Saturday, December 20, 2008

အိမ်သို့တမ်းချင်း


ကျွန်တော်ဒီနေ့ ဘလော့စရေးတဲ့နေ့မှာ မှတ်မှတ်ရရ ကျွန်တော်တို့ ucsy ဘွဲ့နှင်းသဘင်အခန်းအနား တစိတ်တပိုင်းကို

တင်လိုက်တယ်။

အဲဒီနေ့က ကျွန်တော့်အမေ နယ်ရောက်နေလို့ အဖေနဲ့ပဲ ဘွဲ့ယူသွားဖြစ်တယ်။

ကျွန်တော့် အချစ်ဆုံး အဖေ့ ပုံတွေ လည်းပါတယ်။

မှတ်မှတ်ရရ ကျွန်တော့်သူငယ်ချင်း သီတာသိမ့် ၊ သော်တာ နှင့် အခြားသော ucsy က သူငယ်ချင်းတွေနဲ့ တွဲရိုက်ထားတဲ့ ပုံတွေကို

slideshow လုပ်ပြီး သိမ်းထားတာ။ ခုမှ မှတ်မှတ်ရရ ဒီတပတ်စနေ CD တွေ ရှာရင်းနဲ့ ကျွန်တော်တို့ CD တွေ ထွက်လာလို့ blog မှာတင်

လိုက်တာပါ။ ကျွန်တော်တို့ ရဲ့အချစ်ဆုံး သိန်းသိန်းကြီးလည်းပါတယ်။ ucsy ကလူတွေဆိုရင် သိမှာပါ ။

ပြောမယ်သာပြောတာ ကျွန်တော်တို့ ucsy ရဲ့ကောင်းမှုတွေကအများကြီးပဲ။ ဒီဘွဲ့ရခဲ့လို့ ဒီနိုင်ငံမှာ သူများနဲ့စာရင် မျက်နှာမငယ်ရဘူးပေါ့။

ကျောင်းတုန်းက First Year to Final Year ထိ သင်ကြားပေးခဲ့တဲ့ ဆရာမတွေရဲ့ ကျေးဇူးကြောင့်ပါ။

ကျောင်းတုန်းကဆို Lecutrer ချိန်ဆို မသင်ချင်လို့ ပတ်ပြေးနေပေမဲ့ ၊

" theory တွေကြီးပဲသင်တဲ့ ငါတို့ကျောင်း ၊ ဘာမှ လုပ်လို့မရဘူး ကျောင်းပြီးရင်ဆိုပြီး " ပါးစပ်ကထုတ်မပြော်သော်လည်း စိတ်ထဲက ကြံရွယ်နေပေမဲ့

ကျောင်းပြီးလို့ သူများတွေနဲ့ အတူ အလုပ်ခွင်မှာ ၀င်လုပ်တဲ့ အခါမှာ ဖြစ်စေ ၊ ပညာရပ်တစ်ခုကို ယှဉ်ပြီးသင်တဲ့အခါမှာ ဖြစ်စေ ကျွန်တော်တို့ ကျောင်းက

သင်ထားခဲ့တဲ့ theory တွေကြောင့် ခက်ခက်ခဲခဲ လေ့လာရတယ် လို့မရှိခဲ့ဘူး။ ကျွန်တော်ဆိုလိုတာက (ကွန်ပျူတာ ပညာရပ်နော်) ။ တခြား ဘာဘာညာညာတော့

ကျွန်တော်လည်းမတတ်ဘူး။

နောက်တစ်ခုက ကျောင်းပြီးလို့ ကျွန်တော် ကယောင်ချောက်ချား ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိဖြစ်နေတာ ။

ဒါနဲ့ပဲ အမေနဲ့ အမ ရှိတဲ့ ပြည်မြို့လေးကို ကျွန်တော်ပြန်နေခဲ့တာ။ ရန်ကုန်ကသူငယ်ချင်းတွေက honous တတ်ဖို့လှမ်းခေါ်တယ်လေ။

ကျွန်တော် ပြန်မသွားဖြစ်ဘူး။ အဲဒီအချိန်မှာ ကျွန်တော် winxp os တောင်မတင်တတ်ဘူး။

ကျွန်တော့်ဆရာ ဆရာရွှေလို့ခေါ်တဲ့ ပြည်နည်းပညာက ဆရာရဲ့ကျေးဇူးကြောင့် networking ဘက်ကိုလေ့လာဖြစ်ခဲ့တယ်။

ဆရာက တော်တော်ကျေကျေညက်ညက်နားလည်ပြီ ဆိုမှ ကျွန်တော့်ကို ရန်ကုန်တတ်ပြီး စာမေးပွဲဖြေခိုင်းခဲ့တယ်။

ဒါနဲ့ပဲ ကျွန်တော်လည်းရန်ကုန်ပြန်ရောက် ။ စာမေးပွဲ တွေဖြေ အလုပ်တွေလုပ် ။ ဒါပါပဲ။

နောက်မှပဲဆက်ရေးတော့မယ်။

အဖေနှင့်အမေ့ကို သတိရတယ်။ မိဘတွေ အတွက်လည်း ကျွန်တော်ဒီအချိန်ထိဘာမှ မလုပ်ပေးနိုင်သေးဘူး။ အဖေနဲ့အမေ့ကို ကျေးဇူးဆပ်ချင်ပါတယ်လေ။

ဒီပညာကိုသင် ဒီအရွယ်ထိသူများမျက်နှာမငယ်ရအောင်ထားပေးခဲ့တာ။ ကျွန်တော့်ဘ၀ ကလည်း အမေနှင့်အဖေ ပေးခဲ့တဲ့အမွေပါပဲ။

ကျွန်တော့် ထူးချွန်မှု၊ အောင်မြင်မှု၊ အကောင်းဆုံးသောအရာတွေကလည်း အဖေနဲ့အမေ ပေးလို့ရခဲ့တာတွေပါပဲ။ ဒီဘလော့ကိုရေးရင်းနဲ့ ကျွန်တော့်မိဘနှစ်ပါးကို

ကန်တော့လိုက်ပါတယ်။

ဒီနေရာကနေကျွန်တော်ချစ်ရတဲ့ ucsy ကဆရာ၊ဆရာမတွေနဲ့ သူငယ်ချင်းအားလုံးကို နှုတ်ဆက်ပါတယ်။

ucsy မှသူငယ်ချင်းများ singapore မှာကျောင်းတက်ဖို့ ရည်ရွယ်ရင် ကျွန်တော့် mail theingemyint1@gmail.com ကိုဆက်သွယ်နိုင်ပါတယ်။

ကျွန်တော်တတ်နိုင်သလောက် ကူညီဖို့အသင့်ပါ။

ဒါနဲ့ နောက်လဆို NTU msc application form တွေဖွင့်တော့မယ်နော်။ :)

အိမ်သို့တမ်းချင်း

အမေ အိမ်ပြန်လာရင်မြင်ချင်တယ်အမေ

နေ့တိုင်းတနေ၀င်တနေထွက်

mrt နဲ့ အိမ်နဲ့ အလုပ်နဲ့ နေ့တိုင်းသွားနေပေမဲ့

ပြန်လာရင်အပြုံးနဲ့ဆီးကြိုတဲ့ အမေ့ ကို ရှိချင်နေတာ

ဆင့်ကာပူဆိုတဲ့နိုင်ငံမှာ လုပ်နေရတာ

အလုပ်မရခင် အလုပ်ရဖို့ပူရ

အလုပ်ရတော့လည်း အလုပ်အဆင်ပြေဖို့ ပူရ

အလုပ်အဆင်ပြေတော့လည်း

အလုပ်တည်မြဲဖို့ပူရ။

အ၇င်ကလို အမေ့အနားမှာ အမေချက်ကျွေးတဲ့

ထမင်းနဲ့ ချဉ်ရေဟင်း ၊ ငရုတ်သီးထောင်းလေးပါ ရောပြီး

အဖေ့ရဲ့ရယ်စရာဟာသတွေပါ နှောတဲ့

ပျော်စရာထမင်းဝိုင်းကို ပြန်တောင့်တနေပြီအမေ။

ကျွန်တော်အလုပ်အဆင်မပြေတိုင်း

" ကြိုးစာငါ့သမီး ငါ့သမီးကိုအဖေယုံတယ် "

ပြောခဲတဲ့ ကျွန်တော့်အဖေရဲ့ စကားတွေကိုလည်း

အိမ်မှာအရင်လိုနေ့တိုင်းပြန်ကြားချင်ပြီ။

မနက်တိုင်းဘုရားရှိခိုး တတ်တဲ့အမေ့ရဲ့ အသံနဲ့

အိပ်ရာထဲကနေလှမ်းပြီး သာဓုခေါ်တတ်တဲ့

ကျွန်တော့်ရဲ့အကျင့်တွေလည်း

ခုပျောက်ကုန်ပြီအမေ။

မနက်ဆို အမေချက်ကြွေးတဲ့

မနက်စာ ထမင်းကြော်ကိုစားပြီး

ဝခါနီး ဂျီးများတတ်တဲ့ ကျွန်တော့် အကျင့်တွေက

ခုဆို မနက်တိုင်း coffee တခွက်ကိုမနည်းဝင်အောင်သောက်ပြီး

ဖြေသိမ့်နေတတ်ပြီအမေ။

2 comments:

  1. အင်းအမေချစ်တဲ့သူချင်းဆိုတော့ ဘယ်လိုခံစားနေရမလဲစာနာပါတယ်
    ဒါပေမယ့်.....
    အဆင်ပြေသွားမှာပါ
    အားတင်းထား
    :)

    ReplyDelete
  2. အမေ ကဗျာလေး လာခံစားသွားပါတယ် ဘ၀မှာ အစစအရာရာ အဆင်ပြေပါစေ ချစ်သော မိသားစုနဲ့ အမြန်ဆုံးပြန်ဆုံတွေ့နိုင်ပါစေ

    ReplyDelete