Wednesday, January 21, 2009

ဒီနှစ်ကူး

အပြုံးတစ်ချက်ကို လှည့်ကြည့်ပါဦး
ကျွန်တော်ချစ်လျှက်ပဲဆိုတာ
မင်းရင်မှာသိပါ
ဘယ်တော့မှ ပြောမထွက်ပေမဲ့
အလွမ်းကဗျာများ
ရင်ထဲမှာ သိမ်းဆည်းထားတတ်တဲ့
ကျွန်တော့် နှလုံးသားစာသားနဲ့သံစဉ်
မင်းအပြုံးကို အခါခါ မြင်ယောင်လို့
တမ်းတခါ စိတ်အားငယ်စဉ်
အချိန်တွေလည်း ပြောင်းလို့
ရာသီတွေလည်းဟောင်းကာ
နှစ်ကုန်လို့ နှစ်သစ်ကူးပြီ
လွမ်းဖို့တောင် ခွန်အားမရှိဘူး ဒီနှစ်ကူး။

No comments:

Post a Comment