Tuesday, March 31, 2009

ကုသိုလ်ပြုနည်း တစ်မျိုး

ကျွန်တော်ဒီနေ့ ဘလော့မှာ သူငယ်ချင်းတစ်ယောက်ကပေးတဲ့ link လေးတစ်ခုကို မျှဝေချင်လို့ပါ ။
ကဲ ဒီနေ့ ဘယ်လိုနည်းနဲ့ ကုသိုလ်ပြုကြမလဲ......

မျက်စိလှူက မျက်ကြည်ရ မြတ်သည့်လှူဒါန

ယခုဘ၀ မျက်စိလှူက
ချမ်းသာစိတ်သွင်
မြင်ကြည်အေးမြ
ဘ၀ဆက်တိုင်း
အနှိုင်းမသိ
ကုသိုလ်ထူးဘိ....


မျက်ကြည်လွှာအစားထိုး ကုသသည်ဆိုသည်မှာ....
- မျက်စိတစ်လုံးလုံးကို အစားထိုးကုသခြင်း မဟုတ်ပါ။
- လူမျက်စိ၏ မျက်ကြည်လွှာကိုသာ အစားထိုးကုသခြင်း ဖြစ်ပါသည်။
- မျက်ကြည်လွှာလဲလှယ် ခွဲစိတ်ကုသမှု၏ ၉၀% အောင်မြင်မှုရရှိပါသည်။
- မည်သည့်အသက်အရွယ်မဆို အစားထိုးကုသ၍ ရပါသည်။

မျက်စိဘဏ် ရန်ကုန်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး (၂) မြို့မှာသာ မျက်စိဘဏ်ရှိပါသည်။ဆင်းရဲနွမ်းပါး၍ ဆေးမကုသနိုင်သော မျက်ကြည်တိမ်ဝေဒနာရှင်များကို ကူညီ၍ကုသပေးပါသည်။ မျက်စိဘဏ်သည် မျက်ကြည်လွှာ စုဆောင်းခြင်း၊ စစ်ဆေးခြင်း၊လိုအပ်သော ဆေးရုံများသို့ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါသည်။
မျက်စိဘဏ်သို့ မျက်ကြည်လွှာ လှူဒါန်းလိုပါက ဆက်သွယ်ဆန္ဒပြုနိုင်ပါသည်။မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများကိုလည်း
မျက်စိလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ပညာပေး စည်းရုံးပေးစေလိုပါသည်။အသိမိတ်ဆွေများထဲမှ တစ်ဦးတစ်ယောက် ကွယ်လွန်ပြီး ယင်းကွယ်လွန်သူ၏မျက်ကြည်လွှာအား လှူဒါန်းလိုပါက မျက်စိဘဏ်သို့ ဆက်သွယ်ပေးစေလိုပါသည်။ကွယ်လွန်သူ၏ မျက်စိအား ပိတ်ထားပါ။ ဦးခေါင်းကို ခေါင်းအုံးတစ်လုံးခံ၍မြှင့်ထားပေးပါ။ ပန်ကာမဖွင့်ပါနှင့် ဖြစ်နိုင်ပါက ပလတ်စတစ်အိတ်တွင်ရေခဲတုံးများထည့်၍ မျက်ခွံပေါ် အုပ်ထားပေးပါ။ မျက်စိဘဏ်သို့ ၄ နာရီအတွင်းအကြောင်းကြားပါ။

သိထားသင့်သည့်အချက်တွေကတော့
၁။ လူတစ်ဦး၏ မျက်ကြည်လွှာမကောင်းပါက ကွယ်လွန်သွားသူတစ်ဦးလှူဒါန်းခဲ့သည့် မျက်ကြည်လွှာနှင့်သာ အစားထိုးကုသရပါသည်။

၂။ လူမျက်ကြည်လွှာကို အခြားအစားထိုးကုသ၍ရသည့် ပစ္စည်း မတီထွင်နိုင်သေးပါ။


၃။ မျက်ကြည်လွှာကို မျက်ကြည်လွှာအလှူရှင် ကွယ်လွန်ပြီးနောက်မှ ထုတ်ယူခြင်း
ပြုလုပ်ပါသည်။

၎။ ကွယ်လွန်ပြီး ၄ နာရီအတွင်း မျက်ကြည်လွှာအလှူရှင်၏ ကျန်ရစ်သူ မိသားစုက
မျက်စိဘဏ်ကို အကြောင်းကြားပေးရပါသည်။

၅။ မျက်စိအတွင်း တိမ်ရှိသူ၊ မျက်မှန်တပ်သူ၊ ဆီးချိုရောဂါရှိသူ၊
သွေးတိုးရောဂါရှိသူ၊ အသက်အရွယ်ကြီးသူ (၇၅ နှစ်အောက်) လူအားလုံး
မျက်ကြည်လွှာကို လှူဒါန်း၍ ရပါသည်။

၆။ ကွယ်လွန်သူ၏ မျက်စိတစ်လုံးလုံးကို ထုတ်ယူခြင်း မဟုတ်ပါ။
နာရီမှန်ကဲ့သို့သော အပေါ်ယံမျက်ကြည်လွှာကိုသာ ထုတ်ယူခြင်း ဖြစ်ပါသည်။

၇။ မျက်ကြည်လွှာ လှူဒါန်းခြင်းဖြင့် ကွယ်လွန်သူ၏ မျက်နှာပုံပန်းသဏ္ဌာန်
မပျက်စီးပါ။ မျက်တွင်း ဟောက်ပက် ဖြစ်မသွားပါ။

၈။ မျက်ကြည်လွှာကို ဘာသာမရွေး၊ လူမျိုးမရွေး၊ အယုတ်၊ အလတ်၊ အမြတ်
မရွေးလှူဒါန်းနိုင်ပါသည်။

၉။ မိမိသည် မျက်ကြည်လွှာတစ်စုံ ပေးလှူခဲ့ခြင်းဖြင့် မျက်ကြည်လွှာမကောင်းသူ
နှစ်ဦးအား အလင်းဓာတ်လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါသည်။

၁၀။ မိမိလှူဒါန်းခဲ့သဖြင့် အခြားမျက်စိ မမြင်သူ နှစ်ဦး၏ ဘ၀ကို
အမြင်အာရုံပြန်လည်ရစေပြီး လူ့လောကထဲတွင် စိတ်ချမ်းသာစွာနှင့်
နေထိုင်သွားစေနိုင်မှာ ဖြစ်ပါသည်။

၁၁။ သို့ပါသောကြောင့် မျက်စိလှူခြင်းသည် အလွန့်အလွန် မွန်မြတ်သော အလှူဒါနဖြစ်ပါသည်။


၁၂။ ကွယ်လွန်သူက မျက်ကြည်လွှာလှူဒါန်းရန် ဆန္ဒမပြုခဲ့သော်လည်း
ကျန်ရစ်သူမိသားစုက လှူဒါန်းရန် သဒ္ဓါပေါက်ပါက လှူဒါန်း၍ရပါသည်။

၁၃။ သင်တို့ရဲ့ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းများထဲမှ
သေဆုံးသွားသူများရှိပါက ကျန်ရစ်သူမိသားစုကို မျက်စိလှူဒါန်းရန်
တိုက်တွန်းပေးခြင်းဖြင့် ကောင်းမှုကုသိုလ်ကို ရယူနိုင်ပါသည်။

၁၄။ မျက်စိလှူဒါန်းခြင်းသည် ကွယ်လွန်သွားသူအတွက် အထမြောက်သော
အလှူဒါနတစ်ခုဖြစ်ပါသည်။

၁၅။ စောစောလှူပါက စောစောကုသိုလ်ရပါသည်။


၁၆။ ကြိုတင်လှူဒါန်းသူ ကွယ်လွန်ပြီးပါက ကျန်ရစ်သူမိသားစုမှ မျက်စိဘဏ်သို့
အကြောင်းကြားပေးစေလိုပါသည်။

မျက်စိလှူက မျက်ကြည်ရ မြတ်သည့်လှူဒါန တဲ့.....

နောက်တစ်ချက်က ဘယ်လောက်ပဲ လှူထားပေမယ့် လှူဒါန်းထားတဲ့သူက အဝေးမှာကွယ်လွန်ခဲ့သည်ရှိသော် လှူဒါန်းလို့မရဘူးဆိုတာပါ သိခဲ့ရပါတယ်။

ကဲ.... သင်ကော ကုသိုလ်ပြုကြည့်ပါလား....


မျက်စိလှူရန် ဆုံးဖြတ်ပြီးပါက မျက်စိဘဏ်နှင့် ဆက်သွယ်ပါ။

ဆက်သွယ်ရန် - ရန်ကုန်မျက်စိဘဏ် - ၀၁ - ၅၄၉၁၇၄၊ ၀၁- ၅၄၉၁၇၁

Saturday, March 21, 2009

I will be right here waiting for u

ကျွန်တော် ဒီနေ့ blog ပြန်ေ၇းဖြစ်တယ်။ ခုတစ်လော အလုပ်ကလည်း မအား စိတ်ကလည်း
သိပ် မပါတာနဲ့ ၊ ဘူလော့ ကို ပစ်ထားမိတယ်ဗျာ ။ ဘလော့ ကိုလာအားပေးကြတဲ့ ကျွန်တော် ရဲ့ သူငယ်ချင်းတွေကို
ဒီနေ့ post အသစ်လေးကို တင်ပေးရင်းနဲ့ တောင်းပန်ပါတယ် ဗျာ။

ဒီနေ့ တင်မယ့် ဘလော့ က တော့ ကျွန်တော်လည်း ရောက်တက်ရာရာတွေးရင်းနဲ့ ပထမဦးဆုံးသော ရည်းစားဦးကို
သတိရ တာနဲ့ တင်လိုက်တာပါ ။ အိမ်နဲ့ဝေးနေတော့ လည်း အဲဒီလိုခံစားချက်က အမြဲတမ်းရှိတယ်ဗျ။ သီချင်းစာသား
ကတော့ အရင် ကိုယ့်ဘာကိုယ် သီချင်းကို လိုက်နားထောင် ရင်းနဲ့ပဲေ၇းတာပါ ။ နောက်တော့ စာဖတ်သူတွေ အဆင်ပြေအောင်
ူlink တစ်ခု ကပဲ ကူးပြီးတင်ပေးလိုက်တယ်။


Right Here Waiting For You lyrics

Oceans apart, day after day and I slowly go insain,
I hear your voice all the time but it doesn't stop the pain
If I see you next to never, and how can we say forever?

Whereever you go, what ever you do,
I will be right here waiting for you
Whatever it takes, or how my heart breaks,
I will be right here waiting for you.

I took for granted all the times,
that I thought one last somehow,
I hear the laughter, I taste the tears,
but I can't get near you now.
Oh, can't you see it baby, you've got me goin' crazy.

Wherever you go, whatever you do
I will be right here waiting for you
Whatever it takes, or how my heart breaks,
I will be right here waiting for you.

I wonder how we can survive this romance.
but in the end if I'm with you, I'll take the chance

Oh, can't you see it baby you've got me goin'crazy
Wherever you go, whatever you do.......

Waiting for you

Thursday, February 26, 2009

ကြုံတွှေ့ ခဲ့ရသော အဖြစ်အပျက်လေးတစ်ခု


ကျွန်တော်ဒီနေ့ Tanjong Pagar customer site မှာ ကျွန်တော်တို့ရုံး ရဲ့ software တစ်ခုကို installation သွားလုပ်ပေးရတယ်။

ကျွန်တော် အဲဒီက အပြန်လမ်းမှာစိတ်မကောင်းစရာတစ်ခုကိုတွေ့ခဲ့ပါတယ်။ ကျွန်တော် ဒီနေ့ အဖြစ်အပျက်လေး တစ်ခုကိုအားလုံးကိုဝေမျှချင်ပေးချင်လို့ပါ။

ဆက်ခနဲ ကျွန်တော့် ဘေးနားက ဖြတ်သွားတဲ့ အရာတစ်ခုကို ဖြတ်ကနဲကြည့် လိုက်မိတယ်။ ကျွန်တော် ကြည့်လိုက်မိတော့ သင်္ကန်းရောင်ဖြစ်နေတယ်။

