Thursday, February 26, 2009

ကြုံတွှေ့ ခဲ့ရသော အဖြစ်အပျက်လေးတစ်ခု


ကျွန်တော်ဒီနေ့ Tanjong Pagar customer site မှာ ကျွန်တော်တို့ရုံး ရဲ့ software တစ်ခုကို installation သွားလုပ်ပေးရတယ်။

ကျွန်တော် အဲဒီက အပြန်လမ်းမှာစိတ်မကောင်းစရာတစ်ခုကိုတွေ့ခဲ့ပါတယ်။ ကျွန်တော် ဒီနေ့ အဖြစ်အပျက်လေး တစ်ခုကိုအားလုံးကိုဝေမျှချင်ပေးချင်လို့ပါ။

ဆက်ခနဲ ကျွန်တော့် ဘေးနားက ဖြတ်သွားတဲ့ အရာတစ်ခုကို ဖြတ်ကနဲကြည့် လိုက်မိတယ်။ ကျွန်တော် ကြည့်လိုက်မိတော့ သင်္ကန်းရောင်ဖြစ်နေတယ်။

အလောတကြီးနဲ့ တစ်ခုခုလိုက်လာလို့ ပြေးနေရတဲ့ ပုံစံမျိုးပါ။ ဒါနဲ့ပဲ ကျွန်တော် ပုံစံ ကို သတိထားကြည့်လိုက်မိတယ်။

ဆံပင်က ၆ လက်မအရှည်လောက်ရှိတယ်။ မုတ်ဆိတ်မွှေး ထူထူ ၊ ပသိုင်မွှေး အတော်အသင့်၊ မျက်ခုံးထူထူ အသားညိုညို အရပ် ၅ ပေ ၆ လက်မ နီးပါး လောက်ရှိတယ်။

သင်္ကန်းက သမန်တလင်းမှာ လျှက်တိုက် ကြနေတယ်။ ကျွန်တော် အံ့သြလွန်းလို့ တစ်ကိုယ်လုံးတုန်သွားတယ်။ ကွန်တော် ခဏမှင်သက်သွားပြီး သတိရတာနဲ့ ဒီဓာတ်ပုံကို

ရိုက်ကူးလိုက်တယ်။ ကျွန်တော်ရိုက် ကူးလိုက်တဲ့ အချိန်မှာ ဖုန်းကင်မရာလည်းဖြစ် ၊ လက်ကလည်း မငြိမ်တာကြောင့် နည်းနည်း ပုံ က၀ါးနေတယ်။ ဒါပေမဲ့ ခွဲခြားသိရလောက်အောင်တော့ ကြည်လင်ပါတယ်။

မြန်မာ Buddha ဘာသာ ၀င်တိုင်း သိကြတဲ့ အတိုင်း ဘုန်းကြီး တစ်ပါး ရဲ့ ကျင့်ဝတ်နဲ့ ယှဉ်ကြည့် မယ်ဆိုရင် ထိုသူသည် “ လူလား “ , “ဘုန်းကြီးလား ဆိုတာ ” Buddha ဘာသာဝင် အားလုံးရဲ့ စိတ်ထဲမှာ မပြောပဲနဲ့ ရှင်းလင်းပြီးသားဖြစ်လိမ့်မယ်လို့ ကျွန်မယုံကြည်မိပါတယ်။

တစ်ချို့ လူတွေက ပြောကြတယ်။ ဘာသာရေးကို မှီပြီး ဘုန်းကြီးပျက်တွေ အများကြီး ရှိတယ်လို့ ပြောကြတယ်။ ကျွန်မမေးခွန်းတစ်ခုလောက်ပဲ မေးချင်ပါတယ်။

" ဘုန်ကြီးကပျက်တာလား " , "ဘုန်းကြီးအယောင်ဆောင်တဲ့လူတွေက ဖျက်တာလား " ပျက်တာနဲ့ ဖျက်တာ လူတိုင်း ခွဲခြားသိသင့်တယ်လို့ ထင်မိပါတယ်။

