတွေရွာနေလို့
မင်းပုံရိပ်တွေထင်ကျန်နေတဲ့
နှလုံးသားတစ်ခုနဲ့ အတူ
ပြာလဲ့နေတဲ့ ကောင်းကင်ပြာအောက်မှာ
ငါတစ်ယောက်တည်း
မင်းကို မျှော်နေတယ်။
လေးစားလျှက်
သဲသဲ








1 comment:

  1. ဘာတွေဖြစ်နေလို့လဲ သဲရာ။
    ဒါပေမယ့် ကဗျာကောင်းလေးတစ်ပုဒ်တော့
    ပေါက်ဖွားလာတာပဲမို့လား။ =)

    ReplyDelete