အလောတကြီးနဲ့ တစ်ခုခုလိုက်လာလို့ ပြေးနေရတဲ့ ပုံစံမျိုးပါ။ ဒါနဲ့ပဲ ကျွန်တော် ပုံစံ ကို သတိထားကြည့်လိုက်မိတယ်။

ဆံပင်က ၆ လက်မအရှည်လောက်ရှိတယ်။ မုတ်ဆိတ်မွှေး ထူထူ ၊ ပသိုင်မွှေး အတော်အသင့်၊ မျက်ခုံးထူထူ အသားညိုညို အရပ် ၅ ပေ ၆ လက်မ နီးပါး လောက်ရှိတယ်။

သင်္ကန်းက သမန်တလင်းမှာ လျှက်တိုက် ကြနေတယ်။ ကျွန်တော် အံ့သြလွန်းလို့ တစ်ကိုယ်လုံးတုန်သွားတယ်။ ကွန်တော် ခဏမှင်သက်သွားပြီး သတိရတာနဲ့ ဒီဓာတ်ပုံကို

ရိုက်ကူးလိုက်တယ်။ ကျွန်တော်ရိုက် ကူးလိုက်တဲ့ အချိန်မှာ ဖုန်းကင်မရာလည်းဖြစ် ၊ လက်ကလည်း မငြိမ်တာကြောင့် နည်းနည်း ပုံ က၀ါးနေတယ်။ ဒါပေမဲ့ ခွဲခြားသိရလောက်အောင်တော့ ကြည်လင်ပါတယ်။

မြန်မာ Buddha ဘာသာ ၀င်တိုင်း သိကြတဲ့ အတိုင်း ဘုန်းကြီး တစ်ပါး ရဲ့ ကျင့်ဝတ်နဲ့ ယှဉ်ကြည့် မယ်ဆိုရင် ထိုသူသည် “ လူလား “ , “ဘုန်းကြီးလား ဆိုတာ ” Buddha ဘာသာဝင် အားလုံးရဲ့ စိတ်ထဲမှာ မပြောပဲနဲ့ ရှင်းလင်းပြီးသားဖြစ်လိမ့်မယ်လို့ ကျွန်မယုံကြည်မိပါတယ်။

တစ်ချို့ လူတွေက ပြောကြတယ်။ ဘာသာရေးကို မှီပြီး ဘုန်းကြီးပျက်တွေ အများကြီး ရှိတယ်လို့ ပြောကြတယ်။ ကျွန်မမေးခွန်းတစ်ခုလောက်ပဲ မေးချင်ပါတယ်။

" ဘုန်ကြီးကပျက်တာလား " , "ဘုန်းကြီးအယောင်ဆောင်တဲ့လူတွေက ဖျက်တာလား " ပျက်တာနဲ့ ဖျက်တာ လူတိုင်း ခွဲခြားသိသင့်တယ်လို့ ထင်မိပါတယ်။

Sunday, February 15, 2009

ချစ်သူများညအမှတ်တရ

ကျွန်တော်တို့ မနေ့က ချစ်သူများနေ့အမှတ်တရ လျှောက်လည်ကြတယ်။ အထင်တော့မကြီးနဲ့နော်။
ကျွန်တော်ရယ် ကျွန်တော့် အမ နဲ့ အကို တစ်ယောက်နဲ့သုံးယောက် pennisula က Oriental House
မှာ ထမင်းစားပြီးတော့ Clarke ဘက်ကိုလမ်းလျှောက်ဖြစ်ကြတယ်။ ကောင်လေးတွေက ကောင်မလေးတွေကို
ပန်းစည်းတွေ ပေးတဲ့ သူကပေး ၊ Happy Valentine Days ဆိုတဲ့ ပူဖောင်းလေးတွေ ကိုင်သူကကိုင်ပေါ့ (ဟဲ ဟဲ တစ်ယောက်နဲ့တစ်ယောက်ညာနေတာပေါ့ဗျာ)
ကျွန်တော်တို့လည်းအပြန်ကျတော့ ဓာတ်ပုံတွေရိုက်ခဲ့သေးတယ်။ အားလုံးကို ဝေမျှပါတယ်။ လှတပတလေးတွေကို ကြည့်ပေးကြပါအုံး။
ပြောရရင်တော့ ချစ်သူများနေ့မှာ ကျွန်တော်တို့ ကို ညစာကျွေးတဲ့ ကိုသော်လင်းခိုင် နှင့်အတူ မသင်းသင်းဦးတို့ကိုကျွန်တော်တကယ်ကျေးဇူးတင်တယ်။ ကျွန်တော့်အတွက်တော့ အမှတ်တရညလေးပါ။



Monday, February 2, 2009

သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ

ဘယ်လောက်ပဲ အိပ်ချင်နေပါစေ အိပ်ခါနီးအချိန်လေးမှာ အိပ်မပျော်ခင်သူ့အကြောင်းကို စဉ်းစားတယ်ဆိုရင် သေချာပါတယ် သူကို ချစ်မိသွားလို့ပဲ ။

အားလပ်တဲ့ အချိန်လေးတွေမှာ သူစိတ်ဝင်စားအောင် ဘယ်လိုလေးတွေ လုပ်မယ် ဆိုတဲ့ အတွေးလေး ရှိနေတာ လဲ သေချာပါတယ် သူ့ကို ချစ်မိသွားလို့ပဲ ။

သူနဲ့ ပက်သက်အမျှ အရာအားလုံး ကို နေ့တိုင်းနေ့တိုင်း ဂရုတစိုက် အလေးထား တယ်ဆိုရင်လည်း သေချာ ပါတယ် သူ့ကို ချစ်မိလို့ပါပဲ ။

ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ ကိုယ် ဖုန်းကို ဖွင့်ထားပြီး သူ့ဆီက မက်ဆေ့ ဒါမှမဟုတ်ဖုန်းကို စောင့်နေမိ တယ် ဆိုရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပါပဲ ။

သူနဲ့အတူ နှစ်ယောက်တည်း စကားပြောရတာကို နှစ်သက်တယ် ဆိုရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ ။

အတူရှိနေတဲ့ အချိန် သူ့ကို ဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့် ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပင်လိုက်ရှာတတ်တာ သူ့ကိုကိုယ်ချစ်မိသွားလို့ပဲ ။

သူ့ ဖျားနေနေရင် ၊ ထိခိုက် ဒဏ်ရာ ရလာရင် လွန်တာထက် ပိုစိုးရိမ်မိရင် သူ့ကို ကိုယ်ချစ်မိ သွားလို့ ပဲ ။

တစ်ခြားလူအပေါ် သူ စေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလို သ၀န်တိုမိရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ ။

သူ့ရဲ့ ချိုမြမြ အပြုံးတွေကို ကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ လိုက်တွန့်နေရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ ။

သူ့အကြောင်း ၊ သူ့ သတင်းတွေကို အမြဲနားစွင့်နေတတ်ရင်လည်း သူ့ကို ကိုယ်ချစ်မိသွားလို့ပါပဲ ။

သူပေးတဲ့ လက်ဆောင်လေးတွေကို အမှတ်တရ သိမ်းထားတယ် ဆိုရင်လည်း သူ့ကို ကိုယ်ချစ်မိသွားလို့ပါပဲ ။

သူနဲ့ ချက်နေရင်း offline ဖြစ်သွားမှာ ကိုတောင် စိုးရိမ်နေတယ် ဆိုရင်တော့ သေချာပါတယ် သူ့ကို ချစ်နေလို့ပါပဲ ။

ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို သတိယ နေမိရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ ။

သူငယ်ချင်းတစ်ယောက် ဆီကပါ။ ဘလော့မရေးဖြစ်တာကြာနေတာနဲ့ စိတ်ကူးပေါက်လို့တင်လိုက်တာပါ။
လေးစားလျက်
သဲသဲ

Tuesday, January 27, 2009

Pula Oopin trip

This is trip to pulaoobin island across from near changi village.
Su Htwe Cho, Khine Thitsar, Maythu,Pyae Phyo, Tayzar and Thinzar,Ma Thin Thin Oo are all of my friends.
All of my friends visit to this place and enjoy our lives by riding bicycle in Pulaoobin.
Pulaoobin is like myanmar jungle. We feel like hiking in KyiteHtiYoe.
26 Jan is Chinese new year. But in Pulaoobin a lot of myanmar come to this island and so
i think Myanmar new year :)


Pula Oopin Visit