Monday, January 12, 2009

ခံစားချက်

ကျွန်တော့်အချစ်မှာ ကဗျာတွေမပါဘူး
ကျွန်တော့်အချစ်မှာ စာကားလုံးလှလှတွေမပါဘူး
ကျွန်တော့်အချစ်မှာ ပရိယာယ်တွေမရှိခဲ့ဘူး
ကျွန်တော် ရိုးရိုးသားသားနဲ့ ပထမဆုံးချစ်ခဲ့တဲ့တစ်ယောက်
ကျွန်တော် အရင်က သူ့ကိုချစ်တယ်
ကျွန်တော် အရင်က သူ့ကိုလည်းမုန်းတယ်။
ပြောင်းလဲမှုတိုင်းရဲ့ နောက်ကွယ်မှာ
စွဲချက်တွေရှိမယ်ဆိုရင်လေ
တစ်ခါလောက်ဖြေစေချင်ပါတယ် ရှင်။
မင်းရဲ့ အတွေးတွေထဲမှာ
ကျွန်တော်ကောရှိသေးလားပြော
ညအိပ်ရာဝင်တိုင်း
ယောင်ယောင်ပြီးမက်တဲ့
အိမ်မက်ထဲမှာ သူပါနေကျမို့ ။
ကျွန်တော်အိမ်မက်ကနိုးလားတိုင်း
အမြဲမျက်ရည် ကျတတ်တဲ့ သူတစ်ယောက်မဖြစ်ချင်လို့
အလုပ်တွေကိုပဲ ဖိလုပ်လာခဲ့တာ ............................
ဒီလိုနဲ့
ရင်ထဲက စကား နားသောတဆင်ကြပါဗျာ :)
ကိုမုန်းလို့ ယူလည်းမပျော်ပြီ
အချစ်ကို စစ်ကာပြရင်ဖြင့်
ကျွန်မစိတ်ထဲမှာ လည်း သူတစ်ယောက်ပဲရှိတာမို့
အလုပ်တွေကိုဖိကာ လုပ်ပေမဲ့
ယောင်လို့တောင် ကျွန်တော့်ဘ၀ထဲကပျောက်မသွားဘူး
ပျော်ရွင်မှုဆိုတဲ့ ဘ၀ တစ်ခါရခဲ့လို့
တစ်သက်လုံး မေ့မရအောင်လုပ်လေသူရေ
ကျွန်တော်တော့ ရူးပြီ ။

No comments:

Post a Comment