Friday, December 19, 2008

တောင်ပေါ်အလွမ်း

အချစ်ကိုသိတဲ့ အချိန်မှာ ငါမင်းကိုတစ်နေရာမှာ မထင်မှတ်ပဲ ဆုံခဲ့သလို ။

အချစ်ခွဲခွာသွားတဲ့ အချိန်မှာ လည်းငါ မင်းကိုမထင်မှတ်ပဲ ပြန်ဆုံမိမှာ စိုးတယ်။

အတိတ်ဆိုတဲ့ အကြောင်းအရာတွေရဲ့ ၀မ်းနည်းမှုတွေ ၊ ပူဆွေးမှုတွေ ၊ ပျော်ရွှင်မှုတွေ ကြားကရုံးထွက်ဖို့ ကြိုးစားနေဆဲ။

ငါ့ဘ၀ကို တစ်ခါထဲရောက်လာခဲ့လို့ မင်းအပြုံးကို ငါမေ့မရခဲ့ပါဘူး ။

အလုပ်တွေနဲ့ ပိနေပေမယ့် မထင်မှတ်တဲ့အချိန် မထင်မှတ်တဲ့ အရာတွေ တိုက်ဆိုင်တဲ့ အကြောင်းတွေရှိတိုင်း
ငါ့ဘ၀ကိုတစ်ခါက ၀င်လာခဲ့တဲ မင်းရဲ့အပြုံးတွေကို အချစ်တွေနဲ့အတူ ငါ့နှလုံးသားထဲမှာ ထာဝရသိမ်းထားတယ်။

1 comment: