Saturday, January 17, 2009

လူတစ်ယောက်ရဲ့ ဘ၀မှာ ဘာအလိုအပ်ဆုံးလဲ

ကျွန်တော် စိတ်ကူးပေါက်လို့နဲ့လျှောက်ရေးနေတာပါ။
ကျွန်တော့်အမြင်ကတော့ စိတ်ချမ်းချမ်းသာသာ အေးအေးချမ်းချမ်းလေးပဲ ဘ၀ကိုနေချင်တယ်။ ကိုယ့်ဘ၀ကို တကယ်နားလည် မယ့် ကိုယ့် အမေ ၊ ကိုယ့် အဖေ နဲ့ အတူပေါ့ဗျာ။ ပြောရရင် ကျွန်တော် ဒီမှာနေရတာ တကယ်မောနေပါပြီ။

တစ်နေ့ တစ်နေ့ ဗျာ အလုပ်နဲ့ အိမ် ၊ အိမ်နဲ့ အလုပ် ဒါပါပဲ။
ပြန်လာရင် လည်း ကျွန်တော့်ကို အမြဲ ဆူနေကြအမတော့ ရှိတယ်။
နေရတာ မပျော်ဘူးဗျာ။

တစ်ခါတစ်လေ နေမကောင်းရင်တောင်မှ ဆေးခန်းသွားဖို့ ကျွန်တော် တော်တော်စဉ်းစားရတဲ့ ပြသာနာပေါ့ ။ ပိုက်ဆံအိတ်ထဲကပိုက်ဆံကို လကုန်ထိလောက်ဖို့ ၊ ph bill ပေးဖို့ ၊ mrt ခပေးဖို့ ၊ အိမ်လခပေးဖို့ နဲ့ တစ်လတစ်လ လုံးလည်ချာလည်ကို လိုက်နေတော့ တာပါပဲ ဗျာ။

သူများတွေ ထင်ရင် ကျွန်တော်တို့ ဒီမှာ ပိုက်ဆံတွေစုမိပြီး တော်တော်အဆင်ပြေနေပြီပေါ့ ။
ပြောရရင် အရာရာတိုင်းက အထင်နဲ့ အမြင် နဲ့ တကယ့်ဖြစ်ရပ်တွေက တစ်ခြားစီပါပဲဗျာ။

အရာရာတိုင်းကတော့ အဆင်ပြေဖို့ အချိန်တစ်ခုတော့လိုမယ်ထင် ပါတယ်လေ။
ကျွန်တော် လည်း ဒီဘလော့ကိုတင်နေရင်းနဲ့ပဲ အိမ်ကိုလွမ်းတာနဲ့ ငိုလိုက်သေးတယ်။
ရုံးက လူတွေကို အမြဲ ပြုံး ပြနေရတာနေ့တိုင်း ကျွန်တော့် job confirm မဖြစ်သေးလို့ပေါ့ ။
ကျွန်တော်ခုတော့ တစ်ယောက်ထဲ အားရပါးရငိုလိုက်တယ်။

ကျွန်တော်ရဲ့ ခံစားချက်အေ၇းအသားများ ကို ဖတ်ရသော သူများ စိတ်ဆိုးစိတ်ပျက်မှုများ ဖြစ်လာရင် ခွင့်လွှတ်ပါဗျာ။

ကျွန်တော်ခုတလော နည်းနည်းစိတ်လေနေလို့ပါ။

1 comment:

  1. ဘ၀ ဆိုတာ ဒီလိုပါပဲ အားလုံး အဆင်ပြေတယ်ဆိုတာတော့ ဘယ်လူသားမှ မရှိပါဘူး။ အားလုံးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါစေလို့....

    ဒီပိုစ့်လေး ဖတ်ရတာ ကိုယ်မိသားစု၊ တိုင်းပြည်နဲ့ ဝေးနေရတဲ့ လူတိုင်း ခံစားကြရမှာပါ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete