Tuesday, May 19, 2009

အရိယာနွယ်ဝင်သိကြားမင်းအားဟာသလုပ်ခြင်းအပြစ်

ကျွန်တော် ဒီဘလော့တခုမှ ရတဲ့ လင့်လေးကို ဖတ်ရင်း သဘောကျတာနဲ့ ကူးယူဖော်ပြလိုက်ပါတယ်

ကျွန်တော် လွန်ခဲ့တဲ့ရက်အနည်းငယ်က ကာတွန်းလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။

သိကြားမင်းကို ဇာတ်ကောင်ထားပြီး ဟာသလုပ်ထားတဲ့ တစ်ကွက်ကာတွန်းလေးပါ။

ရုတ်တရက်ကြည့်ရင် ရယ်စရာလို့ထင်ရပေမယ့် အလွန်ကိုကြောက်စရာကောင်းတဲ့

အပြုအမူကြီးပါ။ နားရှုပ်သွားမလားမသိဘူး။ ဒီလိုပါ ၊ “မဖြစ်ဖူးသောဘ၀ မတော်ဖူး

သောဆွေမျိုးမရှိ” လို့ဘုရားရှင်ကဟောကြားထားတာ ရှိပါတယ် ။ ဒီသတ္တလောကမှာ

ရှိတဲ့ သတ္တ၀ါတိုင်းဟာ မဖြစ်ခဲ့ဖူးသောဘ၀ဟူ၍မရှိပါဘူး။ အနိမ့်ဆုံး ငရဲ ၊ တိရိစ္ဆာန် မှ

စ၍ အမြင့်ဆုံးစကြ၀တေးမင်း အထိတိုင်အောင် အကြိမ်ပေါင်းမရေတွက်နိုင်အောင်ဖြစ်

ခဲ့ဖူးပါတယ်။ ပုံသဏ္ဍာန်မျိုးစုံစွာနှင့် သံသရာကိုဖြတ်သန်းခဲ့ရသူချည်းပါပဲ။ မဖြစ်သေး

တာဆိုလို့ အရိယာတို့၏ ဘ၀ပဲ ရှိပါတော့တယ်။


ယခုမျက်မှောက်ခေတ် တာဝတိံသာမှာအုပ်ချုပ်နေတဲ့သိကြားမင်းဟာ ဘုရားရှင်ရဲ့

တစ်ခုသော တရားတစ်ပုဒ် အဆုံးမှာ သောတာပတ္တိဖိုလ် ကျပြီး သောတာပန်တည်ခဲ့

သူပါ။ လွန်ခဲ့ပြီးသော ဘုရားရှင်ရဲ့သာသနာနှစ် (၂၅၅၀)ကိုနတ်တို့၏ သက်တမ်းနှင့်

တွက်လျှင် သိကြားမင်းသောတာပန်တည်တာ (၂၅)ရက်နှင့် နေ့တစ်ဝက်ပဲရှိပါသေး

တယ်။ ဒါကြောင့် လက်ရှိသိကြားမင်းကြီးဟာ စာရှု့သူများနှင့်ကျွန်တော် တို့ဘ၀အ

ဆက်ဆက် ဖြစ်ခဲ့သော သာမန်ပုထုဇဉ် သိကြားမင်းမဟုတ်ပါဘူး။ အရိယာနွယ်ဝင်

တစ်ယောက်ဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့ မြန်မာပြည်က ကာတွန်းဆရာများဟာ

သိကြားမင်းကို အပျော်အပျက်ဇာတ်ကောင်နေရာမှာ ထားပြီးမကြာခဏ ရေးဆွဲတတ်

ကြပါတယ်။ ယခုလို သင်္ကြန်ခါနဲ့နီးလာတဲ့အချိန်မှာပိုဆိုးပါတယ်။ သီချင်းရေးဆရာများ

ကလည်း အပြောင်အပျက်ထည့်ဆိုလိုက်ပါသေးတယ်။ ကြာလာတော့ ထိုအပြုအမူများ

ဟာ လူငယ်ထုများအကြားမှာပျံ့နှံ့လာပါတယ်။ လူကြီးသူမအချို့ကလည်းဗဟုသုတ

နည်းပါးခြင်းကြောင့် ဆိုဆုံးမခြင်း မပြုကြပါဘူး။ အရိယာကိုပျက်ရယ်ပြုစော်ကား ခြင်း

ဟာ တစ်ချိန် တရားအားထုတ်ခဲ့ရင် မဂ်တား ဖိုလ်တားဖြစ်တတ်ပါတယ်။ ဒါကြောင့်

ဘုရားရှင်က တရားအားမထုတ်ခင် အရိယာတို့ကို ပြစ်မှားမိခဲ့သော အပြစ်များရှိပါက

ကျေပါစေကြောင်း တောင်းပန်ခိုင်းခဲ့တာပါ။ တရားအားထုတ်ပြီး ယခုတစ်ဘ၀ထဲနှင့်

ကိစ္စပြတ်ရင် အကြောင်းမဟုတ်ပါဘူး။ အရိယာစော်ကားခဲ့သောအပြစ်ကြီးနှင့် သေဆုံး

သွားခဲ့ရင် အပါယ်ကျတတ်ပါတယ်။


ကျွန်တော်ကိုယ်တိုင်လည်း ဗုဒ္ဓရဲ့တရားများကိုမနာကြားခင်က သိကြားမင်းကိုပျက်

ရယ်ပြုဟာသလုပ်ဖူးခဲ့ပါတယ်။ အခုမှ ကိုယ့်ကိုယ်ကို နောင်တရပြီးဘုရားရှိခိုးတိုင်း

အရိယာကိုစော်ကားသောအပြစ် မထိုက်စေသောငှာ တောင်းပန်နေရပါတယ်။

ဒါကြောင့် ကျွန်တော်မှားခဲ့သလို လူငယ်များမမှားရအောင် ကြိုတင်၍အသိပေးအပ်

ပါတယ်ခင်ဗျား…….။

Friday, May 15, 2009

မကြီးမွေးနေ့ အမှတ်တရ


မနေ့က ၁၄ ရက်နေ့ မေလ က ကျွန်တော့်အမရဲ့မွေးနေ့ပါ။ ကျွန်တော်မှာလဲ ပေးစရာမွေးနေ့လက်ဆောင် ဆိုလို့ ဘာမှ မရှိပါဘူး။ အခွန်လေးဆောင်ရတော့ ရှိသမျှ ကျွန်တော့်ရဲ့ လစာလေးလဲပြောင်ပါလေရော။ ကျွန်တော့်အမကို ကျွန်တော်ချစ်တယ်။

သူ့ မွေးနေ့ကနေစပြီး ကျွန်တော့်အမ အသက်ရှိထင်ရှားရှိနေသေးသရွှေ့ စိတ်ချမ်းသာကိုယ်ချမ်းသာ နဲ့ ဘ၀ခရီးကိုလျှောက်လှမ်းနိုင်ပါစေလို့  ဆုတောင်းပါတယ်

ကျွန်တော်ငယ်ငယ်တုန်းက မှတ်မိသေးတယ် ။ ကျွန်တော်အမေ နိုင်ငံခြားသွားတော့ အဖေ ရယ် အမရယ် ကျွန်တော်ရယ် သုံးယောက်အိမ်မှာပဲကျန်ခဲ့ရတယ် ။ ကျွန်တော့် တို့အိမ်ကို ၀မ်းကွဲအဒေါ် တွေလာနေတယ်။ ၀မ်းကွဲအဒေါ်တွေက ထမင်းဟင်းချက်ပေးတယ် ။ ဒါပေမဲ့ သူတို့လည်း လေ လောကီသားမို့ ကျွန်တော့် တို့ဆီက မီးဖိုချောင်စရိတ်တွေသာပိုတောင်းပြီးတော့ကျွန်တော်နဲ့ ကျွန်တော့်အမနှစ်ယောက် ကောင်းကောင်းမွန်မွန်စားခဲ့ ရတဲ့နေ့လို့မရှိဘူး ။ အဖေက သူ့အလုပ်နဲ့သူမအား ။ ကျွန်တော်တို့ ကလေးနှစ်ယောက်ကလဲ အဒေါ်တွေကျွေးတဲ့ မ၀တ၀ကိုပဲဝအောင်စားဆော့စရာရှိတာဆော့။ငိုစရာရှိတာငို။အဲဒီတုန်းကဆိုကျွန်တော့်တို့နှစ်ယောက်ထမင်းဘူးမှာ အရိုးလေးတွေပဲပါတော့ကျွန်တော့်အမကသူဆီမှာပါတဲ့အရိုးဘေးနားအသားလေးတွေကို ပဲကျွန်တော့်ကိုစားခိုင်းပြီး သူကိုယ်တိုင် အရိုးလေးတွေနဲ့ ပဲ ကျေနပ် နေရတယ် ။ အဲဒါကိုလည်း ကျွန်တော့်အဖေမသိခဲ့ပါဘူး။ ကျွန်တော့် အမေနိုင်ငံခြားကပြန်ရောက်တော့ ကျွန်တော်တောင် ရောဂါအကြီးအကျယ်ဖြစ်လို့ ၂ နှစ်လောက်ဆေးကုယူလိုက်ရတယ်။

တစ်ခုခုဆိုကျွန်တော့်အမ က ကျွန်တော့်ရဲ့ အရှေ့က ရန်ဖြစ်စရာရှိရင် ရန်ဖြစ်ပေးတယ် ။စားစရာရှိရင် ကျွန်တော့်ကိုအရင် ဦးစားပေးတတ်တယ် ။ ကျွန်တော့် မှာ အန္တရယ် တစ်ခုခုဖြစ်လာပြီဆိုရင် ကျွန်တော့်အမပဲ အစစအရာရာ ဖြေရှင်းခဲ့တာပဲ ။

ကျွန်တော့်အမ က ကျွန်တော့်အမေဆိုလဲဟုတ်ပါတယ် ။ အမကြီးတော့အမိရာဆိုသလိုပါပဲ ။ တစ်ခါတစ်ခါ ကျွန်တော့်ကို ကလေးလိုထင်ပြီး နဲနဲပါးပါးဆူတာလေးကလွဲရင်ပေါ့ ။
ဘလော့ဖတ်သူများမှာလည်းကျွန်တော့်လိုအမတစ်ယောက်လောက်ရှိမယ်ဆိုရင် ကျွန်တော့်ခံစားချက်ကိုနားလည်မယ်လို့ မျှော်လင့်ရင်း ဒီညတော့ဒီမျှပါပဲ ။ နက်ဖြန်ရုံးတက်ရဦးမယ်

လေးစားလျှက်
သဲသဲ

Friday, May 8, 2009

အချစ်ရဲ့သဘော

ကျွန်တော်သူ့ကို
အမြတ်တနိုးကြည့်ခဲ့ဖူးရဲ့
ချစ်ရည်ဆန်းသော မြတ်ဝန်းတစုံဖြင့်
သူသိမည်မထင်

ကျွန်တော်သူ့ကို
ချစ်ခဲ့ဖူးရဲ့
ပြာလဲ့လဲ့ကောင်းကင်ပြာအောက်မှာ
တစ်သက်လုံးမခွဲဘူးဆိုတဲ့
ကတိတစ်ခုကိုကျွန်တော်ပေးရင်း
ဒါကိုလည်း သူမှတ်မိမယ်မထင်

ကျွန်တော်တညလုံး
လွမ်းဆွေးဖူးပါရဲ့
"ကိုယ်နဲ့မင်းနဲ့ဆက်တွဲလို့မဖြစ်တော့ဘူးဆိုတဲ့"
ကျွန်တော့်ချစ်သူရဲ့စကားအဆုံး
ဒါကိုလည်သူသိမည်မထင်

ကျွန်တော့်ယုံကြည်ချက်တွေလည်း
တစစီကြေမွပျက်စီးဖူးပါရဲ့
ကျွန်တော့်ချစ်သူပေးသော ဥပေက္ခာများနှင့်အတူ

ဒါပေမဲ့
ဒီနေ့လည်း
ကျွန်တော် ယုံကြည်ချက်တွေနဲ့
တစ်ယောက်တည်း
လျှောက်ဆဲ ပါပဲ
ဆင့်ကာပူရဲ့ လမ်းတွေပေါ်မှာပေါ့
ပြုံးတိုင်းလည်း ပျော်နေတာမဟုတ်တော့သလို
မျက်ရည်ဝဲတိုင်းလည်း ငိုနေတာမဟုတ်တော့ဘူး
စိတ်ထဲမှာ
သူတစ်ယောက်ပဲရှိတယ်ဆိုတာ
ကျွန်တော်ကိုယ်တိုင်နားလည်သွားတဲ့နောက်မှာ
အရာရာဟာ မနေ့တနေ့ကအတိုင်းပါပဲ

လေးစားလျှက်
သဲသဲ



Photo Collection

Saturday, April 25, 2009

နေတတ်ထိုင်တတ်ပါစေ

ကျွန်တော်လည်း ဘလော့လေးကို ပြစ်ထားတာကြာရောပေါ့ ။ အလုပ်ကလည်းများ စိတ်က လည်းရှုပ်နေတာနဲ့ပဲ ဘယ်ဘလော့အသစ်မှ မတင်ဖြစ်ဘူး ဖြစ်သွားတယ်။ ကျွန်တော့် ဘလော့ကို လာဖတ်တဲ့ ကျွန်တော်သူငယ်ချင်းတွေကို လည်း ဘလော့အသစ်လေးရေးရင်း တောင်းပန်ပါတယ် ။
ကျွန်တော့် ဘလော့ခေါင်းစဉ်ကြောင့် တော့ လန့်မသွားနဲ့နော်။ ကျွန်တော်ဒီမှာ အလုပ်လုပ်ရင်း ကြုံရတဲ့ အလုပ်အတွေ့ အကြုံပေါ် အခြေခံပြီး ရေးပြချင်တာလေးရှိလို့ ပါ။
အရာရာမှနေတတ်ထိုင်တတ်ဖို့က အရေးကြီးတယ်
ကျွန်တော်တို့လို သူများနိုင်ငံမှာ မိဝေးဖဝေး လာပြီးအလုပ်လုပ်နေကြတဲ့သူတွေ က သူများမျက်နှာကို ကြည့်ပြီး နေရတယ်။ အလုပ်ကို သူများထက်ပိုပြီး ကြိုးစာရတယ်ဗျာ။ သို့ပေမယ့်လည်း အလုပ်တော်တော်များများမှာ ကျွန်တော်တွေ့ ရတာကတော့ သူများ လုပ်ထားတဲ့ အလုပ်တစ်ခုကို ကိုလုပ်ထားသလို ရေရေလည်လည် အပြောကောင်းတဲ့ သူတစ်ယောက် ကိုပဲ မန်နေဂျာ (သို့) boss အစရှိသည်တို့ က အထင်ကြီးလေးစား တန်ဖိုးထားကြတယ် ။ ပြောရမယ်ဆိုရင် singaporean တွေရဲ့ အားသာချက်လို့ ပဲ ခေါ်မလား ။ ကျွန်တော်တို့ မြန်မာတွေရဲ့ အားနည်းချက်လို့ ပဲ ခေါ်မလား။ ဥပမအားဖြင့် ကျွန်တော့် customer site တွေမှာ software installation သွားလုပ်ပေးရတယ်ဆိုရင် တွေ့ ကြုံရတဲ့ customer တောင်းဆိုမှုမျိုးစုံ ၊ တက်လာတဲ့ server error , installation error တွေအကုန်လုံးကို တတ်နိုင်သမျှ ပထမဦးဆုံး ကိုယ့် ဦးနှောက် နဲ့စဉ်းစား (မရရင် google တတ်ရှာ) အစရှိသဲဖြင့် နည်းမျိုးစုံ သုံပြီး ဖြေရှင်းပေးရတယ် ။ အထူးသဖြင့် ကျွန်တော်တို့ software ကိုဝယ်တဲ့ customer တွေရဲ့ စိတ်ကျေနပ်မှုရအောင် (စင်ကာပူခေါ်ဝေါ်အရ customer happy အောင်ပေါ့) ။
ကျွန်တော့် အကျင့်က လည်းတစ်မျိုးဗျ ။ ကျွန်တော်အလုပ်တာဝန်တစ်ခုကို ကျေပွှန်အောင်လုပ်ပြီး ပြီ ။ လို့ ထင်ရင် ကိုယ်လုပ်ခဲတဲ့အလုပ်ကို ဘယ်လိုလုပ် ခဲ့ရတယ် ။ အဲဒီ customer site တွေမှာ ဘယ်လို error တွေတက်ခဲ့လို့ ကျွန်တော်ဘယ်လို ဖြေရှင်းခဲ့ရတယ်။ ကျွန်တော် customer တွေရဲ့ စိတ်ကျေနပ်မှုရအောင် ကျွန်တော် ဘယ်လို configuration လုပ်ပေးခဲ့တယ်ဆိုတာ ကျွန်တော် တစ်ခါမှ ပြန်မပြောဘူး ဘူး။ တစ်ခု ပဲ ပြောတယ် I finished software installation at customer site ကျွန်တော့် customer တွေကိုယ်တိုင်က boss ကို email send ပြီး တော့ အစစအရာရာ အဆင်ပြေကြောင်း၊ installation လုပ် တဲ့ engineer ကိုလည်း ကျှေှး ဇူးတင်ကြောင်း ပြောမှပဲ သူတို့ တွေ သိရတယ် ပေါ့  ဗျာ အဲလို နဲ့ကြာလာတော့ linux ဆိုလည်း ပြေးလုပ် window server ဆိုလည်းသွားတင် exchange server installation ဆိုလည်း လုပ် လိုက်ရ ။software demonstration ပြပါဆိုလည်း သွားလိုက် ရ၊ လူကတောက် တို မယ်ရကြီး ကို ဖြစ်ကော ။ အဲဒီတော့ ခိုင်းတဲ့ job တစ်ခုကိုပြီးပြီလား လို့  အထက် လူကြီးကမေးရင် ပြီးတယ် (သို့) မပြီးဘူး ဒါလောက်ပဲ ပြောဖြစ်တော့တယ်။ email တွေ ဘာတွေ နဲ့ပုံ ကြီး ချဲ့ ပြီး အစအဆုံး ရှင်းပြမနေတော့ဘူး ။
singaporean staff တွေ ရဲ့အကျင့်ကသူတို့ ကို အလုပ်တစ်ခု ခိုင်းလိုက် ပြီဆိုရင် အဲဒီအလုပ် မပြီးမချင်း email ကတစ်နေ့ ကို အစောင် 20 ထက်မနည်း အထက်လူကြီးဆီပို့မယ်။ putty.exe ကို download ဆွဲတာကအစ ဘယ် site ကဆွဲလို့ ရသွားတယ်လို့ ပြောမယ်။ ပြီးရင် မသိရင် ခက်တဲ့အဆင့်ကို ရောက် ရင် မြန်မာတွေရေးထားတဲ့ installation လုပ်နည်းအဆင့်ဆင့်ကို အထက်လူကြီး power သုံးပြီး manual ကို ရအောင်ယူ သူများ တွေ အလုပ် မအား တဲ့ ကြား က အတင်း ကာရောရှင်းပြခိုင်းနဲ့ ။ ပြီး ရင် တော့ ဗျာ ..............................(ဒီလို ဒီ လိုအဆင့် တွေရောက်နေ တယ် ဆို ပြီး အတင်းကာရောemail တွေ send ပေါ့ ဗျာ )
ကျွန်တော့် ကိုယ် တွေ့တွေကို မျှဝေခြင်းပါ။ တတ်နိုင်သမျှ ကိုယ်လုပ်သလောက် အထက် လူကြီးသိပါစေဗျာ ။ ငါ အလုပ် ကိုစေ တနာထားပြီး လုပ်တာပဲ ဆို ပြီးအပြောမတတ် ရင်တော့ ဒုက္ခ နဲ့ လှ လှ ကြီးက ဒီမှာ စောင့် နေတာဗျ။ ကျွန်တော်လို မျောက် သစ်ကိုင်းလွတ်သလို ဖြစ်မှာ စိုးလို့ ပြောတာပါဗျာ ။
အဲဒီ လိုပဲ တစ် ခြား တစ် ခြား အချစ်ရေးကိစ္စ တွေမှာလည်း ကိုယ် ချစ်သူကို ကိုယ်တစ်ကယ် ချစ် မြတ်နိုးတယ် ၊ တန်ဖိုးထားတယ် ဆိုရင်လေ ချစ်တယ် ဆိုတဲ့စကားလေးကို နေ့ တိုင်း သူကြားအောင် ပြောပေးကြပါလို့ ။ အချစ်ဆိုတာ အနေဝေးရင် သွေးအေးသွားတတ်လို့ ပါ ဗျာ ။
ကျွန်တော်လည်းဒီ ဘလော့ ကို ရေးရင်း ကျွန်တော်ချစ် ခဲ့ တဲ့ ကျွန်တော့် ပထမဦးဆုံးချစ် ခဲ့ သူကို ချစ် တယ် လို့  ပြောခဲ့ ပါရစေဗျာ။ ဘလော့ တွေကို ခနခန လျှေက်လည်တတ်တဲ့ သူတစ်ယေက်ကြားပါစေဗျာ ။

Monday, April 13, 2009

thingyan Dance



ဒါကတော့ ကျွန်တော့်သယ်ရင်း ခိုင်သစ္စာ ရဲ့ အကလေးတွေပါ ။ ပန်းမျိုးတစ်ရာ သီချင်းနဲ့ ကတဲ့ သူတို့ ရဲ့ ကကွက်လေးတွေကို blog ပရိတ်သတ်ကျွန်တော့် သူငယ်ချင်းများ အပျင်းပြေစေရန်တင်ပေးလိုက်ပါတယ်။

Thingyan အမှတ်တရ



ကျွန်တော်တို့ thingyan မှာကဲထားတဲ့ ပုံလေးတွေပါ ။ သူငယ်ချင်းအားလုံးကြည့်ရှု အားပေးကြပါဦး (စင်နောက်ကနော်)