Saturday, January 10, 2009

NTU MSC Application

ကျွန်တော်ဒီနေ့ Nayang Technological University မှ Normal MSc Application လျှောက်လွှာလေးကို ဘလော့မောင်နှမ များ ကိုမိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့လို ဆင့်ကာပူနိုင်ငံမှာ အလုပ်လုပ်နေရတဲ့ ညီအစ်ကို၊ မောင်နှမတွေအတွက် ကော၊ ရန်ကုန်မှာရှိတဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းတွေအား
လုံးအတွက်ရည်ရွယ်ပြီး ဒီဘလော့ကိုတင်ဖြစ်သွားတာပါ။











http://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Applyonline.aspx



ဒီ link မှာ ကျွန်တော်တို့ Online Application က 9 Jan မှ 25 Feb ထိဖွင့်တယ်။
Apply Online link ကိုနှိပ်ပြီး ကျွန်တော်တို့ နှစ်သက်ရာဘာသာရပ်ကိုလျှောက်ထားနိုင်တယ်။











ကျွန်တော်တို့ apply online link ကိုနှိပ်ရင် ဒီ page http://wis.ntu.edu.sg/webexe/owa/pgr$adm_main.notice

ကိုရောက်တယ် ။ ဒီ စာမျက်နှာမှာ Ok ကို click လုပ်ပြီး MSC application form ကို မိမိ ကြိုက်နှစ်သက်ရာ ဘာသာရပ်နဲ့ လျှော်ထားနိုင်တယ်။

http://wis.ntu.edu.sg/webexe/owa/pgr$adm_main.applformMain ဒီ စာမျက်နှာမှာ တော့ First Time application ကို ရွေး ပြီးတော့  ဆက်လျှောက် လို့ရတယ်။ ပထမဆုံးလျှောက်တဲ့ သူဆိုရင် Application No တစ်ခု ပေးလိမ့်မယ်။ Application No

ကိုတော့မှတ်ထားဖို့လို လိမ့်မယ်။ ကျွန်တော်တို့ Application form မှာလိုအပ်တာတဲ့ Personal particulars, Work Assignments essay and other qualification တွေ ဖြည့်ရတယ်။ လိုအပ်တဲ့ data တွေ မဖြည့် ပြီး မချင်း ကျွန်တော်တို့ အပေါ်က Link ကိုဝင်ပြီး Update Application form radio button ကိုေ၇ွးမိမိရဲ့ Application No ကိုရိုက်ပြီး လိုတဲ့ data တွေ ထပ်ဖြည့် ။










နောက်ဆုံး Page မှာ submit button တစ်ခုရှိတယ်။ အဲဒီ Submit ကို click လိုက်ရင် ကျွန်တော်တို့ ရဲ့ online application form က Nayang Technological University ကိုရောက်သွားလိမ့်မယ်။ ပြီးတော့ Acknowledgment slip page and Application form ကို ထုတ်ပေးလိမ့်မယ်။ အဲဒါကို ကျွန်တော်တို့ print ထုတ်ပြီးတော့ Application fee 21.40 S$ နှင့်အတူ ကျွန်တော်တို့ ရဲ့ ဘွဲ့လက်မှတ်၊ အမှတ်စာရင်း ၊ Grade တွေကို တစ်ခါတည်း

Graduate Studies Office (Coursework applications)
Nanyang Technological University
Student Services Centre, Level 3
42 Nanyang Avenue

Singapore 639815

ဒီလိပ်စာအတိုင်းလိပ်မူပြီး 27 Feb အမှီလျှောက်ထားနိုင်ပါတယ်။

ဒါနဲ့ Application Fee ကိုဘယ်လိုပေးရမလဲ ?

ကျွန်တော်တို့ Online application form ကို Submit လုပ်ပြီးရင် Website ကနေ ထွက်လာတဲ့ application form မှာ Bill Reference No ပါတယ်။ အဲဒီ Bill Reference No ကို ကျွန်တော် က POSB ATM မှာ POSB bank card နဲ့ ငွေသွင်းလို့ရ တယ်။








လိုအပ်တဲ့ Supporting Documents တွေကဘာတွေလဲ ?

  1. Application Form
  2. Application Fee(Cheque/bankdraft/receipt of payment by cash or NETS)
  3. Passport-sized photograhs(one affixed on application form and one pasted on Acknowledgement Slips)
  4. NRIC/Passport/Citizenship Certificate/Employment Pass/Work Permit/Dependent Pass
  5. Degree scroll/University transcripts or results silps /TOEFL/GMAT
  6. Document proof of present and previous
  7. Any other relevant documents
  8. Acknowledgement slip

မှတ်ချက်။ မိမိတွင်ရှိသော အချက်အလက်များကို စုံအောင်မဖြည့်ပြီးခင် submit button ကို မနှိပ်ပါနှင့်။ မိမိအချက်အလက် မပြည့်စုံခင် Submit button နှိပ်မိပါက မိမိ online application form သည် NTU သို့ရောက်ရှိပြီး ဖြစ်ပါသဖြင့် Application failure ဖြစ်တတ်ပါသည်။


မရှင်းလင်းသောအချက်အလက်များနှင့် အသေးစိတ်သိလိုသည်များ ကို theingemyint1@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Application form & Supporting Docuemnt နောက်ဆုံးရောက်အောင်ပို့ ရမယ့်ရက်က ၂၇ Feb နော် (for Communicaiton Software & Network subject).

No comments:

Post a Comment