Sunday, February 15, 2009

ချစ်သူများညအမှတ်တရ

ကျွန်တော်တို့ မနေ့က ချစ်သူများနေ့အမှတ်တရ လျှောက်လည်ကြတယ်။ အထင်တော့မကြီးနဲ့နော်။
ကျွန်တော်ရယ် ကျွန်တော့် အမ နဲ့ အကို တစ်ယောက်နဲ့သုံးယောက် pennisula က Oriental House
မှာ ထမင်းစားပြီးတော့ Clarke ဘက်ကိုလမ်းလျှောက်ဖြစ်ကြတယ်။ ကောင်လေးတွေက ကောင်မလေးတွေကို
ပန်းစည်းတွေ ပေးတဲ့ သူကပေး ၊ Happy Valentine Days ဆိုတဲ့ ပူဖောင်းလေးတွေ ကိုင်သူကကိုင်ပေါ့ (ဟဲ ဟဲ တစ်ယောက်နဲ့တစ်ယောက်ညာနေတာပေါ့ဗျာ)
ကျွန်တော်တို့လည်းအပြန်ကျတော့ ဓာတ်ပုံတွေရိုက်ခဲ့သေးတယ်။ အားလုံးကို ဝေမျှပါတယ်။ လှတပတလေးတွေကို ကြည့်ပေးကြပါအုံး။
ပြောရရင်တော့ ချစ်သူများနေ့မှာ ကျွန်တော်တို့ ကို ညစာကျွေးတဲ့ ကိုသော်လင်းခိုင် နှင့်အတူ မသင်းသင်းဦးတို့ကိုကျွန်တော်တကယ်ကျေးဇူးတင်တယ်။ ကျွန်တော့်အတွက်တော့ အမှတ်တရညလေးပါ။



Monday, February 2, 2009

သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ

ဘယ်လောက်ပဲ အိပ်ချင်နေပါစေ အိပ်ခါနီးအချိန်လေးမှာ အိပ်မပျော်ခင်သူ့အကြောင်းကို စဉ်းစားတယ်ဆိုရင် သေချာပါတယ် သူကို ချစ်မိသွားလို့ပဲ ။

အားလပ်တဲ့ အချိန်လေးတွေမှာ သူစိတ်ဝင်စားအောင် ဘယ်လိုလေးတွေ လုပ်မယ် ဆိုတဲ့ အတွေးလေး ရှိနေတာ လဲ သေချာပါတယ် သူ့ကို ချစ်မိသွားလို့ပဲ ။

သူနဲ့ ပက်သက်အမျှ အရာအားလုံး ကို နေ့တိုင်းနေ့တိုင်း ဂရုတစိုက် အလေးထား တယ်ဆိုရင်လည်း သေချာ ပါတယ် သူ့ကို ချစ်မိလို့ပါပဲ ။

ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ ကိုယ် ဖုန်းကို ဖွင့်ထားပြီး သူ့ဆီက မက်ဆေ့ ဒါမှမဟုတ်ဖုန်းကို စောင့်နေမိ တယ် ဆိုရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပါပဲ ။

သူနဲ့အတူ နှစ်ယောက်တည်း စကားပြောရတာကို နှစ်သက်တယ် ဆိုရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ ။

အတူရှိနေတဲ့ အချိန် သူ့ကို ဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့် ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပင်လိုက်ရှာတတ်တာ သူ့ကိုကိုယ်ချစ်မိသွားလို့ပဲ ။

သူ့ ဖျားနေနေရင် ၊ ထိခိုက် ဒဏ်ရာ ရလာရင် လွန်တာထက် ပိုစိုးရိမ်မိရင် သူ့ကို ကိုယ်ချစ်မိ သွားလို့ ပဲ ။

တစ်ခြားလူအပေါ် သူ စေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလို သ၀န်တိုမိရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ ။

သူ့ရဲ့ ချိုမြမြ အပြုံးတွေကို ကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ လိုက်တွန့်နေရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ ။

သူ့အကြောင်း ၊ သူ့ သတင်းတွေကို အမြဲနားစွင့်နေတတ်ရင်လည်း သူ့ကို ကိုယ်ချစ်မိသွားလို့ပါပဲ ။

သူပေးတဲ့ လက်ဆောင်လေးတွေကို အမှတ်တရ သိမ်းထားတယ် ဆိုရင်လည်း သူ့ကို ကိုယ်ချစ်မိသွားလို့ပါပဲ ။

သူနဲ့ ချက်နေရင်း offline ဖြစ်သွားမှာ ကိုတောင် စိုးရိမ်နေတယ် ဆိုရင်တော့ သေချာပါတယ် သူ့ကို ချစ်နေလို့ပါပဲ ။

ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို သတိယ နေမိရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ ။

သူငယ်ချင်းတစ်ယောက် ဆီကပါ။ ဘလော့မရေးဖြစ်တာကြာနေတာနဲ့ စိတ်ကူးပေါက်လို့တင်လိုက်တာပါ။
လေးစားလျက်
သဲသဲ

Tuesday, January 27, 2009

Pula Oopin trip

This is trip to pulaoobin island across from near changi village.
Su Htwe Cho, Khine Thitsar, Maythu,Pyae Phyo, Tayzar and Thinzar,Ma Thin Thin Oo are all of my friends.
All of my friends visit to this place and enjoy our lives by riding bicycle in Pulaoobin.
Pulaoobin is like myanmar jungle. We feel like hiking in KyiteHtiYoe.
26 Jan is Chinese new year. But in Pulaoobin a lot of myanmar come to this island and so
i think Myanmar new year :)


Pula Oopin Visit

Wednesday, January 21, 2009

ဒီနှစ်ကူး

အပြုံးတစ်ချက်ကို လှည့်ကြည့်ပါဦး
ကျွန်တော်ချစ်လျှက်ပဲဆိုတာ
မင်းရင်မှာသိပါ
ဘယ်တော့မှ ပြောမထွက်ပေမဲ့
အလွမ်းကဗျာများ
ရင်ထဲမှာ သိမ်းဆည်းထားတတ်တဲ့
ကျွန်တော့် နှလုံးသားစာသားနဲ့သံစဉ်
မင်းအပြုံးကို အခါခါ မြင်ယောင်လို့
တမ်းတခါ စိတ်အားငယ်စဉ်
အချိန်တွေလည်း ပြောင်းလို့
ရာသီတွေလည်းဟောင်းကာ
နှစ်ကုန်လို့ နှစ်သစ်ကူးပြီ
လွမ်းဖို့တောင် ခွန်အားမရှိဘူး ဒီနှစ်ကူး။

Saturday, January 17, 2009

လူတစ်ယောက်ရဲ့ ဘ၀မှာ ဘာအလိုအပ်ဆုံးလဲ

ကျွန်တော် စိတ်ကူးပေါက်လို့နဲ့လျှောက်ရေးနေတာပါ။
ကျွန်တော့်အမြင်ကတော့ စိတ်ချမ်းချမ်းသာသာ အေးအေးချမ်းချမ်းလေးပဲ ဘ၀ကိုနေချင်တယ်။ ကိုယ့်ဘ၀ကို တကယ်နားလည် မယ့် ကိုယ့် အမေ ၊ ကိုယ့် အဖေ နဲ့ အတူပေါ့ဗျာ။ ပြောရရင် ကျွန်တော် ဒီမှာနေရတာ တကယ်မောနေပါပြီ။

တစ်နေ့ တစ်နေ့ ဗျာ အလုပ်နဲ့ အိမ် ၊ အိမ်နဲ့ အလုပ် ဒါပါပဲ။
ပြန်လာရင် လည်း ကျွန်တော့်ကို အမြဲ ဆူနေကြအမတော့ ရှိတယ်။
နေရတာ မပျော်ဘူးဗျာ။

တစ်ခါတစ်လေ နေမကောင်းရင်တောင်မှ ဆေးခန်းသွားဖို့ ကျွန်တော် တော်တော်စဉ်းစားရတဲ့ ပြသာနာပေါ့ ။ ပိုက်ဆံအိတ်ထဲကပိုက်ဆံကို လကုန်ထိလောက်ဖို့ ၊ ph bill ပေးဖို့ ၊ mrt ခပေးဖို့ ၊ အိမ်လခပေးဖို့ နဲ့ တစ်လတစ်လ လုံးလည်ချာလည်ကို လိုက်နေတော့ တာပါပဲ ဗျာ။

သူများတွေ ထင်ရင် ကျွန်တော်တို့ ဒီမှာ ပိုက်ဆံတွေစုမိပြီး တော်တော်အဆင်ပြေနေပြီပေါ့ ။
ပြောရရင် အရာရာတိုင်းက အထင်နဲ့ အမြင် နဲ့ တကယ့်ဖြစ်ရပ်တွေက တစ်ခြားစီပါပဲဗျာ။

အရာရာတိုင်းကတော့ အဆင်ပြေဖို့ အချိန်တစ်ခုတော့လိုမယ်ထင် ပါတယ်လေ။
ကျွန်တော် လည်း ဒီဘလော့ကိုတင်နေရင်းနဲ့ပဲ အိမ်ကိုလွမ်းတာနဲ့ ငိုလိုက်သေးတယ်။
ရုံးက လူတွေကို အမြဲ ပြုံး ပြနေရတာနေ့တိုင်း ကျွန်တော့် job confirm မဖြစ်သေးလို့ပေါ့ ။
ကျွန်တော်ခုတော့ တစ်ယောက်ထဲ အားရပါးရငိုလိုက်တယ်။

ကျွန်တော်ရဲ့ ခံစားချက်အေ၇းအသားများ ကို ဖတ်ရသော သူများ စိတ်ဆိုးစိတ်ပျက်မှုများ ဖြစ်လာရင် ခွင့်လွှတ်ပါဗျာ။

ကျွန်တော်ခုတလော နည်းနည်းစိတ်လေနေလို့ပါ။